Monday, July 5, 2010

မိမိစာမျက်နှာ Background တွင် Wall Paper Size တင်ခြင်း

မိမိစာမျက်နှာ Background တွင် Wall Paper Size တင်ခြင်း



လွမ်းက Home Page လှလှပြင်ကြရအောင် မှာ နောက်ခံ Backgrond ပြောင်းတာနဲ့  ပတ်သက်ပြီး ရေးသားခဲ့ပြီး ဖြစ်ပါတယ်…


ယခု နောက်ခံကို မိမိဓါတ်ပုံတင်လို၍ဖြစ်စေ၊ Wallpaper Size Background ပြောင်းလို၍ဖြစ်စေ မည်သို့  HTML Code ရေးရသည်ကို ရှင်းပြမှာဖြစ်ပါတယ်…


မရှင်းပြခင် Resolution အကြောင်းလေးကို အနည်းငယ်ရှင်းပြလိုပါတယ်…


Resolution determines the amount of information a monitor can display.


Resolution is measured by the number of horizontal and vertical pixels.


ဒါကြောင့် လွမ်းတို့ ရဲ့ Monitor Resolution ကို ပြောင်းလို့ ရပါတယ်…


မိမိ Monitor ပေါ်မှာ Mouse Right Click လုပ်ပြီး Pop-up Menu ပေါ်လာတဲ့အခါ Properties ကို ရွေးရင် ခုလို Display Properties Dialog Box ပေါ်လာမှာပါ…


Setting Tab ကို Click လုပ်ကြည့်ရင် Screen Resolution ကို တွေ့ ရမှာပါ…


Resolution

Resolution ပြောင်းပေးလို့  ရပါတယ်… လွမ်း နမူနာပြထားတဲ့ Monitor Screen Resolution က 1280 by 800 pixels အများဆုံးတင်ထားတာပါ…


မိမိ Monitor ပေါ်မူတည်ပြီး 640x480 pixels, 800x600 pixels, 1024x768 pixels, 1280x1024 pixels…………… စသဖြင့် ပြောင်းလို့  ရပါတယ်…


Lower resolutions display larger images so you can see information more clearly.


Higher resolutions display smaller images so you can display more information at once.


ဒီတော့ Background မှာ ပုံအပြည့်ထည့်ချင်ရင် Background Wallpaper Size က အနည်းဆုံး 1024x768 pixels ရှိရပါမယ်…


Background ပုံက 1024x768 pixels ရှိတယ်ဆိုပါစို့  …


ဒါပေမဲ့ သုံးတဲ့သူရဲ့ Monitor ရဲ့ Resolution က 1280x1024 pixels ဖြစ်နေရင်တော့ ဘေးတွေမှာ နေရာလွတ်တွေ ပေါ်နေမှာဖြစ်ပါတယ်…


သုံးတဲ့သူရဲ့ Monitor Resolution က 800x600 pixels ဖြစ်နေရင်တော့ ပုံက အနီးကပ် Zoom ဆွဲထားသလို အပြည့်ပေါ်နေမှာပါ…



နမူနာပုံ တစ်ခု စတင်ထည့်ကြည့်ပါမယ်…


၁။ Google Image ရဲ့ Search မှာ Wallpaper လို့ ရိုက်ပြီး ပုံတွေကို ရှာနိုင်ပါတယ်…




ပုံရဲ့ Code ကို အရင် ရယူပါတယ်…


http://www.yourfilebin.com/files/images/4ac9939f473cb1600x1200-metrobits-wallpaper-prague-2.jpg


လွမ်းယူတဲ့ Wallpaper Size က 1600x1200 pixels လို့ ရေးထားတာတွေ့ မှာပါ…



၂။ Background Code ကို ရေးပါမယ်…



body {


background-image: url(http://www.yourfilebin.com/files/images/4ac9939f473cb1600x1200-metrobits-wallpaper-prague-2.jpg);


background-color:#cccccc;


background-position:Center Center;


background-attachment: fixed;


background-repeat: no-repeat;


