Saturday, February 5, 2011

Windows 7 ကိုပေါ့ပေါ့ပါးပါးနဲ့ Genuine ဖြစ်အောင်လုပ်မယ်

သူငယ်ချင်းများအတွက် လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး Windows 7 အား Genuine လုပ်နည်းလေးကိုဝေငှပေး

လိုက်ပါတယ်။Genuine Windows 7 များသည်ဈေးအလွန်ကြီးမြင့်သောကြောင့်ဝယ်ယူမသုံးစွဲနိုင်ပါ။Copy ခွေလေးများကို

သာအားကိုးရသောကြောင့် Update လုပ်မရခြင်း၊မော်နီတာမျက်နှာပြင်မဲလျှက် ညာဘက်အောက်ဒေါင့်တွင်“ The Copy of window is

not genuine” ဆိုသောစာသားပေါ်နေခြင်းတို့ ကြုံတွေ့ ရပါသည်။အချို့ နိုင်ငံများတွင်မတော့ Window အတုတင်ထားသောကြောင့်အဖမ်း

အဆီးပင်ခံရသည်ဟုကြားဘူးပါသည်။ဒီလိုအဖြစ်မျိုးများမှကင်းဝေးရန် ရည်ရွယ်လျှက်ဝေငှပေးရခြင်းဖြစ်ပါသည်။

(၁) ပထမဦးစွာသင်၏စက်တွင် Anti Virous Software နှင့် Internate Security ကဲ့သို့ ဆော့ဖ်ဝဲလ်များတင်ထားပါက ခဏ Details

လုပ်ထားပါ။ပိတ်ထားပါ။

(၂) သင့်စက်တွင် Win.rar မရှိပါက Install လုပ်ပါ။၎င်းနောက် CWrar ဖိုင်လေးအား Download လုပ်ပါ။Win.rar ကိုအင်စတောလုပ်ရ

ခြင်းမှာ CWrar ဖိုင်အားဖြေလို့ ရရန်အတွက်ဖြစ်ပါသည်။(အောက်တွင်နှစ်ခုစလုံးအား ဒေါင်းလော့လုပ်ရန်ပေးထားပါသည်)

(၃) ပြီးလျင်CWrar ဖိုင်အားဒဘယ်ကလစ်ပေးဖြေလိုက်ပြီး ရလာသော exe ဖိုင်ကို ထပ်ကာဒဘယ်ကလစ်ပေးကာ Install လုပ်လိုက်ပါ။

(၄) Install လုပ်ပြီးသည်နှင့်သင်၏စက်မှာအလိုအလျောက် Restart ချသွားပါလိမ့်မည်။ပြန်ပြီးပွင့်လာသည်နှင့်သင်၏စက်ရှိ Windows 7 မှာ Genuine ဖြစ်သွားပြီဖြစ်ပါသည်။

(၅) Genuine ဖြစ်သွားကြောင်းအား My Computer တွင် R-Click ထောက်ပြီး Properties ကို Click ပေးသောအခါ ကျလာသော

System Box ၏ညာဖက်အောက်တွင် ask for genuine Microsoft Software စာသားပါ အပြာရောင် Genuine Logo ကိုမြင်တွေ့ ရခြင်းအားဖြင့်သိရှိနိုင်ပါသည်။

(၆) ထိုအခါမှ အထက်အပိုဒ်တစ်တွင် Details လုပ်ထားသော Software များကိုပြန်ဖွင့်ပေးလိုကပေးလိုက်ပါ။

လိုတာလေးတွေအောက်မှာဒေါင်းယူလိုက်ကြပါ။

~Win.rar Software အား ဒီနေရာ လေးမှာယူပါ။

~CW.rar Software အားဒီနေရာ လေးမှာယူပါ။

Friday, February 4, 2011

VDownloader 2.9.435

V downloader အကြောင်းရေးပေးမယ်။Internet ကနေ net တွေသုံးတဲ့အခါမှာ video file တွေ music file တွေ downloader လုပ်တဲ့ဆော့လ်ဝဲအများစုက လက်ရှိ v downloader အကြောင်းရေးပေးမယ်.။Free ချပေးတဲ့ edition software တစ်ခုလောက်ပါဘဲ။အရင်ဆုံး free ware ဆိုပေမယ့်လည်း အောက်က ကျွှန်မက upload တင်ထားပေးပါတယ်။

