Pages

Tuesday, June 22, 2010

ဗီဒီယိုဖိုင်တွေကို MP3 ဖိုင်တွေအဖြစ် စစ်ထုတ်ပေးမယ့် ဆော့ဖ်ဝ



သုံးရတာ အရမ်းလွယ်တဲ့ MP3 Extractor ဆော့ဖ်ဝဲလေးဖြစ်ပါတယ်။ 32 kbps ကနေ 320 kbps
အတွင်း လိုသလို Bitrate ကို ချိန်ယူနိုင်တယ်။ အရည်အသွေးကိုလည်း စိတ်ကြိုက်
ထိန်းချုပ်ခွင့်ပေးထားတယ်။ AVI, MOV, MPG, MPEG, DAT, MP4, ASF, WMA, WMV
ဖိုင်တွေကနေ MP3 ဖိုင်တွေအဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးနိုင်ပါတယ်။ Portable
Music Player တစ်ခုခုမှာ ထည့်သွင်းနားဆင်ဖို့ ဗီစီဒီအခွေကနေ MP3
သီချင်းဖိုင်တွေအဖြစ် မပြောင်းလဲတတ်လို့ ဆိုင်မှာသွားပြီး
သီချင်းသွင်းရတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းပါ။
ဒီဆော့ဖ်ဝဲလေးနဲ့ ကိုယ်တိုင် ကြိုက်သလောက်သာ ဖော်မက်ပြောင်းပြီး
နားဆင်ပေတော့ဗျာ။ (ဗီစီဒီအခွေထဲက ဗီဒီယိုဖိုင်တွေကို MPEGAV ဖိုလ်ဒါထဲမှာ
DAT ဖိုင်တွေအဖြစ် တွေ့နိုင်ပါတယ်။ နာမည်အားဖြင့် AVSEQ01.DAT,
AVSEQ02.DAT စသဖြင့် တွေ့ရသလို တစ်ခါတစ်ရံမှာ MUSIC01.DAT, MUSIC02.DAT
စသဖြင့်လည်း တွေ့ရတယ်။ ဒါပေမယ့် အဲဒီဗီဒီယိုဖိုင်တွေကို ဘယ်သူမဆို
အမည်ပြောင်းထားနိုင်တဲ့အတွက် အဲဒီနာမည်မျိုးမတွေ့ရင် .DAT နောက်ဆက်ပါတဲ့
ဗီဒီယိုဖိုင်တွေကိုသာ ရွေးယူဖို့ပါပဲ။ ဗီစီဒီကနေ MP3 ပြောင်းချင်ရင် အဲဒီ
DAT ဗီဒီယိုဖိုင်တွေကို ရွေးပေးရမှာပါ။) Freeware ဖြစ်ပြီး silent
ဗားရှင်းကို တင်ပေးထားတဲ့အတွက် install လုပ်ရတာလည်း အဆင်ပြေမှာပါ။ .

No comments:

Post a Comment