}



လွမ်း အရင်က ရေးတဲ့ Code နဲ့  ကွာခြားချက်က Wallpaper ဖြစ်တဲ့အတွက် Background-repeat က no-repeat ဖြစ်ရပါမယ်…
Background-color က လွမ်းတို့ ရဲ့ Wallpaper Size က Monitor Resolution ထက်ငယ်နေရင်
လွတ်နေတဲ့နေရာမှာ ပေါ်မဲ့အရောင်ပါ…



၃။ Background Code ကို ကူးပြီး My Page>>>Appearance>>>Advanced မှာ ထည့်ပေးရမှာ ဖြစ်ပါတယ်…




ထည့်ထားသောပုံရဲ့ အရောင်ကို ကြည့်ပြီး My Page>>>Appearance>>>All Options က Text Color, Link Color, Network Name Color တို့ ကို ပြောင်းပေးသင့်ပါတယ်…

microsoft office 2003 portable

ဒီနေ့တော့ မရှိသေးတဲ့ သူငယ်ချင်းတို့ တွက် microsoft office 2003 portable လေးပါ..ဖိုင် ဆိုဒ်ကတော့ ၃၉ mb
ရှိပါတယ်..ကိုသုံးချင်တဲ့ စက်မှာ ရမ်းထားတာ မရှိရင် အလွယ်တကူ လေး flash drive လေးနဲ့ ထည့် ပြီး သုံး
လို့ရပါတယ်ဗျာ..ခု ပေးထားတဲ့ rar ဖိုင်လေးကို ဖြေပြီး တခါထဲ သုံးလို့ရပါတယ်..ရမ်းနေရရင် ကြာတာပေါ့
ပုံလေး စမ်းပေးထားတာ..






အဆင်ပြေတဲ့နေရာကနေသာ ဒေါင်းယူလိုက်ပါ..


Mediafire or ifile.it or hotfile

Hacking စိတ်ဝင်စားသူများအတွက် USB thief 5.4

Hacking စိတ်ဝင်စားသူတွေအတွက် လက်ဆောင် တစ်ခုပေးချင်တယ်။ သိပြီးသားလူတွေလည်းပါပါလိမ့်မယ်
။ အားစိုက်ထုတ်စရာ မလိုပဲ သူများရဲ့ security တွေလိုချင်သူတွေအတွက် တော်တော်ကို မိုက်ပါတယ်။ USB thief တဲ့

Image Hosting by Picoodle.com
USB(flash drive) ကို ကွန်ပျူတာမှာ ထိုးလိုက်ရုံနဲ့ သူ့ရဲ့ လက်ရှိသုံးနေတဲ့ windows user password, Internet History တွေ Video ကြည့်ထားတဲ့ မှတ်တမ်းတွေ၊ အများကြီးဗျာ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းတွေအားလုံး USB drive ထဲ ပါလာပါလိမ့်မယ်။ စိတ်ဝင်စားစရာ ကောင်းမှာပါနော်။ အသေးစိတ်ပြောပြပါ့မယ်


အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။ Windows XP , Vista နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ်။

Mirror 1 Fileden : Download USB thief 5.4


Mirror 1 Zshare : Download USB thief 5.4

rar ဖိုင်နဲ့ပါ ။ ဇစ်ဖြည်လိုက်ရင် USB thief ဆိုတဲ့ ဖိုဒါထဲမှာ Folder သုံးခုနဲ့ file နှစ်ခု ရှိပါတယ်။ အဲဒီ ၅ ခုလုံးကို မိမိရဲ့ Flash drive ထဲ ကူးထည့်လိုက်ပါ။ ဘာဖိုဒါထဲမှ ထပ်မထည့်ပါနဲ့။ (ဥပမာ – မိမိကွန်ပျူတာမှာ flash drive တပ်လိုက်ရင် Drive J: အဖြစ်ပြတယ် ဆိုပါစို့။ Drive J: ကို ဖွင့်လိုက်တာနဲ့ ဖိုင် ၅ ခုလုံး မြင်ရပါမယ်။ ကလေးပါ နားလည်အောင် ပြောလိုက်တာပါ) ပြီးရင် ဖိုင် ၅ ခုလုံးကို Hidden ပေးထားနိုင်ပါတယ်။ (မပေးထားလည်းရပါတယ်)

