Sunday, September 12, 2010

မိမိဓါတ်ပုံလေးတွေကို Resolution မကျပဲ ချုံ့ နည်း

မိမိဓါတ်ပုံလေးတွေကို Resolution မကျပဲ ချုံ့ နည်း



PhotoShop Software မှာ ချုံ့ လိုက်လဲ ဖြစ်ပါတယ်လို့  စောဒကတက်လို့ ရပါတယ်…


PhotoShop Software သုံးခဲ့ရင်တောင်မှ Resolution မကျပဲ ချုံ့ တတ်ဖို့  လိုပါတယ်…


နိုင်ငံခြားမှာနေတဲ့သူအဖို့  ဓါတ်ပုံ Size ဘယ်လောက်ကြီးကြီး တစ်နိုင်ငံနဲ့  တစ်နိုင်ငံ Send Files ကို အသုံးပြုပြီးတောင် ပို့ လို့ ရပါတယ်…


မြန်မာနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံက တစ်ခြားနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲ ဖြစ်ဖြစ် Send File နဲ့  ပို့ လို့ မရသလို ဓါတ်ပုံ Size ကြီးနေရင်လဲ ပို့ တာကြာသလို ယူတာလဲ ကြာပါတယ်…


ဒီတော့ ပို့ မဲ့ပုံကို Size ချုံ့ ပေးလို့  လိုလာပါပြီ…


နောက်တစ်ခုက မိမိဓါတ်ပုံကို Background အသုံးပြုချင်တဲ့သူတွေအတွက်ပါ…


ဓါတ်ပုံ Size က မိမိရိုက်တဲ့ Camera ရဲ့ Resolution ပေါ်မူတည်ပြီး Size အကြီးကြီး ဖြစ်နေတတ်ပါတယ်…


Monitor ရဲ့ အများသုံးတဲ့ Resolution က 1024x768 Pixels ဒါမှမဟုတ် Wide Screen Monitor အတွက် 1280x800 Pixels ရှိတတ်ပါတယ်…
ဒါကြောင့် Ning Website Background အတွက် Resolution ကို ချပေးဖို့  လိုအပ်လာပါတယ်…


ခု လွမ်းရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို ချုံ့ ပြပါမယ်…


မူလဓါတ်ပုံရဲ့ Resolution က 4000x3000 Pixels ပါ… Size က 3.25MB ရှိပါတယ်…


ပထမဆုံးသုံးမဲ့နည်းက မိမိစက်မှာ Microsoft Office ထည့်ထားရင် Microsoft Office Picture Manager ဆိုတာ ပါလာပြီးဖြစ်ပါတယ်…



Microsoft Office Picture Manager ကို အသုံးပြု၍ ပုံချုံ့ ခြင်း


၁။ မိမိချုံ့ လိုသောပုံမှာ Right Click >>>Open with>>>Microsoft Office Picture Manager ကို Click လုပ်ပါ…


Select MOM

၂။ Tool Bar ပေါ်ရှိ Edit Pictures… ဆိုတာကို Click လုပ်ပါ… ဓါတ်ပုံအများကြီးကိုလဲ တပြိုင်တည်း ရွေးပြီး လုပ်နိုင်ပါတယ်…


Edit

၃။ ညာဖက်မှာ Edit Pictures Dialog Box ပေါ်လာပါလိမ့်မယ်… Compress Pictures ကို Click လုပ်ပါ…


Compress

၎။ မိမိပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်… Documents ဆိုတာကို Click ပြုလုပ်ပါက Compressed ပြုလုပ်ပြီးလျှင် ရှိမဲ့ပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်…


Document

၅။ OK ပေးပြီး Windows ကို Close ပြုလုပ်လိုက်လျှင် Save ပြုလုပ်မလားမေးသော Dialog Box ပေါ်လာပါလိမ့်မယ်… Save ပြုလုပ်ပါက ချုံ့ ပြီးပုံကို သိမ်းသွားပါလိမ့်မယ်…


