Tuesday, June 22, 2010

စက်ရုပ်နဲ့စကားပြောမယ်

http://sbsangpi.blogspot.com က ကူးယူဖော်ပြ တာပါ

စက်ရုပ်နဲ့စကားပြောမယ်.online
မှာa href="http://sbsangpi.blogspot.com/2010/05/online.html">http://sbsangpi.blogspot.com/2010/05/online.html>;

ကဲ...အင်္ဂလိပ်စာတိုးတက်ချင်လို့၊
ပျင်းလို့
စတဲ့အကြောင်းအရာတွေကြောင့်ဘဲဖြစ်ဖြစ်...မသိသေးလို့စမ်းကြည့်ချင်တာဘဲ
ဖြစ်ဖြစ်...စက်ရုပ်နဲ့ အင်္ဂလိပ်လိုစကားပြောလို့ရပါတယ်...Online မှာ
သူငယ်ချင်းတွေမလာလို့၊
ပျင်းပြီးစကားပြောစရာမှရှိရင်..စက်ရုပ်နဲ့စကားပြောနိုင်ပါတယ်၊ဟာသတွေကို
ပြောတက်သလို့၊ကျွန်တော် မနေ့ကသူနဲ့ စကားပြောခဲ့ရင် နောက်နေ့သူကို
ပြန်မေးရင်သူကသိနေတယ်..တော်တော်ကိုပျော်စရာကောင်းပြီး အင်္ဂလိပ်စာတိုးတက်ဖို့
အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်..ပြောနေတာကြာပါတယ်..လက်တွေ့အောက်က
လင့်လေးမှာသွားကြည့်နော်..ပျော်စရာကောင်းပြီး၊ဟာသတွေတွေ့နေရင်လဲ ပြန်ပြီး
comment လေးပေးခဲ့ပါ...သူတို့ရဲ့ မျက်နှာပေါ်မှာ mouse ကိုတင်ပြီးရွေ့ရင်လဲ
လိုက်ကြည့်တက်ပါတယ်.

http://www.rong-chang.com/tutor.htm (ကိုကိုနဲ့ ပြောချင်ရင်)
http://showcase.pandorabots.com/pandora/talkbot?subid=b33bd02e7e345cdb
a href="http://showcase.pandorabots.com/pandora/talkbot?subid=b33bd02e7e345cdb">http://showcase.pandorabots.com/pandora/talkbot?subid=b33bd02e7e345...;
(မမနဲ့ပြောချင်ရင်)

အိုင်တီလောက မှ စကားလုံးများ၏ အဓိပ္ပါယ်များ

အိုင်တီနယ်ပယ်မှာ လေ့လာတဲ့သူတွေ အထောက်
အကူ ရအောင်ပါ။။ ရှာဖွေထားတာလေးတွေ နဲ့
အဆင့်မြင့်တဲ့ ပညာရပ်တွေ လေ့လာနိုင်ပါစေ။

WiMAX ဆိုသည်မှာ

WiMAX
Worldwide Interoperability for Microwave Access ရဲ့အတိုကောက်
စာလုံးဖြစ်ပါတယ်။WiMAXက တယ်လီဆက်သွယ်ရေးနည်းပညာတစ်မျိုးဖြစ်ပြီး point -
to – point link တွေကနေ protable internet access အထိ data transmission
mode အမျိုးမျိုးကို အသုံးပြုပြီး ဆက်သွယ်တဲ့ wireless data transmission
နည်းပညာဖြစ်ပါတယ်။

