Tuesday, June 22, 2010


ကဲသူငယ်ချင်းတို့ Gmailကိုဖွင့်လိုက်လို့ loading

လုပ်တာနှေးနေလား..? ဒါဆို address bar မှာ

https://mail.google.com/mail? auth=DQAA etc.

ဒီလိုရိုက်ပြီးတော Enter ခေါက်လိုက်ပါ

Loading လုပ်တာမြန်လာပါလိမ့်မယ်....။

Windows Vista ကို Windows XP Style လိုသုံးချင်ရင်

Windows XP သုံးတုန်းကတော့ Windows Vista Styleလိုချင်တယ်..
ခု Windows Vista သုံးပြန်တော့လည်းWindows XP လွမ်းပြန်ရော...
ဪ အမျိုးမျိုးပဲ....အဲ့ဒါနဲ Windows XP Style
လိုမျိုးလုပ်လိုက်ပါတယ်....ဒီလိ
ုပေါ့....Desktop ရဲ့လွတ်နေတဲ့နေရာကို
Right Click လုပ်Parsonalize ကိုနိုပ်....


ပြီးရင် Windows Color and Appearance ကို နိုပ်...



Windows Standard ပဲဖြစ်ဖြစ် Windows Classic ရွေးလိုက်ပါ ..
Apply နိုပ် Please Wait ဆိုရင်လည်း Wait လိုက်ပေါ့ပြီးရင် ok ပေါ့....



Computer screen ပေါ်မှာ keyboard ထည့်ချင်ရင်


Win key+R(သို့) Start >All Prograamss >Accessoriess
Run ကိုသွားပါ....
Run dialog box ပေါ်လာရင် osk လို့ရိုက်ပြီး Enter ခေါက်
လိုက်ပါ....windows screenပေါ်မှာ keyboard ပေါ်လာပါလိမ့်ယ်....

ကွန်ပြူတာပိတ်ဖို့ shortcut icon လုပ်ကြမယ်

desktop ရဲ့လွတ်နေတဲ့နေရာကို right-click လုပ် New ကိုသွား ပြီးရင် Shortcut ကို click လိုက်ပါ..
အဲ့ဒီ Type Location of the Item ထဲမှာ ဒါလေးကို SHUTDOWN -s -t 01 ထည့်လိုက်ပါ...
ဒီလိုပုံလေးပေါ်မယ်(windows vista မှာ) ဘာပဲဖြစ်ဖြစ်လုပ်ပုံကတော့အတူတူ
ပါပဲ....


Next ကို click လိုက်ပါ..Shortcut ကို ကြိုက်တဲ့နာမည်ပေးပြီး Finish ကို click လိုက်ပါ....ကဲ
shut down မယ်ဆိုရင် အဲ့ဒီ Shortcut Icon ကို နိုပ်လိုက်ရင် ကွန်ပျူတာ ပိတ်သွားပါလိမ့်မယ်....

Take snapshots with new VLC player

သူငယ်ချင်းတို့ ဒီ နောက်ဆုံးထွက်တဲ့ VLC PLAYER လေးနဲ့ ကို သဘောကျရဲ့ VEDIO သို့ ကိုသဘောကျတဲ့


သီချင်း VCD ထဲက ပုံလေးတွေကို စိတ်တိုင်းကျ snapshots လေးများ စိတ်တိုင်းကျ လျှင်မြန်စွာ ရိုက်ယူ


လို့ရပါတယ်..အောက်မှာလဲ ပုံလေးနဲ့လုပ်ပြထားပါတယ်..အဆင်ပြေကျပါစေဗျာ..(ကောင်းတာလေးမို့


လက်တို့လိုက်တာပါ) :P ကျန်တာကတော့ ကိုယ့်ဘာကို ထပ်စမ်းကြည့်လို့ရပါတယ်..


အောက်က အဆင်ပြေတဲ့ လင့်လေးမှာ ဒေါင်းလိုက်ပါ...



မူရင်းဆိုဒ or media or ifile



ဒီပုံလေးကိုကြည့်ပြီး လုပ်ကြည့်လို့ရပါတယ်






ဒါကျနော်စမ်းရိုက်ထားတာပါ



Facebook တွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်

အစစ်အမှန်မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။
ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။
၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့
လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့်ပြီးဖြစ်သည်။
သို့သော် သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင်
တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့
ဖေ့ဘုတ်လ်အကောင့်အတွက် အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။

သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profile
information ဆီသွားပါ။
Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။
အဲဒီနောက်မှာ Privacy> Contact information ကို ပြန်သွားပါ။ သင့်
privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံးကိ ပြင်ဆင်ပါ။

၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။

တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန်
Account> Privacy
settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက် ‘Only
friends’ ဆိုတဲ့ ကို ရွေးချယ်ပါ။

၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့
ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။

သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့
ကောက်ကြောင်းပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက်
ဆက်သွယ်လာမှာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်
အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။

ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings
> Applications
and websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact Personalisation Pilot
Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင်ရဲ့
အောက်ဆုံးမှာ ပုံးလေဟာ အမှန်ခြစ်ထားတာမှာရှိတဲ့အတွက် အသေအချာ ပြုလုပ်ပါ။
ဘယ်ကြေငြာမှာမှ သင့် အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက
Account> Account Settings> Facebook Adaverts ဆီသွားပါ။ ‘no one’
on ‘Allow ads on platform pages to show my information to’ နှင့် ‘Show
my social actions in Facebook ads to’ တခုကို ရွေးချယ်ပါ။

၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။

အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။
အဲဒီ
feature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices
များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။

Account> Account settings > Account security သို့ သွားပါ။ ‘Would
you like to receive
notifications for logins from new devices’ ကို ကလစ်ပေးပြီးနောက်မှာ
အောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။

အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကို
မေးနေပါလိမ့်မယ်။
အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။ အခုချိန်မှာတော့
သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင်
အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ ထိုပုံစံမျိုး
ဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကို
ပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို အကြောင်းအကြားပါ။

၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။

ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို
ခိုယူသူတွေအတွက်
ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့
သတင်းအပြည့်အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့် ဘဏ် သို့မဟုတ်
credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့
မွေးရက်သက္ကရာဇ် အပြည့်အစုံထည့်သွားပြီးခဲ့လျှ
င်
ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information”
လုပ်ပါ။ အခြေခံ အကြောင်အရာအချက်လက်အောက်မှာ မွေး သက္ကရာဇ်တွင် လ သို့မဟုတ်
ရက် ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။

၆။ သင်သူငယ်ချင်များမှ သင်ကိုယ်သင် ကာကွယ်ပါ။


သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ

သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆ

အသုံးပြုလာနိုင်တယ်။


ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and
websites >

What your friends can share about

you သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ်ထားတာတွေကို ပြန်ဖြုတ်ပြီး

save ပြန်လုပ်ပါ။

၇။သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။

ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ မသုံးမိရန်
အသေအချာ

လုပ်ပါ။

ဒါကတော့ ‘Info’ section မှာ မထည့်ဖို့ အတွက်ပါပဲ။

EMailဖြင့် ဖိုင်ဆိုက်ကြီးကြီးတွေပို့ချင်ရင်...

အခုအောက်မှာပေးထားတဲ့ ဆိုဒ်လေးတွေ သုံးပြီး ပို့လို့ရနေပါပြီ။ လက်ရှိမှာ လူတော်တော်များများ သုံး ကြ တဲ့
DivShare or YouSendIt လို နောက်ထပ် ဆိုဒ်တွေ အများကြီးရှိပါတယ် ။ သုံးကြည့်လိုက်နော်......

http://www.yousendit.com/ (can send Max file Size 100 MB)

http://www.sendthisfile.com/ (need register)

http://www.gigasize.com/ (need register and Max file size 300 MB, 10 files max )

http://www.4shared.com/ (need register)

http://www.send6.com/

http://www.sendspace.com/ (Max file size 300 MB)

http://www.pando.com/ (Max file size 1GB)

http://drop.io/ (Max file size 100 MB)

မိမိကြိုက်နှစ်သက်ရာ လင့်လေးတွေသုံးပြီး ပို့ချင်တဲ့သူတွေဆီ ပို့လို့ရပါပြီ။ သိသလောက်လေးတွေကို မျှဝေပေးလိုက်တာပါ။ သူငယ်ချင်း အားလုံး သုံးရတာ အဆင်ပြေလွယ်ကူနိုင်ပါစေ........

CD ကို Software မသုံးဘဲ ကူးနည်း

CD ကို Software မသုံးဘဲ ကူးနည်း

အခု CD ကို Nero Express လို မျိုး CD burn တဲ့ software မသုံး ဘဲ my computer ထဲ က My disc(D) ထဲကနေတိုက်ရိုက်ကူးတဲ့နည်းလေြးေ
ပာပြ
ချင်ပါတယ် ။ သိပြီးတဲ့ သူတွေက လဲ ရှိမှာပါ ။မသိသေးတဲ့ သူငယ်ချင်းတွေကို
ပြောပြချင်လို့ပါ။


ပထမဆုံး ကူးချင်တဲ့ file , floder က ကိုယ့ိ ရဲ့ computer ထဲ မှာရှိရပါမယ်။
မရှိသေးရင် computer ထဲကူးလိုက်ပါ။ ပြီးရင(် CD , DVD) disk အလွတ်ကို
စက်ထဲထည့်လိုက်နော်။


ပြီးရင် ကိုယ် ကူးချင်တဲ့ file , floder ကို သွားပြီး Ctrl+C (Copy) လုပ် ပါ။


ပြီးရင် CD ကူးဖို့အတွက် My Disc(D) ထဲကိုပြန်သွားလိုက်ပါ


ပြီးရင် ကိုယ် ကူးမယ့်ဲ့ file , floder ကို သွားပြီး Ctrl+v (Past) လုပ်ပါ
ပြီးရင် မြင်နေရတဲ့ CD Writing Tasks အောက် က Write these files to CD
ကို click နှိုပ် လိုက်ပါ ။