Save

မိမိမူရင်းပုံကို မပျက်စေလိုလျှင် Copy ကူးပြီးမှ ချုံ့ ပါ… သိမ်းပြီးဓါတ်ပုံကို စစ်ကြည့်လျှင်

Dimensions 1024x768 နှင့် Size 209KB ခန့်  သာရှိနေသည်ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…



PhotoShop ဖြင့် ပုံချုံ့ ခြင်း


၁။ PhotoShop CS5 ကို ဖွင့်ပြီး File Open နဲ့  မိမိပုံကို ဖွင့်ပါ…


၂။ Image>>>Image Size… ကို Click ပြုလုပ်ပါက Image Size Dialog Box ပွင့်လာပါလိမ့်မယ်…


Image Size...

၃။ Image Size Dialog Box မှာ မိမိရဲ့ မူလပုံရဲ့ Pixel Dimensions ကို တွေ့  မြင်ပါလိမ့်မယ်…


Image Size

၎။ Pixel Dimesions ကို Width 4000 နေရာတွင် 1024 လို့ ရိုက်လိုက်တာနဲ့  Automatically Height မှာ 768 ပြောင်းသွားပါလိမ့်မယ်… Constrain Proportions ကို Tick လုပ်ထားလို့ ပါ…


ပုံမှာပြထားတဲ့အတိုင်း Drop Down List ကနေ Bicubic Sharper(best for reduction)ဆိုတာကို ရွေးပေးထားရမှာ ဖြစ်ပါတယ်…


Best for reducing

OK ပေးပြီး Save လုပ်ပါက JPEG Options ပေါ်လာလျှင် Maximum နဲ့  သိမ်းပါ…


Maximum

ချုံ့ ပြီးပုံကို စစ်ကြည့်လျှင် Dimensions 1024x768 နှင့် Size 316KB ခန့် သာ ရှိနေသည်ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…



ချုံ့ ပြီးပုံများက Size ငယ်သွားသော်လည်း ကြည်လင်တာကို တွေ့ မြင်ရမှာပါ…

Blog များတွင် အရောင်လေးနဲ့  ရေးတင်ကြမယ်










Blog များတွင် အရောင်လေးနဲ့  ရေးတင်ကြမယ်


နောက်ပိုင်း Ning Website ဟာ Blog တင်တာနဲ့  ပတ်သက်ပြီး တခြား Website များနဲ့  ပုံစံတူ ပြုပြင်လာတဲ့အခါ စာရေးတင်သူများအတွက် လွယ်ကူလာပါတယ်…


မိမိရေးတင်တဲ့စာများမှာ အရောင်လေးနဲ့  တင်တဲ့အခါ စာဖတ်တဲ့သူ လွယ်ကူစွာ ဖတ်နိုင်တဲ့အတွက် စိတ်ဝင်စားမှုလည်း ပိုလာမယ်လို့  လွမ်းထင်ပါတယ်…


စာရေးတင်တဲ့အခါ ဘယ်လိုအရောင်နဲ့  ခွဲရေးသင့်တယ်ဆိုတာ ရေးထားသောစာများ ဖတ်ရင်းနဲ့  လေ့လာသွားသင့်ပါတယ်…



Ning Website တွင် မိမိရေးသားသောစာအား အရောင်ဖြင့် ထည့်ခြင်း


လွမ်းရေးသားနည်းကို အဆင့်ဆင့် တင်ပြပေးသွားပါမယ်…


၁။ မိမိရေးသားသောစာကိုMicrosoft Word မှာ အရင်ရေးသားထားရပါမယ်… ရေးထားသောစာမှာ အရောင်နဲ့  Design ကို ပြုပြင်ထားရပါမယ်…


ကဗျာကို Center align လုပ်ရေးတာ လှပေမဲ့ ဆောင်ပါး၊ ၀တ္ထုရေးတင်တဲ့အခါ Left Align or Justify က ကြည့်လို့  ကောင်းပါတယ်…


Poem Sample


၂။ မိမိစိတ်ကြိုက် ပြုပြင်ပြီး စာ၊ ကဗျာများကို Select All လုပ်ပြီးCopy ကို Click လုပ်ခဲ့ပါ…