ဒီWiMAX နည်းပညာဟာ cable ကြိုးမလိုပဲ 75Mb/s
symmetric broadband speed ကိုသုံးစွဲနိုင်မည့်
နည်းပညာဖြစ်ပါတယ်။ဒီနည်းပညာကို Broadband Wireless Access နည်းပညာလို့လဲ
ခေါ်ဆိုတဲ့ IEEE 802.16 မှာအခြေခံထားတယ်လို့သိရပါတယ်။WiMAX
ဆိုတဲ့အမည်ကိုကြိုးမဲ့နည်းပညာလို့ တစ်သတ်မှတ်တည်းသုံးစွဲနိုင်ဖို့
အပြန်အလှန်ပူးတွဲလုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဇွန် ၂၀၀၁ WiMAX
ကွန်ဖရင့် မှာကြေညာခဲ့ပါတယ်။ဒီကြိုးမဲ့ဆက်သွယ်ရေးစနစ်ဟာ ကေဘယ်နဲ့
DSLဆက်သွယ်ရေးတွေနဲ့ မတူတဲ့ နည်းလမ်းသစ်ဆက်သွယ်ရေးစနစ်ဖြစ်ပါတယ်။

WiMAX ရဲ့ bandwidth နဲ့ range ဟာအောက်ပါ application
တွေကိုသုံးစွဲလို့ရနိုင်မှာဖြစ်ပါတယ်။

-WiFi hotspotတွေကိုအင်တာနက်နှင့်ချိတ်ဆက်ခြင်း

-Last mile broadband access အတွက် cable နဲ့ DSLအပြင်အခြားဝါယာလက် ဆက်သွယ်ရေးအနေနဲ့ အသုံးပြုနိုင်ခြင်း

-အချက်အလက်နှင့်တယ်လီဆက်သွယ်ရေး ၀န်ဆောင်မှုများပြုလုပ်ခြင်း

-စီးပွားရေးလုပ်ငန်းများက
မတူညီနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုစနစ်နှစ်မျိုးကိုအသုံးပြုခြင်းဖြင့်
တစ်ခုချို့ယွင်းပျက်စီးပါက အခြားတစ်ခုဖြင့် ဆက်လက်သုံးစွဲကာ
လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြင်း

-portable connectivity ရရှိနိုင်ခြင်းတို့ဖြစ်ပါတယ်။

WiMAX ကို Lastmile connectivity အတွက်သုံးစွဲဖို့ company များစွာက
လေ့လာစမ်းသပ်လျက်ရှိနေပါသည်။တကယ်လို့ company တွေအပြိုင်ဆိုင်နဲ့ဒီ
Lastmile connectivity ကို ၀န်ဆောင်မှုပေးခဲ့ရင်နေအိမ်နဲ့
ရုံးသုံးအင်တာနက်ဆက်သွယ်ရေးဟာဈေးသက်သာလာမှာဖြစ်ပြီး စီးပွားရေးအခြေအနေအရ
သုံးစွဲလို့မဖြစ်နိုင်တဲ့နေရာတွေမှာပါ broadband access
ရရှိလာနိုင်မှာဖြစ်ပါတယ်။

WiMAX access ကိုအင်ဒိုနီးရှားမှာ ၂၀၀၄
က ဆူနာမီလှိုင်းဒဏ်သင့်ပြီးနောက်
ဆက်သွယ်မှုပြုလုပ်နိုင်ဖို့အသုံးပြုခဲ့ပါတယ်။ဆူနာမီဘေးဒဏ်သင့်
ဒေသကလူတွေဟာamateur radio ကလွဲလို့အခြားဆက်သွယ်ရေးစနစ်မရှိတဲ့
အတွက်ဒေသအပြင်ဘက်က
ကယ်ဆယ်ရေးအဖွဲ့တွေကိုဆက်သွယ်လို့မရနိုင်ခဲ့ဘာဘူး။ဒါကြောင့်
အပြန်အလှန်ဆက်သွယ်နိုင်ဖို့ WiMAX စနစ်ကိုသုံးစွဲ ခဲ့ပါတယ်။

ကတ်ထရီးနား မုန်တိုင်းကာလမှာလဲ FCC နဲ့ FEMA အဖွဲ့အစည်းတွေကို ကူညီဖို့
Intel ကWiMAX ဆက်သွယ်ရေးစနစ်ကို ပံ့ပိုးပေးခဲ့ ပါတယ်။