VDownloader 2.9.435



Installation ပေးလိုက်တဲ့အခါ တွေ့ရတဲ့အပိုင်းမှာ Nitro pdf reader ဆိုတာ့ အပိုဆောင်း pdf reader တစ်မျိုးပါ ထည့်သွင်းထားတာကိုေ တွ့ရတယ်။ပုံမှန်တိုင်းပဲ လိုချင်လျှင်တော့ check (install) မလိုလျှင်တော့ do not install ပေးပြီး Next ကိုဆက်သွားလိုက်ပါ။ပြီးလျှင်တော့ Desktop မှာ V downloader တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ထပ်ပြထားတာကတော့ nitro pdf reader ပုံကို ပြထားခြင်းဖြစ်ပါတယ်။



ဒါက you tube video က fire fox browser ကနေ link ကိုကူးယူပြီး ဘေးနားမှာ ပြထားသော (Output format ကတော့ လက်ရှိ v downloader ရဲ့ downloading and converting လုပ်နိုင်သော file types (- VDownloader can save videos in many formats, including AVI, MPG, iPOD, PSP, 3GP, VCD, SVCD, DVD, FLV and MP3 (audio only).- Search and find videos in many sites with just one click. Its integrated search engine can search for videos in many video sites at the same များကို ပြထားခြင်းဖြစ်ပါသည်။လင့်သာ ထည့်ပြီး Download ကိုနှိပ်လိုက်ပါ။



ပြထားတာကတော့ Web (Supported websites :
- Youtube (in HD if available)
- Google Video
- DailyMotion
- MySpace
- Veoh
- GoFish
- Netlog
- Blip TV
- MyVideo.de
- Porkolt
- Metacafe
- Break
- 123 Video
- Bolt
- Vreel (Beta)
- Clevver
- Tudou
- VSocial
- Lulu TV
- Guba
- HideBehind
- Dale al Play
- Yahoo! Video
- Tu.tv Hispavista
- Vimeoသုံးလိုရသော web များကို ပြထားခြင်းဖြစ်ပါတယ်။ကဲ သုံးလိုက်ကြဦး

Friday, November 26, 2010

သတိရနေတာပါ......

နေသားတကျမရှိခဲ့ပါဘူး

သတိတရ ရှိတဲ့ အခါ မျက်လုံးတွေကို

မှိတ်ထားလိုက်တယ်

စကားလုံးတွေ မရှိခဲ့ပါဘူး

နင်ပြောသမျှ ခေါင်းငုံ့ခံဖို့ ငါက အသင့်ပါ

တကယ်ဆို……..

ငါသိပ်ချစ်တဲ့နင့်ကို

(တခါတရံ သတိရတဲ့အခါ)

ငါသိပ်ချစ်တဲ့ နင့်အကြင်နာတွေ

(တခါတရံ လိုအပ်တဲ့အခါ)

သတိရခြင်းတွေ မျိုသိပ်လို့

လွမ်းဆွတ်ခြင်းသက်သက်နဲ့

အဖော်ပြုနေခဲ့တဲ့သူပါ

Sunday, September 12, 2010

Portable wxPyDict - Dictionary Lookup Program!! English to Myanmar ရော Myanmar to English ရော ရတဲ့wxPyDict ကို ကျွန်တော် Portable version လုပ်ပြီး sha

Portable wxPyDict - Dictionary Lookup Program created by catman

ဒီ wxPyDict ဆိုတဲ့ Dictionary Lookup program လေးကို ကျွန်တော် Portable version လုပ်ပြီး
share လိုက်ပါတယ်

Portable ရဲ့အားသာချက်ကတော့ စက်ကို ၀န် ထုပ်ဝန်ပိုးမဖြစ်တော့ဘူးပေါ့
လိုချင်..သုံးချင်တဲ့အချိန် Run ပြီးသုံးရုံပါပဲ..