Write these files to CD ကို click နှိုပ် လိုက်ရင် CD Writing Wizard (BOX)
ကျလာပါလိမ့်မယ်။ အဲဒါဆိုရင် စတင် CD ကူးနိုင်ပါပြီ။
My Disc နေရာမှာ CDရဲ့Nameကို ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။
ကိုယ့်စိတ်တိုင်းကြနာမည်ပြောင်းပေးပြီးရင် Next Button ကို click နှိုပ် လိုက်ပါ
Computer က copy လုပ်ထားတဲ့ file ကို CD ထဲကူးထည့်ပေးပါလိမ့်မယ်။


File ထဲက data တွေCD ရောက်ရှိသွားပါပြီ။ Finish ကို click နှိုပ်ပြီးရင် CD ကိုဖွင့်ပြီးစစ်ကြည့်လိုက်နော်။
အော် ဒီကူးနည်းက Nero Express လို CD ထဲရောက်ပြီးသား data
တွေကိုပြန်ဖြတ်လို့မရပါဘူး။ ကိုယ်ကူးလိုက်တဲ့Disk မှာspace
အလွတ်ရှိသေး၇င်တော့် နောက်၁ကြိမ် data တွေကုးထည့်လို့ရပါသေးတယ်။

သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။

သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website
နှစ်ခုကို အသုံးပြုပြီး
လုပ်နိုင်ပါတယ်။
ပထမဆုံးတစ်ခုက Spypig
ပါ။
Browser
ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/
ကိုသွားလိုက်ပါ။
နောက်
Windows
တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail
ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig
ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။
Step2
မှာ Subject ထည့်ပါ။
Step3
မှာပေးထားတဲ့ ပုံတွေထဲက
ကိုယ်ကြိုက်တာကို
ရွေးပါ။

Step4
မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig
ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့
ပုံလေးတစ်ပုံ
ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail
ရဲ့ Body
ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့်
ရိုက်ထည့်ပြီး
Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail
ကိုဖတ်လိုက်တဲ့အခါမှာ Spypig
ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့်
Gmail
ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP
လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP
သိသွားပါပြီ။
ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp
ကိုဖွင့်ပြီး အစောက IPကို
ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။

ဂျီမေးလ်အများကြီးရှိသူများအတွက်

ဂျီမေးလ်အများကြီးရှိသူများအတွ
က် မိမိ သုံးမဲ့မေးလ်တစ်ခုကပဲဝင်သမျှမေးလ်များကိုဖတ်နိုင်ပါတယ်။
၁။ဂျီမေးလ်မှ setting ကိုကလစ်ပါ။
၂။Forwarding and POP/IMAP ဆိုတာကိုကလစ်ပါ။
၃။Forward a copy of incoming mail to ဆိုတာကိုရွေးပါ။
၎။ email address ဆိုတဲ့နေရာမှာ မိမိသုံးမဲ့မေးလ်ကိုထည့်ပါ။
၅။save change ကိုကလစ်ပါ။

ဒါကတော့မိမိမေးလ်ကနေတခြားဂျီမေးလ်အမည်များနဲ့ပို့လို့ရတဲ့နည်းပါ
၁။setting ကိုကလစ်ပါ။
၂။ accounts ဆိုတာကိုကလစ်ပါ။
၃။Add another email address ဆိုတာကိုကလစ်ပါ။
၎။ Add another email address box မှာ name & email address မှာ
ဖြည့်ပါ။ ပြီးရင် next step ကို ကလစ် ပါ။
၅။send verification ဆိုတာကိုကလစ်ပါ။ သင်မေးလ်ဆီကို Confirmation code
ပို့ပေးပါလိမ့်မယ်။
၆။ရရှိလာသော Confirmation code ကိုEnter and verify the confirmation code
ဆိုတဲ့နေရာမှာ ပေ့လုပ်ပြီး verify ကလစ် လုပ်ပါ။
composeကိုကလစ်ပြီး fromဆိုတဲ့နေရာမှာကြည့်လိုက်ပါ
သင့်မေးလ်နှင့်တခြားမေးလ်ပါတွေ့ရပါမယ်။

Ning ဆိုက်ပေါ်မှာ menu ကိုအစီအစဉ်တကျထည့်ထားရန်

မိမိဆိုက်ဒ်ပေါ်မှာ menu တွေကို ဒေါင်လိုက်ထောင်ထားချင်ပြီးတော့ အဲဒီအထဲမှာ
အလှအပတွေထည့်လိုတဲ့လူတွေအတွက် M51a မှာဆိုယင်တော့ ၀ပ်ဆိုက်ရဲ့ ညာဘက်မှာ
အစီအစဉ်တကျလုပ်ထားတဲ့ ပုံများလို ဇော်ဂျီဖောင့်ရယူရန်၊ တရားတော်များ၊
စာအုပ်များ အဲဒီလိုမျိုး အစီအစဉ်တကျရေးထားချင်တဲ့သူတွေအတွက်ပါ
http://www.flashvortex.com/generators.php?exampleId=124ဒီဝပ်ဆိုက်လိပ်စာလေးကိုနှိပ်ပြီး
သင်လိုချင်သောပုံစံမျိုးကိုလုပ်ပြီးတော့
သင့်ဝပ်ဆိုက်မှာအဆင်သင့်ထည့်လိုက်ရုံပါပဲ

Printer အတွက် အကုန်အကျသက်သာစေရန် (၆)ချက်


၁။ ပရန်ထုတ်လျှင် "Draft" mode ကိုရွေးခြင်း
မိမိသည် ကိုယ်ပိုင် စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက ပရန်တာအား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့်
မင်ရည် အသုံးပြုမှုကိုအနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။

Draft Mode အသုံးပြုရန်အတွက် Control Panel ထဲက ပရန်တာရဲ့ Properties ထဲကိုသွားပြီး Printing Preferences ထဲက Paper Quality မှာ Draft ကိုရေးချယ်လိုက်ပါ။

၂။ print nozzles & cartridge cradles များအား ရှင်းလင်းခြင်း
ယခုခေတ် အတော်များများသော Deskjet Printer များဟာ nozzle နဲ့ cartridge ကိုရှင်းလင်းရန်အတွက်
အပိုပစ္စည်းလေးများ တစ်ခါတည်းပါဝင်လာတတ်လေသည်။ ဒါကြောင့်
တစ်ပတ်ကိုတစ်ခါလောက် မိမိ ပရင်တာရဲ့ nozzle နဲ့ cartridge cradles
များကိုစစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊
အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။

၃။ Web Base Printing အားအသုံးပြုခြင်း။
အချိန်နဲ့ မင်အသုံးပြုမှုသက်သာစေရန်အတွက် Manufacturer များရဲ့ Software
တော်တော်များများရှိကြပါတယ်.. ဥပမာ HP Smart Web Printing software.
စသည်တို့ကိုအသုံးပြုသင့်သည်။

၎။ Cartridge များများ မှန်မှန်ကန်ကန်ထည့်ခြင်း။
Cartridge များအား ထည့်စဉ် အထိုင်ကျစေရန် နဲ့ ဖိတ်စင်မှုများမရှိစေရန်အတွက် စနစ်တကျထည့်သင့်သည်။ Original Ink ကိုသုံးက ပိုပြီး အဆင်ပြေမည်။ :P
Nozzle ခေါင်းများ ခြောက်သွေ့မှုမရှိစေရန် သတိပြုသင့်သည်။

၅။ စနစ်တစ်ကျ ပါဝါ
ပိတ်ခြင်း။

Printer ရဲ့ Main Power switch အားမပိတ်မှီ Printer တွင်ပါဝင်သော Power Button အားအရင်ပိတ်ပြီးမှသာ Main Power Switch
ကိုပိတ်ရန်။ ထိုကဲ့သိုပြုလုပ်မှသာ Printer ရဲ့ အတွင်းပိုင်းတွင် Run နေသော
Process နဲ့ Print Head များကို ကောင်းမွန်စွာ ပိတ်နိုင်မည်ဖြစ်သည်။

၆။ အရေအသွေးကောင်းမွန်သော Paper အားအသုံးပြုခြင်း။
ညံ့ဖျင်းတဲ့ Paper တွေဟာ Printer ရဲ့ စက်ပိုင်းဆိုင်ရာတွေကို Paper Jam ဖြစ်စေခြင်းဖြင့် ပျက်စီးစေပါတယ်။
ဒါကြောင့် အရေအသွေးကောင်းမွန်တဲ့ Paper များကိုသာ အသုံးပြုသင့်ပါတယ်။

Facebook သုံးသူတိုင်းအတွက် “Everyone”

(၁) သင်ဝေမျှလိုက်တာတွေကို ဘယ်သူတွေ မြင်နိုင်သလဲ (Status Updates, Photos, Video, etc.)