WiMAX ကို
indoor နဲ့ outdoor ယူနစ်ဆိုပြီးနှစ်မျိုးသုံးစွဲနိုင်ပါတယ်။ indoor unit
အတွက် Cable Modem နဲ့ DSL modem ပမာဏရှိပြီး outdoor unit မှာတော့ Laptop
PC တစ်လုံးခန့်သာရှိပြီး အိမ်သုံးဂြိုဟ်တု ဆက်သွယ်ရေးစက်
ပမာဏလောက်ရှိကြောင်းသိရပါတယ်။

WiMAX ကို GSM နှင့် CDMA
တို့လိုဆယ်လူလာဖုန်းနည်းပညာ တွေနေရာမှာ အစားထိုးသုံးစွဲလာနိုင်ဖို့
မျှော်မှန်းထားပါတယ်။ဒါအပြင် 2G,3G နဲ့ 4G နည်းပညာတွေအတွက် wireless
backhaul နည်းပညာအဖြစ်ဖွံဖြိုးပြီးနဲ့ ဖွံဖြိုးဆဲ
နိုင်ငံတွေမှာသုံးစွဲဖို့ ကြံဆလျက်ရှိပါတယ်။

WiFi နဲ့လည်း
WiMAXကိုဆင်တူတယ်လို့မှားယွင်းယူဆလေ့ရှိကြ ပါတယ်။အဓိကကတော့ Wi နဲ့စတာရယ်
IEE standard ဖြစ်တာရယ်နဲ့ 802 နဲ့ အစပြုတာချင်းတူညီတာ
တွေတူညီတာတွေရယ်ကြောင့် ဆင်တူတယ်လို့ ယူဆကြတာဖြစ်ပါတယ်

Privacy ဆိုသည်မှာ

Privacy ကိုလူတစ်ဦး သို့မဟုတ် အုပ်စုတစ်စုဟာ သီးသန့်ခွဲထွက်နေထိုင်ခြင်း
သို့မဟုတ် ၄င်းတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သီးသန့်ဖော်ပြနိုင်ခွင့် ရှိခြင်းကို ညွှန်းဆိုလေ့ရှိပါတယ်။ပုဂ္ဂိုလ်
သို့မဟုတ်အဖွဲ့အစည်းရဲ့ သီးသန့်အရေးကိစ္စလို့ ယေဘုယျ ဖွင့်ဆို
နိုင်ပါတယ်။သီးသန့်အရေးကိစ္စလို့ သတ်မှတ်တဲ့ အရာတစ်ခုရဲ့ content
နဲ့နယ်နိမိတ်ကတော့
ယဉ်ကျေးမှုနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်မူတည်ြ
ပီး
ကွဲပြားပေမယ့်အခြေခံချက်တွေကတော့ အတူတူပါပဲ။