Copy on Poem


၃။ မိမိစာမျက်နှာရဲ့ Profile Photo အောက်ဖက်မှာ ဘလော့များ (Blog Posts) ဆိုတာကို Click လုပ်ပြီး Add a Blog Post ဆိုတာကို Click လုပ်ရင်ပဲဖြစ်ဖြစ်၊ မိမိရေးသားထားသော Blog Post များအောက်ဖက်ရှိ +Add a Blog Postဆိုတာကို Click လုပ်ရင်ပဲဖြစ်ဖြစ် မိမိရေးထည့်ရမည့် Box ပေါ်လာမှာ ဖြစ်ပါတယ်…


Add blog1

Add Blog2


၎။ Micosoft Word မှာ Copy လုပ်ထားတာကို Box ရဲ့ Rich Text မှာ Paste လုပ်ထည့်ရမှာ ဖြစ်ပါတယ်… ကိုယ်ရေးတဲ့ စာ၊ ကဗျာ ခေါင်းစဉ်ကို Title မှာ ထည့်ပေးရမှာပါ…


Insert Poem


၅။ စာ၊ ကဗျာများတွင် ပုံထည့်လိုသောအခါ ထည့်လိုသောနေရာတွင် Cursor ချထားပါ…


Tool Bar ပေါ်တွင်ရှိInsert Image ကို Click လုပ်သည့်အခါ Dialog Box ပေါ်လာပါလိမ့်မယ်…


Insert Image

မိမိစက်ထဲတွင်ရှိသောပုံကို ထည့်လိုသောအခါBrowse ကို Click လုပ်ပြီး ရွေးချယ်ထည့်ရပါမယ်…


ပုံရဲ့ HTML Code ကို သိပါက http://ဟု ပေါ်နေသော Box ကို အသုံးပြုပြီး ထည့်ရမှာ ဖြစ်ပါတယ်…


Insert Dialogue


၆။ ထည့်ပြီးသည်နှင့်HTML ကို Click လုပ်ကြည့်လျှင် Code များရေးထည့်ထားပြီး ဖြစ်တာကို တွေ့  ရပါလိမ့်မယ်… HTML Code သဘောတရားကို အနည်းငယ်တီးခေါက်မိပါက တချို့  သောနေရာများကို Code ထဲတွင် ပြုပြင်ပေးနိုင်ပါတယ်…


HTML Code


၇။ Tag တွင် မိမိနာမည်သော်လည်းကောင်း၊ ၀တ္ထု၊ ကဗျာ၊ ဆောင်ပါး စသဖြင့်သော်လည်းကောင်း မိမိပိုင်စာမျက်နှာပေါ် မူတည်၍ ထည့်ပေးရပါမယ်…
တင်မည့် ဘလော့ကို
preview အရင် ကြည့်ပါ… ပြင်ရန်လိုအပ်ပါက Back နဲ့  ပြန်သွားပြီး ပြုပြင်ပါ… စိတ်ကြိုက်ဖြစ်ပြီဆိုမှ Publish လုပ်ပါ…


Preview

ယခုရေးသော Blog Post တင်နည်းမှာ တခြားသော Website များတွင်ပါ အသုံးပြု၍ ရပါတယ်…



သဘောတရားချင်း တူညီတာကို နှိုင်းယှဉ်တင်ပြလိုက်ပါတယ်…


Ning Webpage


Ning Site

Blogger Webpage


Blogger


ကွန်ပျူတာကို အသုံးချရင်း နည်းပညာများတိုးတက်ပါစေ…

Gmail Preview -- Mail Box ထဲကစာတွေကို ကြိုပြီး ကြည့်နိုင်ဖို့ပါ။

မိတ်ဆွေတို့ရေ ဒီတစ်ခါ connection မကောင်းသော ဒေသတွင် အသုံးတည့်မယ့်

နည်းပညာလေးတစ်ခု ထပ်မံတင်ပေးလိုက်ပါပြီး.. သိထားပြီးသောသူများအတွက်

မဟုတ်ပါ.. မသိသေးသောသူများအတွက်ရေးသားထားတာပါဗျား...