ပထမဦးဆုံး အပြောင်းအလဲက Status Update ပါ။ အရေးအကြီးဆုံး အပြောင်းအလဲလို့လည်း ဆိုလို့ရပါတယ်။ Status Update တွေကို Share လုပ်တဲ့နေရာမှာ အောက်မှာ Button တစ်ခု အပိုပါလာပါတယ်။ ဘယ်လို
Share လုပ်မှာလည်းဆိုပြီး ရွေးချယ်နိုင်ပါတယ်။ Facebook Default ကတော့
Everyone ပါ။

အကယ်၍ မကန့်သတ်ပဲ Facebook Default အတိုင်း Share မယ်ဆိုလို့ကတော့ Everyone ဆိုတဲ့အတိုင်း Everyone ပါပဲ။ နောက်တစ်ခါ Status Update ကို ပြန်တင်မယ် ဆိုရင်တော့ အဲဒီ Button လေးကို
သတိထားဖို့ လိုလာပါပြီ။

ဒီဇင်ဘာတုန်းက မေးခဲ့တဲ့ Recommended Settings အတိုင်းသာ ဆိုရင် သင့်အနေနဲ့ သင့်အချက်အလက်တွေကို Facebook ကို ပေးရုံသာမက Search Engine ပေးပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒါတွေကို
ပြန်ကန့်သတ်ချင်တယ်ဆိုရင်

  1. Privacy Setting ကို သွားပါ။
  2. Profile Information and Posts ကို ကလစ်ခေါက်ပါ။
  3. Posts by Me ဆိုတဲ့နေရာကို သွားပါတယ်။ အဲဒီနေရာမှာ Everyone ဆိုရင် ကိုယ်ကြိုက်တဲ့ Setting ကို ပြောင်းပါ။ အဲဒီလို ပြောင်းလိုက် တာနဲ့ ကိုယ့်ရဲ့ Status Updates, Notes, Links, Photos နဲ့ Videos တွေ အကုန်
    အကျုံးဝင်ပါတယ်။
  4. အကောင်းဆုံးကတော့ Friends Only ကိုပဲ ရွေထားတာပါ။ အဲဒီလို ရွေးဖို့လည်း ဘယ်သူတွေကတော့ Friends ဆိုပြီး ခွဲထားပေးဖို့ လိုပါမယ်။ အဲဒီလို ခွဲချင်ရင်တော့ Edit Friends ကို သွားပြီး ခွဲနိုင်ပါတယ်။
    သူငယ်ချင်းတွေ အများကြီး ရှိတဲ့သူတွေတော့ လက်ညောင်း လောက်အောင်
    ပြန်လုပ်ရမယ့် အနေအထားပါ။
  5. Create New List ဆိုပြီး ကိုယ်ကြိုက်သလို နာမည်တွေ ပေးပါ။ Friends ဆိုတာတော့ နဂိုကတည်းက ပါပြီးသား ဖြစ်မယ် ထင်ပါတယ်။ ကိုယ်ထဲမှာ ရှိတဲ့ တစ်ယောက်ချင်း စီကို List တွေထဲထည့်ပေတော့ပဲ။

(၂) ဘယ်သူတွေက Personal Info တွေ မြင်နိုင်သလဲ

Facebook မှာ Personal Info ဆိုတဲ့ ကဏ္ဍ အရင်ကတည်းက ရှိပါတယ်။ နဂိုတုန်းကတော့ Birthday တို့ Religious တို့ Political Views တို့ Relationship Status တို့ကို လူတိုင်း မမြင်အောင်
ကန့်သတ်ထားပါတယ်။ အခြား interests, activities နဲ့ favorites တို့ကိုပဲ
ပြပေးပါတယ်။

ဒီတစ်ခါအပြောင်းအလဲမှာတော့ Everyone လို့ရွေးထားရင် အားလုံးကို ပြတော့မယ့် အနေအထားမှာ ရှိပါတယ်။ ဒီတော့ ဒီနေရာမှာလည်း ဘယ်ဟာတွေတော့ ပြမယ်၊ ဘယ်ဟာတွေတော့ မပြဘူးဆိုပြီး
ကန့်သတ်ဖို့ လိုလာပါပြီ။ ဘယ်လို ကန့်သတ်မလဲဆိုရင်

  1. Privacy Setting ကို သွားပါ။
  2. Profile information and Posts ကို ကလစ်ခေါက်ပါ။
  3. ကိုယ်ဘာတွေကိုတော့ ပြမယ်၊ ဘာတွေတော့ မပြဘူးဆိုတာ အကုန်ပြန်ပြင်လို့ ရပါတယ်။ Everyone ဆိုတာကတော့ သတိထားဖို့ လိုပါမယ်။ Everyone ဆိုတာ ကိုယ့်ထဲမှာ ရှိတဲ့သူအကုန်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ တကယ့်ကို Everyone
    ပါ။
  4. ဒီနေရာမှာ တစ်ချက် သတိထားရမှာ Friends of Friends ဆိုတဲ့ Option ပါ သူငယ်ချင်းရဲ့ သူငယ်ချင်းများ လို့ အဓိပါယ်ရမယ် ထင်ပါတယ်။ ဒါဆို ကိုယ့်သူငယ်ချင်း အပြင်၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေလည်း အကုန် မြင်ရတယ်။
    အဲဒီ သူငယ်ချင်းတွေက ပြန် Share ရင်အခြား သူငယ်ချင်းတွေလည်း မြင်ရမယ်။
    အဲဒီလို ရှုပ်ထွေးသွားနိုင်ပါတယ်။ ကျွန်တော်ကတော့ Friends Only ကိုပဲ
    သဘောကျပါတယ်။

(၃) Google က ဘာတွေ မြင်နေသလဲ၊ သင့်ရဲ့ အချက်အလက်တွေကို Search Engines တွေကနေ ကန့်သတ်ပါ။

အခုနောက်ပိုင်း Search Engine တွေမှာ Facebook က ထိပ်ပိုင်းတွေမှာ နေရာယူလာတာ သတိထားမိပါလိမ့်မယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် Facebook က သင့်ရဲ့ အချက်အလက်တွေကို Search Engine
တွေအတွက် indexing လုပ်ပေးလိုက်လို့ပါ။ အဲဒီလို ဘာကြောင့် ဖြစ်ရတာလဲ
ဆိုတဲ့ ကိစ္စကလည်း Everyone ဆိုတဲ့ စကားလုံးလေးနဲ့ ဆိုင်သွားပါတယ်။ အဲဒီ
Everyone လေးကို ဘယ်လို ပြန်ဖြေရှင်းမလဲဆိုရင်

  1. Privacy Setting ကို သွားပါ။
  2. ပြီးရင် Search ကို နှိပ်ပါ။
  3. Public Search Results ကို Allow လုပ်ထားတာကို Uncheck လုပ်ပါ။ အဲဒီလိုလုပ်လိုက်တာနဲ့ Everyone ကို ရွေးထားပါစေဦး Search Engine တွေကို ကန့်သတ်ပြီးသား ဖြစ်သွားစေပါတယ်။ အကယ်၍ ကိုယ်ကန့်သတ်လိုက်တာ ဘယ်လို
    အခြေအနေရှိလဲ သိချင်ရင် See Preview ကို နှိပ်ပါ။
  4. Allow ကို Uncheck လုပ်ပြီးပြီ ဆိုရင် Popup နဲ့ သေချာလာလို့ မေးပါလိမ့်မယ်။
  5. ဒါဆိုရင်တော့ Search Engine တွေကို ကန့်သတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အပေါ်မှာပြသွားတဲ့ အချက်သုံးချင်နဲ့ ဆိုရင် အတိုင်းအတာ တစ်ခုအထိ လုံခြုံပြီလို့ ဆိုလို့ရပါတယ်။ ဒီထက်ပိုပြီး လုံခြုံချင်တယ် ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ လင့်တွေအတိုင်း သွားဖတ်ပြီး
ဆက်လက် လေ့လာနိုင်ပါတယ်။

« Back to Inbox Archive Report spam Delete Move to Labels More actions ‹ Newer 48 of 425 Older › Fwd: ကိုယ့် အကောင့် လုံခြုံရေးအတွက် delete file

Browser ရဲ့ Cache လုပ်ထားတာတွေကို ဖျက်ပစ်ဖို.ပါ ။
တချို.ဆိုင်တွေမှာတော့ Cache မလုပ်ထားကြပါ ။

Mozilla Firefox ကို သုံးပြီးရင် ဒီအတိုင်းလုပ်ပါ ။
( ၁ ) Click Tools ----> Page Info ကို နှိပ်----> Security ကိုနှိပ် ----> View Cookie ကိုနှိပ် ----> Remove Cookie ကိုနှိပ်ပါ။
ပြီးရင် View Safe Passwords ---> show passwords ကို နှိပ်ပါ ။ တွေ.ရင် ဖျက်ခဲ့ပါ။
( ၂) ပြီးရင် Tools ကို ပြန်နှိပ်ပါ။ Options ကိုနှိပ် ----> Privacy ကိုနှိပ် ----> Clear All Current History ကို နှိပ်ပြီး
---> clear now ကိုနှိပ်ပါ ။
( ၃) Menu Bar ---> Tools ကိုနှိပ် ---> Options ကိုနှိပ် ---> Clear private Data
===> all cookies and chase box ကို အမှတ်ခြစ်ပါ ။ အားလုံးကိုခြစ်ရင် လည်းရပါတယ် ။

ဒါ့အပြင် Mozilla Firefox browser ကနေ ကိုယ်ရှာဖွေထားတဲ့ မှတ်တမ်းများနဲ့ ကူးယူထားတဲ့ လိပ်စာများကို
အခြားသူများ ပြန်လည် မသုံးနိုင်ရန် ၊ မမြင်တွေ.နိုင်ရန် ဒီလိုလေး လုပ်ထားလိုက်ပါ ။
Menu Bar ----> Tools ကိုနှိပ် ---> Options ---> History Group ---> ဒီမှာ မြင်ရတဲ့ သုံးချက်ကို ပြင်ရမှာပါ ။
Keep my history for at least (or)
Remember visited pages for the last ------- day .
မှတ်တမ်းထားတဲ့ ရက် ကန်.သတ်ချက်ပါ ။

Remember what I enter in forms and the search bar .
ရှာဖွေရေးမှ ရယူထားတဲ့ လိပ်စာများကို မမြင်စေချင်ရင် သူ.ဘေးက Box မှ အမှတ်ကို ဖြုတ်ပစ်ပါ ။

Remember what I've downloadad .
ကိုယ် ကူးယူထားတဲ့ လိပ်စာတွေ သူများမမြင်စေဖို. အမှတ်ကို ဖြုတ်ပစ်ပါ ။
ဦးဦး မှော်ဆရာ အခက်အခဲရှိလို. ပုံတွေနဲ့ တကွ မဖေါ်ပြနိုင်တာပါ ။ မရှင်းရင်တော့ ကိုယ်နဲ့ ရင်းနှီးတဲ့
သူတစ်ယောက်ယောက်ကို မေးကြည့်ပါ ။