စာစီ၊ ဒီဇိုင်းသမားတွေအတွက် character mapping ဆော့ဖ်ဝ



စာစီနဲ့ ဒီဇိုင်းသမားတွေ အားထားရမယ့် character mapping ဆော့ဖ်ဝဲဖြစ်ပါတယ်။ USB
drive ကနေသုံးလည်း ရပါတယ်။ Clipboard ထဲကနေ paste လုပ်နိုင်ဖို့ အက္ခရာ ၂၅၅
လုံးကို တစ်ခုချင်း ကူးယူနိုင်သလို font အမည်ကိုပါကူးပေးနိုင်ပါတယ်။
အက္ခရာတွေကို ပီပီပြင်ပြင်မြင်တွေ့ရဖို့ စိတ်ကြိုက် ချဲ့ပြီးကြည့်နိုင်တယ်။
ဒါ့အပြင် Bold နဲ့ Italic ပုံစံတွေနဲ့လည်း ပြပေးတယ်။ Text input field မှာ
ဝါကျတွေ၊ စာပိုဒ်တွေရိုက်ထည့်ပြီး အသုံးပြုမယ့်ပရိုဂရမ်ဆီ ကူးယူနိုင်တယ်။
အထူးသဖြင့် symbol တွေနဲ့ မြန်မာဖောင့် အသုံးပြုသူတွေအတွက်
အသုံးဝင်ပါလိမ့်မယ်။ System Registry ကို အသုံးမပြုဘဲ သီခြား
အလုပ်လုပ်ပေးတဲ့အတွက် ကွန်ပျူတာစနစ်ကို အနှောင့်အယှက်ပေးမှာလည်း မဟုတ်ဘူး။
အင်္ဂလိပ်ဖောင့်တွေက ဘယ်လိုပဲဒီဇိုင်းကွဲကွဲ၊ keyboard layout ကတော့
တစ်ညီတည်းဖြစ်တဲ့အတွက် စာစီစာရိုက်တဲ့အခါ အခက်အခဲသိပ်ရှိမှာမဟုတ်ဘူး။
မြန်မာဖောင့်တွေကျတော့ စနစ်တကျ စံသတ်မှတ်ချက်မရှိဘဲ ဖောင့်ရေးသားသူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့
keyboard layout တွေပြုလုပ်ကြတဲ့အတွက် ဖောင့်အမျိုးအမည်တွေများသလောက်
စာစီလုပ်ငန်းမှာ အသုံးပြုရတာ ရှုပ်ထွေးလွန်းတယ်။ မြန်မာဖောင့်တစ်ခုကနေ
တစ်ခြားဒီဇိုင်းဆန်းသစ်တဲ့ ဖောင့်တစ်ခုကို ပြောင်းချင်တဲ့အခါ layout
မတူတဲ့အတွက် အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ မြန်မာဖောင့်တွေကို
စံတစ်ခုမသတ်မှတ်ဘဲ ထုတ်လုပ်ရေးသားခွင့်ပြုနေသမျှေ
တာ့ အဲဒီဖောင့်တွေကို
အသုံးပြုဖို့အတွက် ရှိသမျှ ဆော့ဖ်ဝဲလေးတွေနဲ့ ကြံဖန်ဖြေရှင်းနေရဦးမှာပဲ။
မြန်မာဖောင့် layout မှန်သမျှကို လိုက်ပြီးလေ့ကျင့်ဖို့ဆိုတာ
သိပ်ပြီးအဓိပ္ပာယ်မရှိသလိုပဲ။ အဲဒီတော့ ကိုယ့်အတွက် အဆင်ပြေတဲ့ အကောင်းဆုံး
keyboard layout တစ်ခုကိုပဲ ရွေးချယ်အသုံးပြုသင့်တယ်လို့ထင်ပါတယ်။
ကျွန်တော်ကတော့ Win Myanmar layout နဲ့ သူနဲ့နီးစပ်တဲ့ Alpha Win32,
ပြီးတော့ Alpha Zawgyi Unicode (Zawgyi-One) font တွေကို
လက်ကိုင်ထားပါတယ်။ တစ်ခြားမြန်မာဖောင့်တွေကို အသုံးပြုတဲ့အခါမှာတော့ ဒီ
CharacterMap Professional ရဲ့ အကူအညီကို ယူရတာပေါ့ဗျာ။
သူငယ်ချင်းအားလုံးလည်း နည်းနည်းလေးပဲဖြစ်ဖြစ် ဒီဆော့ဖ်ဝဲလေးရဲ့အကူအညီနဲ့
ရှုပ်ထွေးတဲ့ဖောင့်စနစ်တွေကို အသုံးပြုနိုင်စေဖို့
ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်။ .

connection မကောင်းရင် သုံးဖို့ လွယ်ကူတယ့် Proxy လေးပါ

ဒီ Discussion လေးကတော့ ခု တလော ပြည်တွင်းမှာ ဖြစ်နေတဲ့ connection ပြသာနာ လေး.အချို့ ကြောင့် internet သုံးတဲ့သူတွေ စိတ်အနှောက်ယှက်ဖြစ်ရတယ် . facebook သုံးတဲ့သူတွေ ကသိကအောက်ဖြစ်ရတာတွေ ရှိတာကြောင့် သူငယ်ချင်း.တို့ သိတဲ့ proxy ကျော်တာလေး.တွေ connection slow တဲ့  ပြသာနာ လေး.တွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မေးတဲ့သူ ရှိသလို ဖြေတဲ့သူလဲ ရှိစေချင်လို့ ပါ ။

ပထမဆုံး http://www.smart-it-consulting.com/internet/google/googlebot-spoofe...