ဒီ wxPyDict က..မြန်မာလိုရော..အင်္ဂလိပ်လိုရော vice versa ရတဲ့ အကောင်းဆုံး Dictionary Lookup Program လေးပါ


ဒီ Portable wxPyDict - Dictionary Lookup Program ကတော့ size 6.46 Mb ပဲရှိပါတယ်

***window 7 မှာလည်း အဆင်ပြေပါတယ် ***

Free Download From MediaFire
Hi Friends Download Here
click here to download


Hi Friends Download Here
MediaFire က Download မရရင် ဟောဒီ ifile.it ကဒေါင်းယူပါ

Windows 7 ကို လျင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ

Window 7 ကို လျင်မြန်စွာပြောင်းလဲအသုံးပြုခြင်း။

Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation တွေကို disable
လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါ
တယ်။
Disable လုပ်နည်းကတော့ Run Box ကနေ SystemPropertiesPerformance လို့ရိုက်ပြီး Visual Effects Tab တွင်
Animate windows when minimizing and maximizing ကို uncheck လုပ် ပြီး
OK ကိုနှိပ်ရမှာဖြစ်ပါတယ်။

Windows 7 boot time ကိုမြှင့်တင်ခြင်း။
Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့်
boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို
တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင် msconfig လို့ရိုက်ထည့်ပါ။ ထို့နောက် boot
tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of
processors တွင် မိမိ ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို
ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, 8
ထို့နောက် Apply လုပ်ပြီး OK ကိုနှိပ်ပါ။ (ပုံ-၁)
မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
Application တွေအတွက်လိုအပ်တဲ့ font တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font
တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို
မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
ဒါမှမဟုတ်ရင် Run Box မှတစ်ဆင့် control fonts ကိုရိုက်ပြီးသွားနိုင်သည်။

Windows 7 shutdown time ကိုမြှင့်တင်ခြင်း
Windows 7 ကို shutdown ပြုလုပ်ခြင်းဟာ Windows XP, Windows Vista
တို့ထက်ပိုမြန်ပါတယ်။ ဒါပေမဲ့ registry အတွင်းအနည်းငယ်
အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်
ပြောင်းလဲပုံကတော့ Run Box တွင် regedit လို့ရိုက်နှိပ်ပြီး Enter လုပ်ပါ။ ထို့နောက် HKEY_ LOCAL_MACHINE မှ SYSTEM တွင် CurrentControlSetControl ကို right-click လုပ်ပြီး
Wait To Kill Service TimeOut ကိုရိုက်ထည့်ကာ value 12000 (12 seconds) ကို
default အဖြစ်ထားရမှာဖြစ်ပါတယ်။ ထို့နောက် OK လုပ်ပြီး PC ကို restart
လုပ်ပါ။

Search Indexing feature ကို disable လုပ်ပါ။
မိမိသိမ်းဆည်းထားတဲ့ဖိုင်များဟာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တယ်ဆိုရင်တော့ Search Indexing feature ကိုပိတ်ထားသင့်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် services.msc လို့ရိုက် ထည့်ပြီး Windows Search ကို
right-click လုပ်ကာ disable ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။