ကူးပြီးရင် USB drive ကို ဖြုတ် ။ ကွန်ပျူတာ တစ်လုံးမှာ သွားထိုးကြည့်ပါ။ (မိမိကွန်ပျူတာမှာပဲ ဖြစ်ဖြစ်ပေါ့) အောက်ပါအတိုင်း ပေါ်လာပါတယ်။ (Autorun မပိတ်ထားဘူး ဆိုရင်ပေါ့)

ကျနော် အခုပြထားတဲ့ ပုံစံအတိုင်း Ok ပေးလိုက်ရုံနဲ့ မိမိရဲ့ Windows user password က စလို့ ကွန်ပျူတာသုံးနေတဲ့ History တော်တော်များများ ပါသွားပါပြီ။ ဘာတွေပါသွားလဲ သိချင်ရင် Dump ဆိုတဲ့ ဖိုဒါကို ဖွင့်ကြည့်လိုက်ပါ။ ဒီလို USB ထိုးခဲ့သမျှ ကွန်ပျူတာတွေရဲ့ Computer name နဲ့ ဖိုဒါ မြင်ရပါမယ်။ (ကွန်ပျူတာတစ်လုံးကို ဖိုဒါတစ်ခု နဲ့ မြင်ရပါလိမ့်မယ်။ကျနော် ကွန်ပျူတာ သုံးလုံးမှာ ထိုးခဲ့တာပါ)

တစ်ခုကို ဖွင့်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါတယ်။ ( ၁၉ ခု ပြပေးနိုင်ပါတယ် )

Networkpasswords ဆိုတာကို နှိပ်လိုက်ရင် windows user passwords ကို မြင်ရပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်လေ့လာလိုက်နော်။ ဖိုင် ၅ ခုလုံးကို Hidden ပေးထားလိုက်ရင်။ ဒါတွေ ရှိနေတာ ဘယ်သူမှ မသိတော့ပါဘူး။ တော်တော်များများက Hidden files တွေကို Show မပေးထားကြဘူးလေ။ အဲလောက်ဆို ကလိ ချင်တဲ့ လူတွေ သိလောက်ပါပြီနော်။ ဘယ်သူမှ စိတ်အနှောင့် အယှက်ဖြစ်အောင် ကျနော့်ပို့စ်က ဒုက္ခ မဖြစ်စေဘူးလို့ ယုံကြည်ပါတယ်ဗျာ။ Hacking ၀ါသနာပါတဲ့ Beginner တွေ အတွက်ပါ။

Xp Password ကို memory stick နဲ့ကျော်မယ်

USB flash drive နဲ့ Windows Password တွေ ကို
ကျော်တာပါ။ မူလ password ကိုထိခိုက်မှုမရှိပဲ Windows Admin ထဲကို
ဝင်လို့ရပါတယ်။ ခါတိုင်းဆိုရင်တော့ Window XP password ကိုကျော်မယ်ဆိုရင်
Safe mode ကနေ ပြီးတော့ ဝင်ဖျက်ရတယ်။
ဒီကောင်လေး ကတော့ safe mode ထဲကိုဝင်စရာမလိုပါဘူး။

ကဲ ပြောနေကြာတယ် စမယ်။.
၁) ဘာမှမရှိတဲ့ USB flash Drive တစ်ခုလိုပါမယ်။
သေသေချာချာ Format ချရပါ့မယ်။ ဘာဖိုင်မှ မရှိမှ အဆင်ပြေပါမယ်။
USB ကို Format ချမယ်ဆိုလျှင်ပေါ့ ဗျာ..ဒီ Software လေးကို သုံးရင်ပိုသေချာပါတယ်။
သုံပုံသုံးနည်းကတော့ ဖိုင်ထဲ က အပြာရောင် Setup ကို Run လိုက်ပါ ကျန်တာ ကတော့
ပုံပါအတိုင်းဆက်လုပ်သွားပါ။



ဒီတစ်ခါ အတိုချုပ်ပေးလိုက်တယ်...
အောက်ကနေရာလေးတွေမှာ ဖိုင်ကို အဆင်သင့်ယူလို့ရပါတယ်။