ခုတခါ Internet Explorer မှာ ဘာတွေပဲ ကြည့်ခဲ့ပါစေ ၊ ပြန်ထွက်သွားတော့မယ်ဆိုရင်
သူများ မမြင်စေဖို. Cookies , Files တွေကို ဒီလိုလုပ်ပြီး ဖျက်ခဲ့ပါ ။

Menu Bar ---> Tools ကိုနှိပ် ---> Internet Options ကိုနှိပ် ---> General ----> Delete ကိုနှိပ်ပါ ။
===> Box တစ်ခုကျလာလိမ့်မယ် ။
Delete Files , Delete Cookies , Delete History , Delete Form , Delete passwords
နဲ့ Delete all ကိုပါ နှိပ်ပြီး ဖျက်ခဲ့ပါ ။
ပြီးရင် Internet Options ----> Privacy ကိုနှိပ် ---> Advance ကိုနှိပ် ---->
" override automatic cookie handling " ရဲ့ ဘေးက Box မှာ အမှတ်ခြစ်ခဲ့ပါ ။

Menu Bar -----> Tools ----> Internet options ကိုနှိပ် ----> General Tab ---->
Temporary Internet Files -----> Delete Files
Delete all offline content ကို အမှတ်ခြစ်ပါ ။

ကိုယ့် gmail ကို သူများဝင်သုံးနေသလားလို့သိချင်ရင်

ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး အရင်က သံသယရှိသူ၊ စစ်ချင်သူများ ၀မ်းမြောက်ဖွယ် ...။

Google မှ Gmail တွင် ၀င်ရောက်အသုံးပြုသွားသူ၏ IP Address အားဖေါ်ပြပေးထားပါပြီ။

Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာသွားကြည့်လျှင် ..


ယခုကဲ့သို့ This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 5 Hours ago. ဆိုပြီး စာသားလေးမြင်ရလိမ့်မည်။ ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail ဆိုသော လင့်ကလေးနှိပ်ပါက ..



ယခုကဲ့သို့ IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ စသဖြင့် သိနိုင်ပါပြီ။

အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information တွင် IP များ တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်ပြီး သူတို့ကိုပါ Logout လုပ်ပြစ်ချင်ပါက အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေသော ယူဆာများကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်က Password ပြောင်းလိုက်ပေတော့ဗျာ..။

ဝင်းဒိုးစနစ်မှာ အရေးပါတဲ့ tool တွေရဲ့ တည်နေရာနဲ့ Run box

ဝင်းဒိုးစနစ်မှာ အရေးပါတဲ့ tool တွေရဲ့ တည်နေရာနဲ့ Run box Commands
Tool Location Use Keyword for Run Box
About Windows C:WINDOWSsystem32winver.exe ကွန်ပျူတာမှာ install လုပ်ထားတဲ့
ဝင်းဒိုးစနစ်ရဲ့
ဗားရှင်း (version)
အမှတ်ကို
ဖော်ပြပေးပါတယ်။ winver
Command Prompt C:WINDOWSsystem32cmd.exe MS-DOS ကွန်ပျူတာစနစ်ရဲ့ အသက်ဖြစ်ခဲ့ပြီး
အခုအခါမှာ
ပိုမိုများပြားတဲ့
စနစ်နဲ့
ကွန်ရက်ဆိုင်ရာ
command တွေကို
ရိုက်ထည့်ညွှန်ကြားနိုင်တဲ့
Command Prompt
ဖြစ်ပါတယ်။ cmd
Event Viewer C:WINDOWSsystem32Eventvwr.msc ကွန်ပျူတာရဲ့ system, security နဲ့ ပရိုဂရမ်အသုံးပြုမှုတို့ကို
မှတ်တမ်းတင်ထားတဲ့
event log
ဖိုင်တွေကို
ကြည့်ရှုနိုင်တဲ့
tool
တစ်ခုဖြစ်ပါတယ်။
စနစ်ရဲ့လုံးခြုံရေးဆိုင်ရာမှတ်တမ်းတွေ၊
ဆော့ဖ်ဝဲနဲ့
ဟာ့ဒ်ဝဲဆိုင်ရာ
ပြဿနာတွေအတွက်
အချက်အလက်တွေ
စုစည်းကြည့်ရှုပြီး
စီမံခန့်ခွဲနိုင်တဲ့
နေရာလည်း
ဖြစ်ပါတယ်။ eventvwr
Internet Options C:WINDOWSsystem32inetcpl.cpl အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေအတွက်ပါ။ inetcpl.cpl
Internet Portocol Configuration C:WINDOWSsystem32ipconfig.exe Command Prompt ကနေတစ်ဆင့် အသုံးပြုနိုင်တဲ့
tool ဖြစ်ပြီး IP address
ကို refresh
လုပ်တာတွေ၊
ပြင်ဆင်တာတွေ
လုပ်နိုင်ပါတယ်။
Adapter
အားလုံးအတွက်
Subnet mask, Default Gateway, TCP/IP, DHCP, DNS
ချိန်ညှိမှုတွေကို
ဖော်ပြပေးပါတယ်။ cmd /k ipconfig
Network Diagnostics C:WINDOWSsystem32netsh.exe diag gui ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ ကွန်ရက်ဆက်သွယ်မှုဆိုင်ရာ
အချက်အလက်တွေကို
scan
လုပ်ပေးပါတယ်။
Command Prompt ကနေ
အသုံးပြုနိုင်ပြီး
ကွန်ရက်ဆိုင်ရာ
သီးခြား command
တွေ
အမြောက်အများ
ပါဝင်ပါတယ်။ cmd /k netsh
Programs C:WINDOWSsystem32appwiz.cpl "Add or Remove Progarms and Windows Components" feature ဖြစ်ပါတယ်။ appwiz.cpl
Registry Editor C:WINDOWSregedit.exe Windows Registery ကို လိုအပ်သလို
ပြုပြင်ချိန်ညှိနိုင်တဲ့
Registery Editor
ဖြစ်ပါတယ်။ regedit
Security Center C:WINDOWSsystem32wscui.cpl Automatic Updates, Windows Firewall နဲ့ Internet Properties ကို ထိန်းချုပ်နိုင်တဲ့
Control Panel extension ဖြစ်ပါတယ်။ wscui.cpl
System Information C:Program FilesCommon FilesMicrosoft SharedMSInfomsinfo32.exe စနစ်တစ်ခုလုံးရဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲဆိုင်ရာ
အချက်အလက်တွေကို
အသေးစိတ်စုစည်းပေးပါတယ်။ msinfo32
System Properties C:WINDOWSsystem32sysdm.cpl စနစ်ရဲ့ အခြေခံချိန်ညှိချက်တွေကို ကြည့်ရှုနိုင်ပြီး
ဟာ့ဒ်ဝဲ၊
ဂရပ်ဖစ်နဲ့
ကွန်ပျူတာစွမ်းဆောင်ရည်တစ်ချို့ကို
မြှင့်တင်ယူနိုင်တဲ့
GUI တစ်ခု
ဖြစ်ပါတယ်။ sysdm.cpl
System Restore C:WINDOWSsystem32restorerstrui.exe အသုံးပြုသူကိုယ်တိုင်ဖြစ်ဖြစ်၊ ဆော့ဖ်ဝဲတစ်ခုခုကဖြစ်ဖြစ် ဖန်တီးပေးထားတဲ့
restore point လို့ခေါ်တဲ့
စနစ်တစ်ခုလုံးရဲ့
မူလအခြေအနေတစ်ခုကို
ပြန်လည်ရယူပေးတဲ့
tool ဖြစ်ပါတယ်။
(Software Installation နဲ့ Registery Setting
တို့
မှားယွင်းမှုတွေကြုံတဲ့အခါ
restore point အဖြစ်
မှတ်တမ်းတင်ထားတဲ့
နဂိုအကောင်းပကတိအခြေအနေဆီ
restore
လုပ်ပေးပါတယ်။) C:WINDOWSsystem32restorerstrui.exe
Task Manager C:WINDOWSsystem32taskmgr.exe လက်ရှိစနစ်မှာ run နေတဲ့ task နဲ့ process တွေကို
ပိတ်ပစ်တာတွေ
ပြန်ဖွင့်တာတွေလုပ်နိုင်တယ်။
Memory, CPU နဲ့
ကွန်ရက်အသုံးပြုမှု
အချက်အလက်တွေကိုလည်း
ဖော်ပြပေးပါတယ်။.