Taskbar thumbnail ရဲ့ဖော်ပြချိန်ကိုလျှော့ ချခြင်း။
Taskbar တွေကို thumbnail အဖြစ်ဖော်ပြခြင်း ဟာ Windows 7 ရဲ့အကောင်းဆုံး
feature ဖြစ် ပါတယ်။ ဒါပေမဲ့ System ကိုနှေးကွေးစေတာကြောင့် ၎င်းင်း
thumbnail တွေရဲ့ဖော်ပြချိန်ကို လျှော့ချပေး ခြင်းဖြင့် system
ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှာ regedit လို့ရိုက်ပြီး HKEY_ CURRENT_USER >Software>
Microsoft>Windows>Current Version>Explorer> Advanced တွင် right-click
လုပ်ပြီး New ကိုကလစ်ထောက်ပြီး DWORD (or) DWORD Value ကိုရွေးကာ ThumbnailLivePreview HoverTime
လို့ရိုက်ထည့်ရပါမယ်။ ထို့နောက် ရိုက် ထည့်လိုက်တဲ့စာသား ပေါ်တွင်
right-click လုပ်ပြီး modify လုပ်ရပါမယ်။ ထို့နောက် Decimal Base တွင်
200 (0.2 seconds) လို့ထည့်ရပါမယ်။ ထို့ နောက် OK လုပ်ပြီး ကွန်ပျူတာကို
restart လုပ်ရပါ မယ်။
System Sounds ကို မလို အပ်လျှင်ပိတ်ပစ်ပါ။
Windows 7 ရဲ့ system sound ကိုမလိုအပ် လျှင် ပိတ်ထားသင့်ပါတယ်။
ပိတ်ထားလိုသူများအနေဖြင့် Run Box တွင် mmsys.cpl လို့ရိုက်ထည့်ပြီး Sounds tab တွင် No Sounds ကိုရွေးကာပြုလုပ်နိုင်ပါတယ်။
မလိုအပ်တဲ့ Startup ပရိုဂရမ်တွေကိုပိတ်ပါ။
အချို့ပရိုဂရမ်များဟာ Windows စတင်အလုပ် လုပ်ချိန်မှာ အလိုအလျောက်အလုပ်လုပ်ပါတယ်။ အလိုအလျောက်
အလုပ်လုပ်တဲ့ ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java
စသည်တို့ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် system ကို
လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် msconfig လို့ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်တဲ့ပရိုဂရမ်များကို
uncheck လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါ တယ်။

Aero Theme ကို disable လုပ်ပါ။
Windows 7 ရဲ့ Aero Theme ဟာနှစ်သက် ဖွယ်ကောင်းပေမယ့် system
ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ Aero Theme ကို disable
လုပ်လိုသူတွေအတွက် desktop တွင် right-click လုပ်ပြီး Personalise ကို
ရွေးကာ Windows Color tab ကိုကလစ်လုပ်ပြီး Enable Transparency box ကို uncheck လုပ်ရပါမယ်။ ထို့နောက် Open classic appearance properties for
more color options တွင် standard (သို့) Basic theme ကို
ရွေးချယ်ကာပြုလုပ်နိုင်ပါတယ်။

Office 2010 နဲ့ ဓါတ်ပုံရဲ့နောက်ခံ back ground ကိုဖျက်ရအောင်

Office 2010 မှာ Remove Background ဆိုတဲ့ tool အသစ်လေးကိုသုံးပြီး back ground ကိုဖျက်ရအောင်

Format> Picture Tools မှာရှိပါတယ်

1. ပထမဦးဆုံး ဖိုင်အသစ်တခုဖွင့်လိုက်ပါ ပြီးရင် Insert > Picture ကနေတဆင့် မိမိမှာရှိတဲ့ဓါတ်ပုံလေးတပုံကို
ထည့်လိုက်ပါ။


2. အဲဒီအခါ Remove Background ဆိုတဲ့ကောင်လေးကိုတွေ့ရပါလိမ့်မယ်။


3. အဲဒီ မှာ click နှိပ်လိုက်တယ်ဆိုရင်ပဲ လေးထောင့်အကွက်လေးတက်လာပါလိမ့်မယ်။

ဒီနေရာမှာတခုသတိထားရမှာက ကိုယ်လိုချင်တဲ့နေရာကိုလေးထောင့်အကွက်လေးကိုရွေ့ပေးဖို့ပါပဲ။

ပြီးတော့မိမိစိတ်တိုင်းကျမရဘူးဆိုရင်တော့ Mark Areas to Keep နဲ့ Mark Areas to Remove နေရာမှာကြိုက်သလိုပြန်ချိန်ပေးလို့ရပါသေးတယ်။ စိတ်တိုင်းကျပီဆိုရင်တော့ Keep Changes ပေါ့။



ဒါဆိုရင်တော့ မိမိ လိုချင်တဲ့နေရာအစိတ်အပိုင်တွေကိုဓာတ်ပုံထဲက back ground ကိုဖျက်ပြီး စိတ်ကြိုက်ထည့်လို့ရပြီးပေါ့နော်...။

.................................................................................................................................................................................