ဒီနေရာမှာ Download လုပ်ယူပါ။

အပေါ်ကနေ Down မရရင် ဒီနေရာကနေ Download လည်းရပါတယ်။

အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်...Zip ဖိုင်လေးကိုဒေါင်းပြီးလျှင်တော့ စောစော က လူကြီးမင် Format ချထားတဲ့ USB flash drive လေးထဲမှာ Zip ကိုဖြေလိုက်ပါ။

ပြီးရင် တော့ ...ဖိုင်အားလုံး ကို Select လုပ်လိုက်ပါ ပြီးရင် right click ခေါက်လိုက်ပါ properties >>> ထဲရောက်ရင်တော့ General ထဲ က Hidden ဆိုတာလေး ကို marked လေးပေးပြီး Ok နှိပ်လိုက်ပါဗျာ..ပြီးရင် USB
Flash Drive ထဲမှာ Right Click ခေါက်ပြီး Reflash လုပ်လိုက်ပါ.. ဖိုင်တွေ
အားလုံး Hidden ဖြစ်သွားပါလိမ့်မယ်။

အကယ်၍ လူကြီးမင်း ရဲ့ USB Flash Drive က Memory တွေ ပိုသေး သပါ့ ဆိုရင်လည်း တစ်ခြား ဖိုင်တွေ Software တွေကို Memory ရှိသလောက်ထပ်ထည့်ထားလို့ရပါသေးတယ်။

အားလုံးပြီးသွားရင်...လူကြီးမင်ရေ...Window XP
password ကို တော့ အေးဆေးပါပဲ။တစ်ခုတော့ ရှိတယ်ဗျ Windows မတတ်ခင်မှာ(
Dell အမျိုးအစားတွေကတော့ ) F12 ကိုနှိပ်ပြီ Device Menu ကနေ ရွေးပေးရတယ်
ဗျ...အဲလိုနှိပ်ပြီး USB Device ကိုရွေးပေးပြီး Enter
သာခေါက်လိုက်ပါ....
ဒီအတိုင်း အဆင့်ဆင့် သွားပါလိမ့်မယ်....
ပထမ သူ loading လုပ်နေချိန်မှာ Enter ခေါက်လိုက်ပါ
ဒီအတိုင်းပေါ်လာပါလိမ့်မယ်။


ာ။

ဆော့ဝဲလ်တွေစိတ်ဝင်စားသောသူတွေအတွက်ဆိုက်လေ

ဒီလင့်ကလေးကနေသွားလိုက်ပါ
ဆော့ဝဲလ်တွေကတော့အစုံပါဘဲ
ခေါင်စဉ်နဲ့ခွဲပေးထားပါတယ်
လေ့လာကြည့်ပါ
http://www.filetransit.com/category.php?id=1

Microsoft Security Essentials (antivirus)

Antivirus ကောင်းတာလေး တင်ပေးပါလို့ သူငယ်ချင်းတယောက်က လာပြောနေလို့ ဒီမှာပဲ ရှယ်ပေးလိုက်ပါတယ်..ဒီ Microsoft Security Essentials ကသုံးရတာလဲ အရမ်းလွယ်တယ်


သူ့ကို update တခါပေးထားပြီးရင်ဘာမှကိုကြည့်စရာကိုမလိုတော့ဘူး.ကို့စက်မှာ နက်ရှိနေရင်


ပိုတောင်ကောင်းတာပေါ့ဗျာ..သူ့ကိုတင်ချင်တယ်ဆို သူငယ်ချင်းတို့ သုံးနေတဲ့ ၀င်းဒိုးလေးက


Genuine ဖြစ်ဖို့ပဲလိုတယ်..၀င်းဒိုးတွေ တော်တော်များများလဲ ဖြစ်ပါတယ်..free ပေးထားပြီး


ကောင်းလဲ အရမ်းကောင်းပါတယ်..သူအလုပ်လုပ်မလုပ် ကျနော် အရင်က တင်ပေးတဲ့ ဗိုင်းရပ်


လေးကိုရေးပြီးစမ်းလို့လဲရပါတယ်..