ဒါကတော့ Gmail ရဲ့ Feature အသစ်ပါ။ ရာသီဥတုကြောင့်၊ Computer တွေ Loading ဝိုင်းဆွဲနေတာကြောင့် စတဲ့ စတဲ့ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် Internet နှေးကွေးလေးလံနေတဲ့ အခါမျိုးမှာတောင်
သုံးလို့ရပါတယ်။သူက Gmail ကို Loading ဆိုပြီး စောင့်နေရတဲ့ အချိန်အတောအတွင်းမှာ
ကိုယ့် Inbox ထဲမှာ ဘယ်သူ့ဆီက ဘယ်လိုအရေးကြီးတဲ့ စာတွေရောက်နေသလဲဆိုတာကို ကြိုပြီးဖော်ပြပေးမယ့်
Feature လေးပါပဲ။ ဒါကြောင့် မိုးလင်းတာနဲ့ E-mail စစ်၊ ပြီးမှ ဝင်စာတွေ
အရေးကြီးရင် ကြီးသလို ဆုံးဖြတ်ပြီး အလုပ်ဆက်လုပ်ရမယ့် လူတွေအတွက်တော့
အဆင်ပြေသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒီ Feature လေးကြောင့် Gmail ကို ဘယ်လိုမှ
ဖွင့်လို့မရလို့ ဘာစာရောက်နေမှန်းမသိ၊ ဘာမှလည်း မလုပ်နိုင်ဘဲ
တစောင့်စောင့်လုပ်နေရတဲ့ အဖြစ်မျိုး မဖြစ်နိုင်တော့ပါဘူး။Gmail ကို Loading
လုပ်နေချိန်မှာ ကိုယ့်ဆီကို နောက်ဆုံးရောက်နေတဲ့ စာ(၁၀)စောင်ကို
ဖော်ပြပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ တကယ့် Inbox မြင်ကွင်းကို ကြိုကြည့်လို့ရတဲ့ သဘောပါပဲ။
သုံးချင်တယ်ဆိုရင်တော့ -


Gmail ==> Setting ==> Labs ==> Inbox Preview

Gmail ==> Setting ==> Labs==> Inbox Preview


ဆိုပြီး အဆင့်ဆင့် ဖွင့်သွားပါ။ Labs ထဲရောက်ရင် Inbox Preview ဆိုတာကို ရှာပြီး enable ဆိုတာကို Click လုပ်ပေးလိုက်ရုံပါပဲ။ ဒါ့အပြင်
မိတ်ဆွေတို့အနေနဲ့ Loading တက်မလာတာကို ပြန်ထွက်ချင်ရင် ထွက်လို့ရအောင် Preview
နဲ့အတူ Sign Out button ကိုပါ တစ်ပါတည်း ထည့်ပေးထားပါသေးတယ်။ အကယ်၍ ဒီနည်းလေး

ကိုမသုံးချင်တော့ဘူး ဒီအတိုင်းပဲ ထားတော့မယ်.. loading လုပ်နေရင်လဲစာတွေကို ကြိုပြီးမကြည့်

ချင်ဘူးဆိုလဲလွယ်ပါတယ်..


Gmail ==> Setting ==> Labs==> Inbox Preview


ဆိုပြီး အဆင့်ဆင့် ဖွင့်သွားပါ။ Labs ထဲရောက်ရင် Inbox Preview ဆိုတာကို ရှာပြီး Disable ဆိုတာကို Click လုပ်ပေးလိုက်ရုံပါပဲ။

Microsoft Original Window XP Pro Service Pack 3 !!! Free Download From MediaFire & Ifile.it !!!