Microsoft Office 2010 Blue Edition.14
ဒါကတော့ Microsoft Office 2010 Blue Edition.14 လေးပါ ကျွန်တော့်ကို တောင်းထားတာကြာပါပြီး ကျွန်တော်မအားလို့ မတင်ဖြစ်တာ ကျွန်တော် Connected ကလည်း သိမ့်မကောင်းလို့ ကြာသွားတာပါ အခု ကျွန်တော် တင်ပေးလိုက်ပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ် Microsoft Office 2010 Blue Edition.1 4 ကို လိုချင်ရင် အောက်မှာ Download ယူလိုက်ပါ။ 789.58mb 16 ၊ ဖိုင်ခွဲထားပါတယ် အားလုံးဒေါင်းယူလိုက်ပါ။
part1 ကိုဖြေလိုက်တာနဲ့ အားလုံးဖြေသွားမှပါ ပြီးရင်သုံးလို့ရပါပြီ

( key: 7XD2X-JWJ94-BCHBW-W9WXP-J2WPT )
Download ifile.it | part1part2part3part4part5part6part7part8part9part10part11 ၊ part12 ၊ part13 ၊ part14 ၊ part15 ၊ part16


Download mediafire | part1part2part3part4part5part6part7part8part9part10part11part12part13part14part15part16
ညီနေမင်း

သီချင်းတွေမှာ စာသားထည့်ဖို့

nn htunnkyaw

to me, naywynnhtunn
show details Jul 28

ကိုယ့်စိတ်ကြိုက် သီချင်းတွေမှာ စာသားနဲ့ အဆိုတော်ပုံတွေ ထည့်ဖို့ Jet Audio ကို အသုံးပြုနိုင် ပါတယ်။ အတတ်နိုင်ဆုံး Jet Audio ရဲ့ နောက်ဆုံး version ကို ယူထား ဖို့တော့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် version အဟောင်းတွေမှာ ရ/မရ ဆိုတာကို ကျွန်တော် သေချာမသိလို့ပါ။ အခု ကျွန်တော့်စက်ထဲမှာ ထည့်ထားတာကတော့ JetAudio.v7.0.2.3010.Plus.VX ဖြစ်ပါတယ်။
ပထမဆုံး ကိုယ်ပြုပြင်ချင်တဲ့ သီချင်းဖိုင် ကို Right click နှိပ်ပြီး၊ ပေါ်လာတဲ့ menu ကနေ jet Audio - Edit Tag ကိုသွားပါ။
foto

"Edit Tag" window box လေး ပေါ်လာပါလိမ့်မယ်။ သေချာ ကြည့်လိုက်မယ် ဆိုရင် အဲဒီ box လေးမှာ Basic, Lyirc, Picture ဆိုပြီး Tab menu လေး သုံးခုပါတာကို တွေ့ပါလိမ့်မယ်။ 'Basic' tab မှာ ကျွန်တော်တို့ ပြုပြင်မယ့် သီချင်းရဲ့ Title,Artist,Album,Year,Gene စတာတွေကို ဖြည့်ပါ။
foto

'Lyric' tab ကို သွားပါမယ်၊ အဲဒီမှာ သီချင်းစာသားကို ရိုက်ထည့်ချင်ထည့် (ဒါမှ မဟုတ်) Copy-Paste လုပ်ပြီး ထည့်ချင်ထည့် . . . သင့်စိတ်ကြိုက် ထည့်ပါ။ သီချင်းစာသားတွေကိုတော့ www.azlyrics.com မှာ သွားရှာ နိုင်ပါတယ်။ www.google.com မှာပဲ Lyric of **** ဆိုပြီးလည်း ရှာနိုင်ပါတယ်။ (**** ဆိုတာရဲ့ နေရာမှာ သင်ရှာချင်တဲ့ သီချင်းနာမည်ကို ရိုက်ရမှာ ဖြစ်ပါတယ်။ သီချင်းအမည်ရော အဆိုတော်အမည်ပါ, ပါရင် ပိုကောင်းပါတယ်၊ ဥပမာ- Lyirc of Killers are quiet - Slipknot )
foto

foto

Lyrics အမျိုးအစား နှစ်ခု(Static Lyrics and Synchronized lyrics)
ဒီနေရာမှာ ကျန်နေမှာ စိုးလို့ ထည့်ရေးလိုက် တာပါ၊ Lyrics နှစ်မျိုး ရှိပါတယ်။

