ဝင်းဒိုးစနစ်မှာ အရေးပါတဲ့ tool တွေရဲ့ တည်နေရာနဲ့ Run box Commands | |||
Tool | Location | Use | Keyword for Run Box |
About Windows | C:WINDOWSsystem32winver.exe | ကွန်ပျူတာမှာ install လုပ်ထားတဲ့ ၀င်းဒိုးစနစ်ရဲ့ ဗားရှင်း (version) အမှတ်ကို ဖော်ပြပေးပါတယ်။ | winver |
Command Prompt | C:WINDOWSsystem32cmd.exe | MS-DOS ကွန်ပျူတာစနစ်ရဲ့ အသက်ဖြစ်ခဲ့ပြီး အခုအခါမှာ ပိုမိုများပြားတဲ့ စနစ်နဲ့ ကွန်ရက်ဆိုင်ရာ command တွေကို ရိုက်ထည့်ညွှန်ကြားနိုင်တဲ့ Command Prompt ဖြစ်ပါတယ်။ | cmd |
Event Viewer | C:WINDOWSsystem32Eventvwr.msc | ကွန်ပျူတာရဲ့ system, security နဲ့ ပရိုဂရမ်အသုံးပြုမှုတို့ကို မှတ်တမ်းတင်ထားတဲ့ event log ဖိုင်တွေကို ကြည့်ရှုနိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်။ စနစ်ရဲ့လုံးခြုံရေးဆိုင်ရာမှတ် ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲဆိုင်ရာ ပြဿနာတွေအတွက် အချက်အလက်တွေ စုစည်းကြည့်ရှုပြီး စီမံခန့်ခွဲနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ | eventvwr |
Internet Options | C:WINDOWSsystem32inetcpl.cpl | အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေအတွက်ပါ။ | inetcpl.cpl |
Internet Portocol Configuration | C:WINDOWSsystem32ipconfig.exe | Command Prompt ကနေတစ်ဆင့် အသုံးပြုနိုင်တဲ့ tool ဖြစ်ပြီး IP address ကို refresh လုပ်တာတွေ၊ ပြင်ဆင်တာတွေ လုပ်နိုင်ပါတယ်။ Adapter အားလုံးအတွက် Subnet mask, Default Gateway, TCP/IP, DHCP, DNS ချိန်ညှိမှုတွေကို ဖော်ပြပေးပါတယ်။ | cmd /k ipconfig |
Network Diagnostics | C:WINDOWSsystem32netsh.exe diag gui | ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ ကွန်ရက်ဆက်သွယ်မှုဆိုင်ရာ အချက်အလက်တွေကို scan လုပ်ပေးပါတယ်။ Command Prompt ကနေ အသုံးပြုနိုင်ပြီး ကွန်ရက်ဆိုင်ရာ သီးခြား command တွေ အမြောက်အများ ပါဝင်ပါတယ်။ | cmd /k netsh |
Programs | C:WINDOWSsystem32appwiz.cpl | "Add or Remove Progarms and Windows Components" feature ဖြစ်ပါတယ်။ | appwiz.cpl |
Registry Editor | C:WINDOWSregedit.exe | Windows Registery ကို လိုအပ်သလို ပြုပြင်ချိန်ညှိနိုင်တဲ့ Registery Editor ဖြစ်ပါတယ်။ | regedit |
Security Center | C:WINDOWSsystem32wscui.cpl | Automatic Updates, Windows Firewall နဲ့ Internet Properties ကို ထိန်းချုပ်နိုင်တဲ့ Control Panel extension ဖြစ်ပါတယ်။ | wscui.cpl |
System Information | C:Program FilesCommon FilesMicrosoft SharedMSInfomsinfo32.exe | စနစ်တစ်ခုလုံးရဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲဆိုင်ရာ အချက်အလက်တွေကို အသေးစိတ်စုစည်းပေးပါတယ်။ | msinfo32 |
System Properties | C:WINDOWSsystem32sysdm.cpl | စနစ်ရဲ့ အခြေခံချိန်ညှိချက်တွေကို ကြည့်ရှုနိုင်ပြီး ဟာ့ဒ်ဝဲ၊ ဂရပ်ဖစ်နဲ့ ကွန်ပျူတာစွမ်းဆောင်ရည်တစ်ချို့ မြှင့်တင်ယူနိုင်တဲ့ GUI တစ်ခု ဖြစ်ပါတယ်။ | sysdm.cpl |
System Restore | C: | အသုံးပြုသူကိုယ်တိုင်ဖြစ်ဖြစ်၊ ဆော့ဖ်ဝဲတစ်ခုခုကဖြစ်ဖြစ် ဖန်တီးပေးထားတဲ့ restore point လို့ခေါ်တဲ့ စနစ်တစ်ခုလုံးရဲ့ မူလအခြေအနေတစ်ခုကို ပြန်လည်ရယူပေးတဲ့ tool ဖြစ်ပါတယ်။ (Software Installation နဲ့ Registery Setting တို့ မှားယွင်းမှုတွေကြုံတဲ့အခါ restore point အဖြစ် မှတ်တမ်းတင်ထားတဲ့ နဂိုအကောင်းပကတိအခြေအနေဆီ restore လုပ်ပေးပါတယ်။) | C: |
Task Manager | C:WINDOWSsystem32taskmgr.exe | လက်ရှိစနစ်မှာ run နေတဲ့ task နဲ့ process တွေကို ပိတ်ပစ်တာတွေ ပြန်ဖွင့်တာတွေလုပ်နိုင်တယ်။ Memory, CPU နဲ့ ကွန်ရက်အသုံးပြုမှု အချက်အလက်တွေကိုလည်း ဖော်ပြပေးပါတယ်။. |
သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို...... တဏှာနဲ့ချစ်ရင် စိတ်ပူလောင်ရတယ်။ သဒ္ဒါ၊မေတ္တာနဲ့ချစ်ရင် စိတ်အေးချမ်းရတယ်။ ဒေါသနဲ့မုန်းရင် စိတ်ဆင်းရဲရတယ်။ သတိဥာဏ်နဲ့မုန်းရင် စိတ်ချမ်းသာရတယ်။ တွေ့ကြုံဆုံစည်းလာသမျှ သက်ရှိသက်မဲ့ အာရုံတိုင်းကို ငါနဲ့ သက်ဆိုင်တဲ့ ငါဥစ္စာလို့ စွဲလမ်း သိမ်းပိုက်ခဲ့မိလို့ ငါ့စိတ်တွေပူလောင်ခဲ့ရတာပါ။ ငါ့ဆိုတဲ့ နှောင်ကြိုးတွေအားလုံးကို ဖြတ်တောက်ပစ်နိုင်မယ်ဆိုရင်တော့ ငါ့စိတ်တွေ အေးချမ်းနေမှာပါပဲ။ ငါ့စိတ်တွေ အမြဲတမ်းအေးချမ်းနေဖို့ ငါ့ကို မချစ်ပါနဲ့တော့လားကွယ်.....။
Pages
▼
No comments:
Post a Comment