Microsoft Original Window XP SP3 Uploaded by catman
Original window xp uploaded by catman
Microsoft Original Window XP SP3 Uploaded by catman

ဒါကတော့ Original Window XP Professional Service Pack 3 ပါ
Key ထဲ့ပေးထားပါတယ်
Window install လုပ်တာနဲ့ Key တောင်းရင် ပေးထားတဲ့ Key ကို ရိုက်ထဲ့ပေးလိုက်ပါ
Clean XP Professional ပါ..
No Crack !!!

Free Download From MediaFire
Hi Friends Download Here
http://www.mediafire.com/?36ryv3qqsa6rm


Free Download From Ifile.it
Hi Friends Download Here
http://ifile.it/oa8uxzv/Original%20window%20xp%20sp3%20upped%20by%2...
http://ifile.it/c4pyaim/Original%20window%20xp%20sp3%20upped%20by%2...
http://ifile.it/v3uplgb/Original%20window%20xp%20sp3%20upped%20by%2...
http://ifile.it/uvwqxep/Original%20window%20xp%20sp3%20upped%20by%2...
http://ifile.it/v1pcwfd/Original%20window%20xp%20sp3%20upped%20by%2...
http://ifile.it/rek6bct/Original%20window%20xp%20sp3%20upped%20by%2...
http://ifile.it/b3p4xaw/Original%20window%20xp%20sp3%20upped%20by%2...

သင့် PC အရမ်းလေးနေတယ်ဆိုရင် !!!



ကျနော်တို့ စက်တွေကို တပတ် တကြိမ်လောက်ဖြစ်ဖြစ် ၂ပတ် တခါလောက်ဖြစ်ဖြစ် သန့်ရှင်းရေး


လိုမျိုး ကိစ္စတွေ ကိုအကျွမ်းဝင်တဲ့ဆော့ဝဲတွေနဲ့လုပ်ကျရပါတယ်..အနဲဆုံး မလုပ်နိုင်တောင် disk


cleaner လေးတော့ လုပ်သင့်ပါတယ်..တကယ်လို့ ကိုယ်က မအားလို့မလုပ်ဖြစ်ရင် စက်က သုံးရတာ


အရမ်းလေးလာပါလေ့မယ်..သဘောကတော့ ကျနော်တို့ Run ထားတဲ့ Programs တွေ


သုံးထားတဲ့Files တွေကြောင့် ဖြစ်ရတာပါ.ခုကျနော် စက်မြန်အောင် သုံးတဲ့ Software လေးတခု


ရှယ်ပေးတာပါ..booster,speedup PC နဲ့spyeraser ဆိုပြီး ၃မျိုးကို


တခုထဲကနေလုပ်ပေးနိုင်ပါတယ်..သူ့ကိုသုံးကြည့်ပါ ကိုယ့်စက် ဘယ်လောက်လေးနေလဲ ဘယ်လို


errorတွေဖြစ်နေလဲဆိုတာကို တွေ့ရမှာပါ..ကျနော် ပုံလေးတွေနဲ့လဲ ပြထားပါတယ်..



booster လေးကို စစ်ပေးပါ




ပြီးရင် Repair လုပ်ပေးပါ.


ဒီတခုကတော့ စက် speedup လုပ်ပေးတာပါ.


Optimize ဆိုတာလေးကို ကလစ်ပေးပါ..


ပြီးသွားရင်တော့ ဒီလိုလေးမြင်ရမှာပါ..




ဒီကောင်လေးနဲ့တော့ တပတ် တခါလောက်တော့ အနဲဆုံးစစ်ပေးသင့်ပါတယ်..စစချင်းတော့ ကိုယ့်စက်ပေါ်မူတည်ပြီး Low,Medium,High ဆိုပြီး ပြပေးမှာပါ


နဲနဲစစ်ရမယ့်စက်တွေကတော့ တခါထဲစစ်ပြီးယုံနဲ့ High မဖြစ်ပါဘူးး နောက်စစ်ပေးတာများမှ High ဖြစ်လာပါလေ့မယ်..သုံးချင်တယ်ဆိုရင်တော့ ဒီအောက်မှာ


ဒေါင်းယူလိုက်ပါဗျာ..ဖိုင်ကတော့ 16 မက်ရှိပါတယ်..