Firefox မှာ ဆိုဒ်တွေဖွင့်လို့မရဘဲ Error ပြနေလား

မြန်မာပြည်မှာက Firefox တွေအသုံးများတော့ အသုံးတည့်မယ်ထင်လို့  ကူးပြီးမျှဝေပေးလိုက်တာပါ။
အားလုံးအဆင်ပြေကြပါစေ။

Firefox မှာ ဆိုဒ်တွေဖွင့်လို့မရဘဲ Error ပြနေလား

buzz-button-1"">ကျွန်တော်သူငယ်ချင်းမှာဖြစ်ခဲ့တဲ့ ပြဿနာလေးကို ကျွန်တော် တင်ပြပေးပါအုံးမယ်။ သူ့စက်မှာ Firefox Browser က
ဖွင့်လိုက်တဲ့အချိန်တိုင်းမှာ Error ဘဲပြနေတယ်။ ဘာဆိုဒ်မှ ဖွင့်လို့မရဘူး။
နောက်ပြီ Firefox ကိုဖြုတ်ပြီး ပြန် Run လိုက်တဲ့ အခါမှာလည် အဆင်မပြေဘူး။
ဒါပေမဲ့ Internet Explorer ကတော့ ဖွင့်လို့ရတယ်။ ဒါနဲ့ ဘာပြဿနာလည်ပေါ့။
ဒါပေမဲ့ ကျွန်တော် Add-On တွေ ပြန်စစ်တယ်။ တစ်ခုချင်ဆီ ပြန်စစ်တော့လည်
အဆင်မပြေဘူး။ Firefox က Network မှာ ၀င်စစ်လိုက်တော့မှ သွားတွေ့တော့တယ်။
Proxy Code တွေ ခံထားတာ သွားတွေ့ရတယ်။ ဘယ်လို လုပ်ဆောင်ထားလဲတော့ မသိဘူး။
Firefox ကို Uninstalled လုပ်ပြီး ပြန်တင်တာတောင် ဒီ Proxy က
ပြုတ်မသွားဘူး။ Code တွေကို စစ်ဆေးကြည့်တော့လည် အမေရိကန် Proxy
တွေဖြစ်နေတယ်။ စဉ်းတော့ စဉ်းစားစရာဖြစ်နေတယ်။ သူက HTTP Proxy,FTP
Proxy,Gopher Proxy ဆိုဒ်တွေကို ပိတ်ထားတော့ ဘယ်ဖွင့်လို့ရမလဲ။ ကျွန်တော်
တက်သလောက် မှတ်သလောက်နဲ့ ကြိုစားကြည့်ပေမဲ့ အဖြေက ကောင်တာ လိုက်လို့ မရဘူး။
ကျွန်တော်အထင် Firefox Add-On တစ်ခုခုက ပါလာတာဖြစ်နိုင်သလို Software တွေက
ပါလာတာလဲ ဖြစ်နိုင်တယ်။ ထားတော့ အခုလို ဖွင့်မရ တဲ့ ပြဿနာကို
အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ အဆင်ပြေသွားပါမည်။ အောက်က
ပုံကိုကြည့်လိုက်ပါ။ Proxy Code တွေ ထည့်ခံထားရတာဖြစ်ပါတယ်။ အဲဒါကြောင့်
ဖွင့်လို့အဆင်မပြေဖြစ်နေတာပါ.။ No Proxy ပေးလိုက်ရင်တော့ အားလုံး
ပြန်ဖွင့်လို့ရပါတယ်။




ဖြေရှင်းနည်း
1.Firefox >> Tools >> Options ကို click လိုက်ပါ.။



2.Options ကို click ပြီရင် အောက်ပါအတိုင်းကျလာပါမည်။ Advanced >> Network
>> Setting ကို click လိုက်ပါ။



3.ကျလာတဲ့ BOX မှာ No Proxy ကို အမှန်ခြစ်ပေးပြီး OK ပေးပြီ Apply ကို
နိုပ်လိုက်ပါ။ အားလုံး ပြန်ဖွင့်လို့ရသွားပါမည်.။ ကျေးဇူးတင်ပါတယ်။



Image and video hosting by TinyPic

Read more: http://www.knowledgewar07.မှကူးယူဖော်ပြပါသည်။

mozilla firefox ထဲကpassword များ

internet browser တစ်ခုဖြစ်တဲ့ mozilla firefox
မှာ..အကောင့်တွေကိုဝင်တိုင်းမှာ အပါ်tab bar အောက်နားမှာ remenber ,never
for this site ,not now ဆိုတဲ့ button လေးသုံးခုပေါ်ပေါ်လာပြီးတော့
မှတ်ထားမှာလားမေးတတ်တယ်..တကယ်လို့ပေါ့....ကိုယ်သူများစက်မှာသွားသုံးနေတုန်းယောင်ပြီး
remeber ပေးမီရင်..ဘယ်မှသွားပြန်ဖြတ်မှာလည်း...ကဲ..လွယ်လွယ်လေးပါ..မဆိုးရိမ်ပါနဲ့နော်....
tools--> options -->security--> saved passwords ဆိုတာလေးကိုကလစ်လိုက်ပါ...
အောက်ကလိုsaved passwords ဆိုတဲ့boxကလေးပေါ်လာပါလိမ့်မယ်...အဲbox မှာ show password ကိုကလ်ပေးတာနဲ့...မှတ်ထားတဲ့password တွေအကုန်မြင်နေရပါပြီ...
မလိုချင်ရင်တော့ remove all သာနိပ်ခဲ့ကြပါ...ကိုယ်ထက်စိုးတဲကောင်နဲ့တွေမှဆိုးလို့...ဟီးဟီး :P

ကြိုက်တဲ့ Program လာ - Run Box နဲ့ ပဲ ဖွင့်ကြမယ်

Mouse ကိုင်ပျင်းတဲ့ သူငယ်ချင်းတွေ အတွက် ပါ

ဘာပဲ ဖွင့်ချင် ဖွင့်ချင် run box က command လေးနဲ့ ဆိုတော့ ပိုမြန်တာပေါ့ နော်... ။

အဲ့လို လုပ်ဆောင်ရမဲ့ အဆင့်တွေက သိပ်တော့ မခက်ပါဘူး .. ။

အရင်ဆုံး ကိုယ်ဖွင့်ချင်တဲ့ program ရဲ့ Shorcut ကို Desktop ပေါ် အရင်ရောက်အောင် တင် .. ပြီးရင် copy ပြီး c:\windows\system32 ရဲ့ အောက်မှာ paste လုပ် .. ပြီးရင် မိမိ စိတ်ကြိုက် အတိုဆုံး နာမည် တစ်ခုပေးပြီး အဲ့နာမည်ကို run box က ပြန်ခေါ်လိုက်တာနဲ့ အဲ့ program အလွယ်တကူ စတင် run မှာ ဖြစ်ပါတယ် ။

ဥပမာ - နေ့ စဉ် အသုံးများနေကျဖြစ်တဲ့ gtalk ဆိုပါစို့ ....

အဲ့ဒါဆို desktop ပေါ်က shortcut ကို copy ယူပြီး system32 ရဲ အောက်မှာ သွားထည့်ပြီး gt လို့ rename ပြောင်းပေးလိုက်ပါ .. အဲ့ဒါဆို Win+R (Run Command) ကနေ gt လို့ ရိုက်ထည့်လိုက်တာနဲ့ google talk လေးတစ်ခု လျှင်လျှင်မြန်မြန်နဲ့ ရောက်ရှိလာမှာ ဖြစ်ပါတယ် ။

နောက်တစ်ခု က လူသုံးအများဆုံး Browser ဖြစ်တဲ့ Mozilla Firefox ကိုတော့ run box မှာ firefox လို့ ရိုက်ပြီး ခေါ်နိုင်ပါတယ် ။ Internet Explorer ကိုတော့ iexplore ဆိုပြီးတော့ လည်း ခေါ်နိုင်ပါတယ် ။ Google Chrome နဲ့ တစ်ခြား browser တွေကို တိုတိုနဲ့ မြန်မြန် ခေါ်ချင်တယ်ဆိုရင် အထက်ပါအဆင့်တွေ အတိုင်းပြုလုပ်ပြီး google chrome ကို gc လို့ နာမည် ပေးလိုက်ပါ ။ ပြီးရင် run box ကနေ gc လို့ ပြန်ခေါ်လိုက်တာနဲ့  Google Chorme Browser ဟာ သူငယ်ချင်းတို့ ရဲ့  Desktop ပေါ်မှာ အခန့် သား နေရာယူပြီးသား ဖြစ်နေပါလိမ့်မယ် ။

မိမိအကြိုက်ဆုံး သီချင်း ၊ နေ့ စဉ်နေ့ တိုင်း နားထောင်နေကျ သီချင်းဆိုရင်လည်း အထက်ပါ အတိုင်း ပြုလုပ်ပြီး rename ကို အတိုဆုံးပေး ၊ ဥပမာ - 1.mp3 ( သူ့ ကိုတော့ အနောက်က extension ဖြစ်တဲ့ .mp3 ဖြစ်ဖြစ် တစ်ခုခု ထည့်ပေးရပါတယ် ) ။ ပြီးရင် run box ကနေ 1.mp3 လို့ ပြန်ခေါ်လိုက်တာနဲ့ မိမိ အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်ဟာ နားထဲကို အလွယ်တကူနဲ့ စိတ်ဖျော်ဖြေမှုပေးပါလိမ့်မယ် ။

ကဲ .. အဲ့ဒါဆို ကြိုက်တဲ့ program သာ လာ ရှည်ရှည်ဝေးဝေး လိုက်ဖွင့်နေစရာ မလိုတော့ပဲ c:\windows\system32 အောက်ထဲကို rename ပေးပြီး ထည့်လိုက်တာနဲ့  run box ကနေ လွယ်လွယ်ကူကူ ခေါ်နိုင်ကြပါပြီ ခင်ဗျာ ။ သိပြီးသားဆိုလည်း နောက်မသိသေးတဲ့ လူတွေ အတွက် သည်းခံခွင့်လွှတ်ပြီး ဖတ်ပေးလိုက်ကြပါခင်ဗျာ ။ အဆင်ပြေကြပါစေ ။

web page တွေ loading time မြန်လာအောင်

မြန်မာနိုင်ငံက သူငယ်ချင်းတွေ အတွက် ပါ ကျနော် အတွက်တော့ လောလောဆယ် မလိုသေးဘူး လေ ....


web page တွေ loading time မြန်လာအောင် လုပ်ချင်ရင်
ဒီလိုလုပ်ကြည့်ပါ..တကယ်လို့ ISP မကောင်းရင်တော့မလုပ်ပါနဲ့
မထမဦးဆုံး Win + R နိုပ်ပြီး Run ကိုခေါ်လိုက်ပါ..Run box ပေါ်လာရင်..
regedit လို့ရိုက်ပြီး Enter ပေါ့...နောက်...
တတိယမြောက် folder
HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider

အထိသွားပါ...နောက် hexadecimal value ကို 1 လို့ထားလိုက်ပါ...ဒီလိုပေါ့...