ဒီအောက်မှာ ယူလိုက်ပါ ..(ကို့ ၀င်းဒိုးကိုမူတည်ပြီးဒေါင်းယူလိုက်ပါ xp vista window 7)


မူရင်း ဆိုဒ်ဒေါင်းလော့



မူရင်းဆိုဒ်ကနေ ဒေါင်းမရတဲ့ သူငယ်ချင်းတို့တွက် xp & window 7,vista အတွက်ကို
ဒီအောက်မှာ


ကျနော်ထပ်တင်ပေးထားပါတယ်..



For window XP


Mediafire or Ifile or rapidshare or hotfile




FOR window 7 and vista


Mediafire or Ifile or rapidshare or hotfile






ဒေါင်းလော့လင့်တွေက mediafire & ifle.it ဆိုက်တွေကတော့ သိပ်ကြာကြာမခံပါဘူး


Rapid & hotfile က ကျနော် အကောင့်ဝယ်ထားတာဆိုတော့ ဒေါင်းတတ်တဲ့သူများတွက်


အဆင်ပြေပါတယ်..

VCD စာတန်းထိုးနည်း (1)

စာတန်းထိုးဖို့အတွက် လိုအပ်တဲ့ Software တွေက Divxland Media Subtitler ပါ။ ပြီးတော့ VirtualDub ရယ်၊ Xvid Encoder ရယ်ပါ။ စုစုပေါင်း သုံးမျိုးပါ။ အကုန်လုံးဟာ Free ပေးတာဖြစ်ပြီး http://www.divxland.org/ မှာ ရနိုင်ပါတယ်။


စလုပ်ဖို့အတွက် Notepad ထဲမှာ Myanmar Font နဲ့ (Unicode Font သုံးမရပါ) သီချင်းစာသားတွေကို အဖြတ်လိုက် တကြောင်းချင်း ရိုက်ထည့်ရပါမယ်။ ပြီးရင် တစ်နေရာမှာ သိမ်းလိုက်ပါ။ နောက် Divxland Media Subtitler ကို ဖွင့်ပြီး စာသားထည့်မယ့် Video ဖိုင်ကို ဖွင့်ရပါတယ်။ ကျွန်တော်ကတော့ လိပ်ပြာ ၀ှက်တမ်း ဇာတ်ကားခွေထဲမှာပါတဲ့ ဗွီဒီယိုသီချင်းဖိုင်လေးနဲ့ စမ်းကြည့်ပါတယ်။ သူက MTV ပါ။ စာသားမပါတော့ စမ်းသပ်ဖို့ ကောင်းသွားတယ်။


ပြီးတော့ အစောက Notepad နဲ့ ရိုက်ထားတဲ့ စာသားဖိုင်လေးကို ဖွင့်ရပါတယ်။ ပြီးတဲ့အခါမှာ သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်၊ လွှတ်လိုက်လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါတယ်။ ပြီးသွားရင် ဖိုင်ကို သိမ်းရပါတယ်။ သူက Subtitle ဖိုင်လေး တစ်ဖိုင်ကို ထုတ်ပေးပါလိ့မ်မယ်။ ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို SubStation Alpha ကို ရွေးရပါတယ်။


ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ။ အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့၊ Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
နောက်ဆုံးမှာတော့ စာတန်းထိုးပြီးသား ဗွီဒီယိုသီချင်းတစ်ပုဒ်ကို အချိန်တိုလေးအတွင်းမှာ ဖန်တီးလို့ ရသွားပြီပေါ့။


လုပ်နည်း အသေးစိတ်ကို http://www.divxland.org/ မှာ လေ့လာလို့ရပါတယ်။ အခု software တွေနဲ့ လုပ်တာ တွေဟာ စာတန်းထိုးရုံ သက်သက်ဖြစ်ပြီး အသံအတိုင်း highlight လုပ်တာကိုတော့ လုပ်မရပါဘူး။ ပြီးတော့ Myanmar Font တွေနဲ့ ပတ်သတ်ပြီး နည်းနည်းပြဿနာ ရှိပါတယ်။ ရ မပေါ်တာတို့ ဘာတို့ ဖြစ်ပါတယ်။ ကျွန်တော် ရှာကြည့်သလောက်တော့ Gandamar-Letter1 Font နဲ့ကတော့ လုံးဝအဆင်အပြေဆုံးပါပဲ။