http://www.mirrorcreator.com/files/0TG5JFMX/3_in_1_booster.rar_links

Email ဖြင်းဖိုင်ဆိုဒ်ကြီးကြီးမားမားပို့ချင်ရင်ဒီနေရာတွေကနေပို့လို့ရတယ်

ကိုယ်ခင်တဲ့ သူငယ်ချင်းတွေဆီ၊ လုပ်ဖော်ကိုင်ဖက်တွေဆီ၊ ဘယ်သူ့ဆီကိုပဲဖြစ်ဖြစ် အီးမေးလ်ထဲကနေ ကြီးမားတဲ့ ဖိုင်ဆိုဒ်တွေ (သို့) ဗီဒီယို ဖိုင်တွေ ကို ပို့ချင်ပြီဆိုရင် အလွန် စဉ်းစာရ ကြပ်ပါတယ် ။

အခုအောက်မှာပေးထားတဲ့ ဆိုဒ်လေးတွေ သုံးပြီး ပို့လို့ရနေပါပြီ။ လက်ရှိမှာ လူတော်တော်များများ သုံး ကြ တဲ့
DivShare or YouSendIt လို နောက်ထပ် ဆိုဒ်တွေ အများကြီးရှိပါတယ် ။ သုံးကြည့်လိုက်နော်......

http://www.yousendit.com/ (can send Max file Size 100 MB)

http://www.sendthisfile.com/ (need register)

http://www.gigasize.com/ (need register and Max file size 300 MB, 10 files max )

http://www.4shared.com/ (need register)

http://www.send6.com/

http://www.sendspace.com/ (Max file size 300 MB)

http://www.pando.com/ (Max file size 1GB)

http://drop.io/ (Max file size 100 MB)

မိမိကြိုက်နှစ်သက်ရာ လင့်လေးတွေသုံးပြီး ပို့ချင်တဲ့သူတွေဆီ ပို့လို့ရပါပြီ။ သိသလောက်လေးတွေကို မျှဝေပေးလိုက်တာပါ။ သူငယ်ချင်း အားလုံး သုံးရတာ အဆင်ပြေလွယ်ကူနိုင်ပါစေ........

Friday, September 3, 2010

Gmail က priority inbox ဆိုတာ ဘာလေးလဲ..??

ဒီနေ့ mail တွေကို ဝင်စစ်ရင်းနဲ့ အကောင့်နားလေးမှာ new priority inbox ဆိုတာလေးကို

အနီလေးနဲ့ပြထားတာဘာများလဲဆိုပြီး သေချာ ဖတ်ကြည့်တော့

သူ့သဘောက ကျမတို့ဆီ နေ့စဉ် ဆယ်ဂဏန်း ရာ ဂဏန်းနဲ့ ဝင်လာတဲ့ mail တွေကို သေချာ စီစစ်ပြီး

ရွေးချယ်ပေးတာကိုသူပြောထားတာပါ..ကျနော်ဆီ ဝင်လာမယ့် ဖိုရမ်တွေက mail တွေ နောက်ထပ် ကိုအရေး

ကြီးတဲ့ လူတွေ ဆီက ဝင်လာမယ့် mail တွေကို သီးသန့်လေး ဖယ်ထုတ် ပေးတာကို သူက လုပ်ပေးတာပါ..
လုပ်ရတာလေး ကိုတော့ အသေးစိတ်ပုံလေးတွေနဲ့ ပြထားပါတယ်..နားလည်ကျမှာပါ..

အဆင့်(၂)

အဆင့်(၃)


အဆင့် (၄)

အဆင့် (၅)

အဆင့် (၆)

ဒီလို အရင်မေးလ်တွေကို ကြည့်ပြီး မှတ်နိုင်ပါသေးတယ်..

ဒီလောက်ဆိုရင် new inbox လေးနဲ့ mail တွေကို သေချာ သုံးချင်တဲ့လူတွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်.
အားလုံး ပျော်ရွင်ကျပါစေ..


်.

download picture