1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1

ပြီးရင် reboot လုပ်ပါ..အဲ့ဒါပါပဲ...။ ။

အသုံးဝင်သော Photoshop Tutorial Links များ

ကျွန်တော် ကွန်ပြူတာနဲ့ရင်းနီးတာ တော်တော်ကြာပါပြီ။
ပွင့်ပွင့်လင်းလင်းဝန်ခံရရင် Photoshop ကိုဘယ်တုန်းကမှ
ကောင်းကောင်းမလေ့လာခဲ့ဖူးပါဘူး။ လိုအပ်တော့မှပဲ လွယ်လွယ်ကူကူ install
လုပ်ပြီး ကိုယ့်ဟာကို ဟိုလုပ်ဒီလုပ် လုပ်ရင်ရနိုင်မယ်လို့ ထင်ထားခဲ့ပါတယ်။
ဒီsoftware ကတော်တော် powerful ဖြစ်မှန်းတော့ အမြဲအသိအမှတ်ပြု့ခဲ့ပါတယ်။
ဓါတ်ပုံစရိုက်တော့မှပဲ Photoshop ကိုအနည်းနဲ့အများ သုံးတက် သင့်ကြောင်း
ကောင်းကောင်း သဘောပေါက်လာခဲ့ပါတယ်။ ထင်ထားသလောက်လဲ
ကိုယ်လုပ်ချင်သလို့လုပ်ဖို့ မလွယ်ကူမှန်းလဲ သိလာခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ internet ခောတ့်ကြီးမှာ လေ့လာစရာ resources များကို
ကျွန်တော်တို့ လွယ်ကူစွားနဲ့ ရှားဖွေနိုင်ပါတယ်။ ခုမှ အခြေခံကနေ
စတင်လေ့လာကြည့်တော့ Photoshop ဟာ တော်တော် အံ့အားသင့်ရလောက်အောင်
အသုံးဝင်ကောင်းမွန်ပြီး ဘာကြောင့် နာမည်ကြီးရသလဲဆိုတာကိုပါ
သဘောပေါက်လာပါတယ်။ အခြေခံ ကိုသိရင် အရမ်းကြီးလဲ သုံးရတာ မခက်ကြောင်း
နားလည်လာပါတယ်။

ဒီအောက်မှာ ကျွန်တော်လေ့လာခဲ့သော (တချို့လေ့လာနေဆဲ) လင့်ခ်များကို
စုစည်းပေးထားပါတယ်။ တခြား ကောင်းနိုးရာရာ လင်ခ့်များကိုလဲ
အကြံပြု့ပေးကြဖို့ ဖိတ်ခော်ပါတယ်။

- အခြေခံကစပြီး အသေးစိတ့် tools ကိုလေ့လာဖို့အတွက်
http://iit.bloomu.edu/vthc/photoshop/BASICS/interface.htm

- Selection tools များနဲ့ Layers များအကြောင်း လေ့လာမယ်ဆိုရင်တော့
http://www.photoshopessentials.com/basics

- အသုံးဝင် ၍ သိသင့် သော Photoshop shortcut keys များ
http://www.freetimefoto.com/photoshop_cs3_toolbox
http://www.webdesignerwall.com/tutorials/photoshop-secret-shortcuts/

- လက်တွေ့အသုံးချ Photoshop Effects များ
http://veerle-v2.duoh.com/blog/comments/photoshop_vintage_effect/
http://www.photoshopstar.com/
http://abduzeedo.com/tutorials
http://psd.tutsplus.com/
http://photoshoptutorials.ws/photoshop-tutorials/

- မျက်လုံးများ အား အထူးပြု့လုပ်ချက်များ အတွက့် (Credit to Harry for these links)
http://www.fanpop.com/spots/eyes/photos
http://10steps.sg/tutorials/photoshop/making-a-beautiful-pair-of-fa...

ကျွန်တော် တစ်ခုသတိပေးချင်တာက ဒီ Tutorials အများစုဟာ ဘယ်လိုလုပ်လို့
ရတယ်ဆိုတာကို သာ တင်ပြတာဖြစ်ပြီး ဘယ်လို့လုပ်ရမယ်လို့
သတ်မှတ်တာမဟုတ်ပါဘူး။ ဖန်တီးမှုမှာ ကန့်သတ်ချက် မရှိသလို ဘယ်သူက
မှပဲမှန်တယ်ဆိုတာလဲ မရှိဘူးလို့ထင်ပါတယ်။

နောက်တခု အကြံပြုလိုတာက ဖန်တီးမှု့ရှိသော ဓါတ်ပုံများကို ရှေ့ဦးစွာ
ဦးစားပေးရိုက်ပြီး Photoshop ကို အထောက့်အပံ ပြု့ software တခုအနေနဲ့သာ
အသုံးပြု့ဖို့ပါ။ နဂို မရှိပဲ နဂိုင်း ထွက်ဖို့ မလွယ်ပါဘူး။

Aneesoft 3D Flash


သူကိုဒေါင်းလုတ်ချလိုက်...ရိုက်ကလစ်ပေး
run at administrator ကိုလစ်ပေးလိုက်..Portableကစက်မှာအပြီးအပိုင်run တာမဟုတ်တော့
နက်ဆိုင်မှာသုံးတွေအတွက်အဆင်ပြေပါတယ်..
runလိုက်တော့..အောက်ကပုံလေးပေါ်လာပြီ..




add photo မှာကလစ်ပေးလိုက်တော့..
open box တက်လာပါလိမ့်မယ်..အဲopen box မှာဖိုတိုရွေးပြီးတော့photo ပေါင်းထည့်ပါ..ဖိုတိုပေါင်းထည့်.ပြီးရင်..
အပေါ်ဘားadd photo ဘေးမှာ template ဆိုတဲ့Menuတွေ့လားမသိဘူး
်တွေရင်
နံပါတ် 2.Template ကိုကလစ်ပေးလိုက်ပါ.
Templateမှာ





Effect သုံးမျိုးရှိပါတယ် Coolရယ် 3D shape ရယ်..3D wall ရယ်သုံးမျိုးရှိပါတယ်..အဲသုံးမျိုးမှာ
မိမိစိတ်ကြိုက်ရွေးပါပြီးတော့setting မှာမိမိစိတ်ကြိုက်backgroud color or photo change လိုရပါတယ်..
နောက် သိချင်းထည့်ထားရင်looping(repeatပေးတာ)ပေးတာတို့နောက်မိမိစိတ်ကြိုက်သွားပြင်လို့ရပါတယ်..
နောက်အဲဘေးမှာadd music ဆိုတာပါတယ်နော်..သူကိုကလစ်ပေးလိုက်ရင open box တစ်ခုတက်လာပြီးတော့
Open box မှာသီချင်းပေါင်းထည့်လိုက်ပါ..အဲသိချင်းကိုဘယ်ကစပြီးဘယ်မှာဖြတ်မယ်ဆိုတဲ့
audio cutter ပါထည့်ထားပါတယ်..နောက်..အကုန်ပြီးပြီဆိုရင်
နံပတ် 3 .Publish ကိုကလစ်ပေးပြီးတော့..အောက်ကပုံအတိုင်းတွေရပါလိမ့်မယ်..


SWF နဲ့ထုတ်လိုက်ပါ..အော်မေလို SWFထုတ်တော့width ကို550လောက်ပဲပေးပါနော်..အကိုတို့အမတို့စာမျက်နှာနဲ့ကိုက်အောင်လို့ပါ..ကဲဘယ်လိုလည်းဆိုတာကျွန်တော်
စာမျက်နှာကိုလာကြည်ပါ..ကျွန်တော်လုပ်ထားတဲ့နမူနာဖိုင်လေး
http://forverfriends.ning.com/profile/yinkhonethannn
ကျွန်တော်စာမျက်နှာပါ

ပြီးတော့..
မိမိစိတ်ကြိုက်ning.comတစ်ခုမှာပိုတင်၇န်မှာပို့တင်မလိုလိုနဲ့..
ဖိုင်တင်ပြီးsave draft နဲ့save ပြီးကုဒ်ယူလိုက်ဗျာ.(.ကဲ..တောင်းပန်ပါတယ်နော်..)
add post ကိုကလစ်ရင်အောက်ကbox ပေါ်လာမယ်ဟုတ်တယ်ဟုတ်


အဲဘာက်မှာကျွန်တော်ဝိုးပြထားတဲ့စာရွက်ပုံလေးမှာဖိုတင်တဲ့နေရာပါ..
ကလစ်ပေးရင်box တစ်ခုတက်လာမယ်..အဲဘောက်မှာဖိုင်ကိုရွေးတင်လိုက်...
ဖိုင်တင်လိုက်.ဖိုင်တင်ပြီးရင်..HTMLဆိုတာကိုကလစ်ပေးလိုက်ရင်..ဖိုင်လင့်ကလေးထွက်မယ်..ဟုတ်တယ်
ဟုတ်...
(http://api.ning.com/files/ExcBFTeG0plaEIX9abYbCDUPoV7yiFaTJiQSMVvQg...*SqWIgsGgDC575eY1Az5HAicGtDKlQdk/sample.swf)(ဖိုင်လင့်နမူနာ)
ဖိုင်လင့်ကိုအောက်ကုဒ်မှာနေရာမှlinkURLနေရာမှာအစားသွင်းလိုက်..အိုကေလိမ့်မယ်..
ကဲ..

linkURL" quality="high" bgcolor="#FFFFFF" width="550" height="350" type="application/x-shockwave-flash" allowscriptaccess="never">embed>

ဒါကိုသူငယ်ချင်းများစာမျက်နှာ
မှာtext box ကလေးတွေ့ပေးထားပါတယ်..
အဲမှာသွားထည့်လိုက်ပါ.နော်..သူငယ်ချင်းတို့စာမျက်နှာကိုလှသွားအောင်လို့ပါ..နောက်
ဘယ်လိုအသုံးပြုမလည်းမိမိဘာသာလိုအပ်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်..ဆော့ဝဲကလည်းfreewareပါ..ပိုက်ဆံမပေးရပါဘူး..မပူနဲ့.
နမူနာလုပ်ထားတဲ့ပုံလေးကိုကြည့်ချင်ရင်အောက်မှာပေးထားပါတယ်..ကျွန်တော်တို့ဘာသာစကားသင်တုန်းကဆရာနဲ့လေ့လာရေးထွက်
တုန်းကပုံများဖြစ်ပါတယ်.အဆင်ပြေမယ်ထင်ပါတယ်..
အောက်ကဆော့ဝဲကိုဒေါင်းလိုက်ပါ...