ကိုဖွင်.ပါ ... ပွင်.ပြီဆိုရင် ( URL ဆိုတဲ. textbox ထဲမှာ )
ကိုယ်ကြည်.ချင်တဲ. ၀က်ဆိုက်ဒ် ကို ရိုက်ထည်. လိုက်ပါ ...ပြီးရင်တော. Submit
လုပ်လိုက်ပါ ... ခဏ ကြာရင် Crawler ဆိုတဲ့ အတန်းမှာ အနီရောင်နဲ့ Click
here to view the
page ဆိုပြီးပေါ် လာပါလိမ်.မယ် ...အဲဒါကို နှိပ်ပြီးသွားလိုက်ရုံပါဘဲ ...
မြန်လည်းမြန် ကောင်းလည်းကောင်းပါတယ် ...
ဆိုတော. သူငယ်ချင်းတို.ဘက်ကစည်းကမ်းရှိ
ရှိလေး သုံးပေးဖို.တော. မေတ္တာ
ရပ်ခံပါတယ် ... ကိုယ်စီအသိစိတ်လေး နဲ.သုံးပေးပါ ... ဒီလိုဆိုရင်ဖြင်.
ကြာကြာသုံး နိုင်.ပါလိမ်.မယ် ... အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ...
နည်းလမ်းလေးက လွယ်လွယ်လေးပါ သုံးကြည့်ပါ အဆင်ပြေ ပါစေနော်။

multiple gmail သုံးနည်း

gmail အများကြီးရှိသူများအတွက် မိမိ
သုံးမဲ့မေးလ်တစ်ခုကပဲဝင်သမျှမေး
လ်များကိုဖတ်နိုင်ပါတယ်။
၁။ဂျီမေးလ်မှ setting ကိုကလစ်ပါ။
၂။Forwarding and POP/IMAP ဆိုတာကိုကလစ်ပါ။
၃။Forward a copy of incoming mail to ဆိုတာကိုရွေးပါ။
၎။ email address ဆိုတဲ့နေရာမှာ မိမိသုံးမဲ့မေးလ်ကိုထည့်ပါ။
၅။save change ကိုကလစ်ပါ။

ဒါကတော့မိမိမေးလ်ကနေတခြား gmail အမည်များနဲ့ပို့လို့ရတဲ့နည်းပါ
၁။setting ကိုကလစ်ပါ။
၂။ accounts ဆိုတာကိုကလစ်ပါ။
၃။Add another email address ဆိုတာကိုကလစ်ပါ။
၎။ Add another email address box မှာ name & email address မှာ
ဖြည့်ပါ။ ပြီးရင် next step ကို ကလစ် ပါ။
၅။send verification ဆိုတာကိုကလစ်ပါ။ သင်မေးလ်ဆီကို Confirmation code
ပို့ပေးပါလိမ့်မယ်။
၆။ရရှိလာသော Confirmation code ကိုEnter and verify the confirmation code
ဆိုတဲ့နေရာမှာ ပေ့လုပ်ပြီး verify ကလစ် လုပ်ပါ။
composeကိုကလစ်ပြီး fromဆိုတဲ့နေရာမှာကြည့်လိုက်ပါ
သင့်မေးလ်နှင့်တခြားမေးလ်ပါတွေ့ရပါမယ်။