Static Lyrics - ဆိုတာကကျ အသေပါ၊ ဒီစာတွေကို ဒီအတိုင်း ပုံသေ ပြနေမှာ ဖြစ်ပါတယ်။
Synchronized Lyrics - ဆိုတာကကျ Time line တစ်ခုနဲ့ သွားပါတယ်၊ ဥပမာ ပြောရရင် ကျွန်တော်တို့ တွေ့နေကျ VCDတွေ မှာလိုပဲ စာသားတွေကို အရောင် တစ်မျိုးနဲ့ ထပ်ဖုံးသွားတာ၊ ပြောင်းသွားတာ မျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Synchronized Lyrics ကို MP3 Player တွေမှာ စာသားပေါ်စေချင်တဲ့ အခါ သုံးနိုင်ပါတယ်။
တစ်ဆက်တည်း ပြောရရင် အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်း စာသားပေါ်အောင် လုပ်လို့ ရနေပါပြီ။ ဒါပေမယ့် တစ်ခု သတိထားရမှာက Lyrics စာသားဖိုင် နဲ့ သီချင်းဖိုင်, ဖိုင်အမည်ခြင်း တူရပါ့မယ်။ MP3 Player ထဲကို အဲဒီ သီချင်းဖိုင် နဲ့ စာသားဖိုင် တွေကို ထည့်လိုက်ပါ။ ပြီးရင် သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကို သုံးစက္ကန့် လောက် နှိပ်ထားလိုက်ပါ, သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်။

အခု Jet Audio မှာလည်း အဲဒီ Synchronized Lyrics တွေကို ရေးသားဖို့ လုပ်ပေးထား ပါတယ်၊ 'Lyrics' tab မှာ Run Lyric Maker (for Synchronized Lyric) ဆိုတဲ့ စာသားလေးကို အောက်နားလေးမှာ တွေ့မယ် ထင်ပါတယ်။ အဲဒီကောင်လေးကို ကလစ်လုပ်ပြီး Synchronized Lyrics တွေကို သင့်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အဲဒါလေးက လုပ်ရတာ နည်းနည်း လက်ဝင် ပါတယ်၊ သီချင်းကို ဖွင့်လိုက်, Time line သတ်မှတ်လိုက် နဲ့ အချိန်လည်း ပေးရ ပါတယ်။ အသင့်ရေးပြီးသား Synchronized Lyrics ဖိုင်တွေကို ဒီဆိုဒ်မှာ သွားယူ နိုင်ပါတယ်။

နောက် 'Picture' tab ကို သွားပါမယ်၊ အဲဒီမှာ Browse ကနေ သင့်ထည့်ချင်တဲ့ ပုံရှိရာကို သွားဖွင့်ပါ။ မူလပုံ အတိုင်းပဲ ပေါ်စေချင်တယ် ဆိုရင် 'Resize image to fit' က အမှန်ခြစ်လေးကို ဖြုတ်ခဲ့ပါ။ ကျွန်တော်ကတော့ 200x200 အရွယ် ပုံသေးလေးပဲ ပေါ်စေချင်လို့ 'Resize image to fit - 200x200' ကိုရွေးပါတယ်။ ပြီးရင် Apply ၊ Ok လုပ်ပါ။
foto

foto

သင် ပြင်ထားတဲ့ သီချင်းဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ၊ သင်ထည့်ထားတဲ့ စာသားနဲ့အတူ ဓါတ်ပုံလေးပါ ပေါ်လာပါလိမ့်မယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါလိမ့်မယ်၊ ဒါကတော့ ကျွန်တော် လုပ်ထားတဲ့ Static Lyrics နဲ့ သီချင်းလေးပါ -
foto

စကားချပ် - Lyrics တွေကို Window Media Player နဲ့လည်း ထည့်လို့ ရတယ်လို့ သိရပါတယ်။ အသေးစိတ် ကိုတော့ IT Men ရဲ့ ဘလော့ မှာ ရေးထား ပါတယ်၊ သွားဖတ် ကြည့်စေချင်ပါတယ်။ [Click here to IT Men]