DOWNLOAD

G-TALKမှာG-mailတစ်ခုထက်မကသုံးလို.ရအောင်

ကွန်ပျုတာအောက်နားမှာရှိတဲ.start ကိုနှိပ်ပါ။

All program ကိုထောက်ပြီးGoogle talk ကိုထောက်လိုက်ပါ။

suupport ; google talkနှစ်ခုထဲက google talk ကို right click နှိပ်ပါ။

ပေါ်လာတဲ.စာကြောင်းတွေထဲက Properties ကိုရွေးပါ။

\Google\google talk\google talk.exe'/startmenu ဆိုတဲ.စာကြောင်းမှာ

startmenu ကိုဖျက်ပြီး nomutex ကိုရိုက်ထည်.ပါ။

ပြီးရင် Apply နှိပ်။OK နှိပ်ပါ။

ဒါဆို သုံးလို.ရပါပြီ။

Remember password မှာအမှန်မခြစ်ခဲ.နဲ.နော်။အမှန်ခြစ်ခဲ.ရင် မိမိအသုံးပြုနေတဲ.g-talk account ပဲပေါ်နေလိမ်.မယ်။

သုံးရလွယ်ကူပြီး အစွမ်းထက်တဲ့ SWFText animation ဆော့ဖ်ဝ






သုံးရတာအရမ်းလွယ်ကူပြီး အစွမ်းထက်တဲ့ flash animation ဆော့ဖ်ဝဲလေးတစ်ခုပါ။ Animation နဲ့ ရင်းနှီးမှုမရှိတဲ့သူတွေတောင် အလွယ်တကူနဲ့ အသုံးပြုနိုင်မှာပါ။
ဝက်ဆိုက်တွေမှာ အသုံးပြုတဲ့ SWF ဖိုင်တွေအဖြစ် ထုတ်ပေးမှာဖြစ်ပြီး Movie
size, Backround, Backround Effect, Text, Text Effect, Interaction,
Sound တွေကို လိုသလို ဖန်းတီးယူနိုင်တယ်။ Movie size ဆိုတာ ထွက်လာမယ့် SWF
ဖိုင်ရဲ့ width နဲ့ height ကို ပြောတာပါ။ Backround မှာဆိုရင် Solid
color, Gradient Color (နှစ်ရောင်စပ်) နဲ့ Transparent တို့ ထားနိုင်တဲ့
အပြင် Image ဖိုင်တစ်ခုခုကိုလည်း backround image အဖြစ်
စိတ်ကြိုက်ထားနိုင်တယ်။ Text စာသားကို စိတ်ကြိုက်ရိုက်ထည့်ပြီးတဲ့အခါ Text
Effect တစ်ခုခုကို ရွေးချယ်နိုင်တယ်။ Interaction ကတော့ SWF ဖိုင်နဲ့
ဝက်ဆိုက်တစ်ခုခုကို link ချိတ်ဆက်သွယ်ပေးတဲ့ လုပ်ဆောင်ချက်ပါ။ ပြီးတော့
စိတ်ကြိုက် MP3 နဲ့ WAV သီချင်း ဒါမှမဟုတ် အသံဖိုင်တွေကို Backround Music
အဖြစ်ပေါင်းထည့်နိုင်ပါတယ်။ Backround Effect နဲ့ Text Effect တွေ
အတော်များများပါဝင်တဲ့အချက်ကြော
င့် ဒီဆော့ဖ်ဝဲလေးကို လက်မလွှတ်သင့်ဘူးလို့
ကျွန်တော်တော့ ပြောချင်တယ်။ နောက်တစ်ချက် က animation frame တွေကို
ဖန်တီးတာအရမ်းမြန်တယ်။ စမ်းသပ်ကြည့်ချင်တယ်ဆိုရင် Install လုပ်ဖို့မလိုပဲ
အရန်သင့် အသုံးပြုနိုင်ပါတယ်။ .


ဘာကိုပဲ..Uninstall လုပ်လုပ်..ဒီ Your Uninstaller 2010 ကိုသုံးပါ !!! Free download from MediaFire!!! Enjoy!!!

Your Uninstaller Pro v7.0.2010.13 Latest version
uploaded by catman

uploaded by catman
Hi Friends Download Here
uploaded by catman

Online က web page တွေကို အလွယ်တကူ ဘာသာပြန်ပေးဖို့



ကျနော်တို့ နေ့စဉ်သုံးနေတဲ့ ဖတ်နေတဲ့ Online က web page တွေကို အလွယ်တကူ ဘာသာပြန်ပေးဖို့


Im Translator ဆိုတဲ့ mozzila add on လေးရှိပါတယ်..ဘယ်လိုအသုံးဝင်လဲဆိုရင် သူ့ကို ကိုယ့် မော်ဇီလာမှာ


Add ထားလိုက်ရင် ဘယ် ဘာသာစကား ဘယ်နိုင်ငံက ရေးထား တခါထဲ ချက်ချင်းဘာသာပြန်ပြီး ဖတ်လို့ရ


တယ်..အသံပါနားထောင်ချင်တယ်ဆိုရင်တောင် အသံထွက်ကိုသေချာဖတ်ပြပါတယ်..အလွယ်တကူဘာသာ


ပြန်နိုင်တဲ့ နိုင်ငံတွေကတော့


Albanian, Arabic, Bulgarian, Catalan, Chinese (Simp.), Chinese (trad.), Croatian, Czech, Danish, Dutch, English, Estonian, Filipino, Finnish, French, Galician, German, Greek, Hebrew, Hindi, Hungarian, Indonesian, Italian,
Japanese, Korean, Latvian, Lithuanian, Maltese, Norwegian, Polish, Portuguese,
Romanian, Russian, Serbian, Slovak, Slovenian, Spanish, Swedish, Thai, Turkish,
Ukrainian, Vietnamese languages and their combinations တို့အေးဆေးပြန်ဆိုနိုင်ပါတယ်


အသံထွက်ပါ ပြန်ဆိုနိုင်တဲ့နိုင်ငံတွေကတော့


languages: English U.S., Chinese, French, German, Italian, Japanese, Korean, Brazilian Portuguese, Russian and European Spanish.


ကီးဘုတ်နဲ့ ကိုယ့်စိတ်ကြိုက် ပြန်ဆိုနိုင်တဲ့နိုင်ငံတွေက


Virtual Keyboard supports multilingual text input in Arabic, Bulgarian, Czech, Danish, Dutch, Estonian, Farsi, Finish, French, German, Greek, Hebrew, Hindi, Hungarian, Icelandic, Irish, Italian, Latvian,
Lithuanian, Norwegian, Portuguese, Polish, Romanian, Russian, Slovak,
Slovenian, Spanish, Swedish, Turkish, Ukrainian, and Urdu languages.


သုံးချင်တဲ့ သူငယ်ချင်းများ ဒီအောက်မှာယူလိုက်ပါ


mozzila add on


မူရင်းလိပ်စာ


MP3 သီချင်းများကို ရှာဖွေ download လုပ်နိုင်မည့် Songr 1.7.3

MP3 သီချင်းများကို လွယ်ကူစွာရှာဖွေနိုင်ပြီး၊ Download လုပ်ပေးနိုင်သည့် software ပါ။
ရှာလိုသည့် သီချင်း Title, Artist, Album စသည်တို့ကို search box
မှာထည့်ပြီးရှာနိုင်သည့်အပြင် Lyrics words များနှင့်ပါ
တိကျစွာရှာဖွေနိုင်ပါတယ်။ မြန်မာ MP3 သီချင်းများအပါအဝင်
အခြားသီချင်းများကို BeeMp3.com, DilanDau.com, Goear.com, Hypster.com
Iask.com, JustHearIt.com, YouTube videos, Kohit.net, Mp3000.net
အစရှိသော MP3 search engine 14 ခုမှ Auto ရှာဖွေပေးပါတယ်။

Youtube video များကို HQ/HD quality
ဖြင့် download လုပ်နိုင်ပါတယ်။ သီချင်းတစ်ပုဒ်ကို Download မလုပ်မီ၊
double click နှိပ်ခါ နားဆင်နိုင်ပါတယ်။ 4 MB ရှိပြီး၊ Window XP sp3,
Vista, 7 များမှာ အသုံးပြုနိုင်ပါတယ်။..

http://www.ziddu.com/download/9583654/Songr_1.7.3_Setup.exe.html

Animated Smile Emoticon ပုံများကို လွယ်ကူစွာ အသုံးပြုနိုင်သော GetSmile Version 1.952

Email, Forum နှင့် MSN ကဲ့သို့သော IM Chat Client များတွင် Animated Smile
Emoticon ပုံများကို လွယ်ကူစွာ အဆင်သင့် ထည့်သွင်းအသုံးပြု နိုင်မည့်
GetSmile Emoticon ပါ။ Smile Emoticon များအနေနဲ့ Party, Jolly, Sad, Gibe,
Types, Goodies, Baddies, Force, Misc, Love စသည်ဖြင့် Category အလိုက်
ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ထည့်သွင်း အသုံးပြုလိုက်သော Emoticon
ပုံများကို အခြား ထပ်မံ ကြည့်ရှုမည့်သူ၊ လက်ခံမည့်သူအနေနှင့် မည်သည့်
Software ကိုမျှ Download လုပ်စရာမလိုပဲ Smile Emoticon များကို
တိုက်ရိုက် တွေ့မြင်နိုင်ပါတယ်။ Get Smile Emoticon များကို Gmail မှာပါ
ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
အသုံးပြုပုံမှာ
နှစ်သက်ရာ Emoticon ပုံကို အရင်ရှာ၍ ထည့်သွင်းလိုသည့် Text Body နေရာသို့
တိုက်ရိုက် Drag ဆွဲ၍ သော်လည်းကောင်း၊ Text Body နေရာတွင် Mouse Cursor
တင်၍ နှစ်သက်ရာ Smile Emoticon ပေါ်တွင် Click နှိပ်၍သော်လည်းကောင်း
အသုံးပြုနိုင်ပါတယ်။
Download လုပ်ပြီးလျှင်၊ getsmilefull v 1952 File ကို Run ၍ Install
လုပ်ပါ။ ထို့နောက် Registration Window ကျလာလျှင် အောက်တွင် ပေးထားသော
Registration Name နှင့် Key အထက်ပါပုံတွင် ပြထားသည့် အတိုင်း
ထည့်သွင်းပြီး၊ Register ကို နှိပ်လိုက်လျှင် Full and Free ဆက်လက်
အသုံးပြုနိုင်ပါပြီ။ Download File ထဲတွင် Update Smile Pack များပါ၊
ပါဝင်ပါတယ်။ ၎င်း Smile Pack များကို ထပ်မံထည့်သွင်း အသုံးပြုရန် Download
File ထဲရှိ Getsmile Pack File ကို ဖွင့်ပါ။ ပြီးလျှင် Double Click နှိပ်၍
ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 3.9 MB သာရှိပြီး၊ Window အားလုံးမှာ
အသုံးပြုနိုင်ပါတယ်။
Registration name: Hahaha
Registration Key: AQA0C-C4516-6P983-K0169
http://www.ziddu.com/download/5226641/GetSmilev1.9520OriginalSmilie...

ဗီဒီယိုဖိုင်တွေကို MP3 ဖိုင်တွေအဖြစ် စစ်ထုတ်ပေးမယ့် ဆော့ဖ်ဝ



သုံးရတာ အရမ်းလွယ်တဲ့ MP3 Extractor ဆော့ဖ်ဝဲလေးဖြစ်ပါတယ်။ 32 kbps ကနေ 320 kbps
အတွင်း လိုသလို Bitrate ကို ချိန်ယူနိုင်တယ်။ အရည်အသွေးကိုလည်း စိတ်ကြိုက်
ထိန်းချုပ်ခွင့်ပေးထားတယ်။ AVI, MOV, MPG, MPEG, DAT, MP4, ASF, WMA, WMV
ဖိုင်တွေကနေ MP3 ဖိုင်တွေအဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးနိုင်ပါတယ်။ Portable
Music Player တစ်ခုခုမှာ ထည့်သွင်းနားဆင်ဖို့ ဗီစီဒီအခွေကနေ MP3
သီချင်းဖိုင်တွေအဖြစ် မပြောင်းလဲတတ်လို့ ဆိုင်မှာသွားပြီး
သီချင်းသွင်းရတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းပါ။
ဒီဆော့ဖ်ဝဲလေးနဲ့ ကိုယ်တိုင် ကြိုက်သလောက်သာ ဖော်မက်ပြောင်းပြီး
နားဆင်ပေတော့ဗျာ။ (ဗီစီဒီအခွေထဲက ဗီဒီယိုဖိုင်တွေကို MPEGAV ဖိုလ်ဒါထဲမှာ
DAT ဖိုင်တွေအဖြစ် တွေ့နိုင်ပါတယ်။ နာမည်အားဖြင့် AVSEQ01.DAT,
AVSEQ02.DAT စသဖြင့် တွေ့ရသလို တစ်ခါတစ်ရံမှာ MUSIC01.DAT, MUSIC02.DAT
စသဖြင့်လည်း တွေ့ရတယ်။ ဒါပေမယ့် အဲဒီဗီဒီယိုဖိုင်တွေကို ဘယ်သူမဆို
အမည်ပြောင်းထားနိုင်တဲ့အတွက် အဲဒီနာမည်မျိုးမတွေ့ရင် .DAT နောက်ဆက်ပါတဲ့
ဗီဒီယိုဖိုင်တွေကိုသာ ရွေးယူဖို့ပါပဲ။ ဗီစီဒီကနေ MP3 ပြောင်းချင်ရင် အဲဒီ
DAT ဗီဒီယိုဖိုင်တွေကို ရွေးပေးရမှာပါ။) Freeware ဖြစ်ပြီး silent
ဗားရှင်းကို တင်ပေးထားတဲ့အတွက် install လုပ်ရတာလည်း အဆင်ပြေမှာပါ။ .

Cool smiley တွေနဲ့ Chat box နောက်ခံပုံ ထည့်သုံးနိုင်မယ့် Gtalk Theme



MyTheme ဆိုတာ Google Talk အသုံးပြုသူတွေအတွက် အထူးဖန်တီးပေးထားတဲ့ chat theme
တစ်ခုပါ။ Chat window မှာ နောက်ခံပုံတွေကို
စိတ်ကြိုက်ထည့်သွင်းနိုင်ဖို့နဲ
့ ထူးခြားဆန်းသစ်တဲ့ cool smiley တွေ
သုံးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတယ်။ နောက်ခံပုံအတွက် အဆင်ပြေတဲ့ အရွယ်အစားက
350 x 250 ဖြစ်ပြီး JPEG ပုံတွေပဲ သုံးလို့ရတယ်။ နောက်ခံပုံတွေကို
တစ်ပုံတည်းထည့်သွင်းနိုင်သလို ပုံအများကြီးလည်း ထည့်နိုင်တယ်။ Smiley
တွေကို အမြဲသုံးလေ့ရှိတယ်ဆိုရင် Start menu>All
Programs>DaSh>MyTheme>Help ကိုသွားပြီး အဲဒီက အညွှန်းအတိုင်း
Shortcut ဒါမှမဟုတ် Alternate word ကိုရိုက်ထည့်အသုံးပြုနိုင်တယ်။
Alternate word ကိုသုံးမယ်ဆိုရင် ရှေ့က ":" ခံပြီးရိုက်ရမယ်။ MyTheme ကို
install လုပ်ဖို့အတွက် ဒေါင်းလုတ်လုပ်ထားတဲ့ MyTheme.exe ဖိုင်ကို
ကလစ်နှစ်ချက်နှိပ်ပြီး Install button ကိုကလစ်လုပ်လိုက်ရုံပါပဲ။
Destination folder ကိုပြောင်းဖို့မလိုပါဘူး။ Theme ကိုသုံးမယ်ဆိုရင်
အရင်ဆုံး ဖွင့်ထားတဲ့ chat window အားလုံးကို ပိတ်လိုက်ပါ။ ပြီးရင် Gtalk
ရဲ့ Settings>Appearance>Chat Theme မှာ MyTheme ကို
ရွေးပေးရင်ရပါပြီ။ နောက်ခံပုံပြောင်းချင်တယ်ဆိုရင် Start menu>All
Programs>DaSh>MyTheme>Change Backround ကိုသွားပြီး
ပြောင်းလိုက်ရုံပဲ။ အဲ... ပုံပြောင်းပြီးတဲ့အခါမှာ လက်ရှိဖွင့်ထားတဲ့ chat
window တွေကို တစ်ခါပိတ်ပြီး ပြန်ဖွင့်ဖို့လိုလိမ့်မယ်။ နောက်ခံပုံကို
refresh လုပ်တဲ့သဘောပေါ့။ တစ်ခုသတိပြုရမှာက smiley တွေ သုံးတဲ့အခါ
အခြားတစ်ဖက်ကလည်း MyTheme ကိုသုံးမှ ဒီဖက်က ရိုက်ထည့်လိုက်တဲ့ smiley
တွေကို မြင်တွေ့ရမှာပါ။ MyTheme ကို လက်တွေ့သုံးကြည့်ပြီး
နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။



Gmail ၊ Gtalk ကနေ ကိုနဲ့ Chat တဲ့သူရဲ့ Location ကိုကြည့်နည်း

Gmail ၊ Gtalk ကနေ ကိုနဲ့ Chat တဲ့သူရဲ့ Location ကိုကြည့်နည်း


1)ပထမဦးဆုံး Gmail ကိုသွားပြီး Sign In ၀င်ပါ။
2) ပြီးရင် Inbox ၊ Spam ကိုသွားပြီး ကိုယ့်ကိုပို့ထားတဲ့ Mail ကိုနှိပ်လိုက်ပါခင်ဗျား။

3) ပြီးရင် အဲ့ဒီ Mail ရဲ့ညာဘက်ထောင့်အပေါ်ဆုံးမှာ Reply နဲ့ Download Arrow
ဆိုတာ
ရှိပါတယ်ခင်ဗျား။ အဲ့ဒီ Down Arrow ကိုနှိပ်ပြီး Show Original ကိုနှိပ်လိုက်ပါ။

4) ပြီးလို့ရှိရင် နှောက်ထက် Pop Up Window တခုတက်လာပါ့မယ်ခင်ဗျား။
တက်လာရင် အဲ့ဒီမှာ Received: From ******************* ([**************)]
ဆိုတာကိုတွေ့ပါလိမ့်မယ်ခင်ဗျား။ အဲ့ဒီ ဂွင်းစ ၊ ဂွင်းပိတ်ထဲကဟာက ကိုယ့်ကိုပို့လိုက်တဲ့
Mail ပိုင်ရှင်ရဲ့ Computer IP Address ပါခင်ဗျား။ အဲ့ဒီ Text File ထဲမှာ
ပို့လိုက်တဲ့ Mail ပိုင်ရှင်ရဲ့ Computer Information တွေပါဘာတယ်ခင်ဗျား။ [gmail-icon2.png]

5) ပြီးရင် အဲ့ဒီ IP Address ကိုကူးပြီး ဒီမှာ သွားကြည့်လိုက်ပါခင်ဗျား။