ရင်သပ်ရှုမော အံ့သြရမယ့် ဓာတ်ပုံဝက်ဘ်ဆိုက်များ

အွန်လိုင်းပေါ်မှာ သင့်ဓာတ်ပုံကို
Photo Fram လုပ် ပေးမယ့်၊ Effect ထည့်ပြီး အလှဆင်ပေးမယ့် နေ ရာတွေ
အများကြီးရှိပါတယ်။
လူသိများသလို အသုံး လည်းများတဲ့ အဲဒီဆိုက်တွေထက် လူသိနည်းနေကြ သေးတဲ့
အထူးဆန်းဆုံး
ဓာတ်ပုံဆိုက်တွေကို ဖော် ပြပေးလိုက်ပါတယ်။

၁. နောင်အနှစ် ၂၀ မှာ သင်ဖြစ်မယ့်ပုံ
In20Years ဟာ နောက်အနှစ် ၂၀ မှာ ဖြစ်လာမယ့် သင့်ရဲ့ အိုမင်းရင့်ရော်မှု ကို
ဖော်ပြပေးမယ့်နေရာပါ။
သင့်ပုံကို Upload တင်ပြီး Freeရပါတယ်။ ဒီနေရာ မှာလုပ်ပြီးရင် Facebook လို
Social
Network တွေမှာ Share နိုင်ပါတယ်။ www.in20years.com
ပါ။
၂. သင့်ကလေး ဘာမြင်လဲ
သင့်မှာ တူ၊ တူမလို ကလေးငယ် လေးတွေရှိမယ်ဆိုရင် သူတို့အမြင်အာရုံ
ဘယ်လိုရှိလဲဆိုတာ
သိချင်မှာပါပဲ။ Tiny-eyes မှာ "Try it" ကို Click နှိပ်ပြီး ကြိုး
စားကြည့်ပါ။
အသက်အရွယ်အလိုက် က လေးများရဲ့ မြင်ကွင်းအာရုံကို Drop down list နဲ့
မြင်ရပါမယ်။ တကယ်လို့
သင်က ဓာတ်ပုံတင်ကြည့်ချင်ရင်လည်း Upload လုပ်ပြီး "Run Tinyeyes!" ကို
နှိပ်ရုံပါပဲ။
အဲဒီအခါ သင်တင်လိုက်တဲ့ပုံကို ကလေး တစ်ယောက်မြင်ရတဲ့ အနေအထားမျိုး တွေ့
ရပါမယ်။ မိဘများအတွက်
ပျော်ရမယ့် Application တစ်ခုပါပဲ။ Sign up လုပ်စရာ မလိုပါဘူး။ www.tinyeyes.com/tiny
eyes/ind

၃. အချိန်နှင့်တစ်ပြေးညီ ဓာတ်ပုံ Search Engine
Nacho Foto ဟာ ကမ္ဘာအနှံ့က သ တင်းဓာတ်ပုံများကို အချိန်နှင့်တစ်ပြေးညီ
ဖော်ပြပေးနိုင်တဲ့
Photo Search Engine ပါ။ သင်ရှာလိုတဲ့ Keywords ကို ရိုက် လိုက်ရင်
လတ်တလောတင်ထားတဲ့
ဓာတ် ပုံများကို အချိန်နဲ့အလိုက် တင်ပြထားပါ တယ်။ Sign Up
လုပ်စရာမလိုပါဘူး။ www.nachofoto.com
နော်။
၎. စတားတစ်ယောက်နဲ့ တူမယ်
ဒီ Site ရဲ့ Application က သင့် Social Network ကပုံကို ပေါင်းထည့်ပြီး
Celebrity တစ်ယောက်ယောက်နဲ့
တူပေး ပါလိမ့်မယ်။ ပြီးရင် အဲဒီနှစ်ရုပ် ပေါင်း ထည့်ထားတဲ့ ဓာတ်ပုံကို သင့်
Page မှာ
Publish လုပ်၊ တခြား User တွေက Rate ပေးလို့ ရပါတယ်။ သွားချင်ရင် လိပ်စာ
မှတ်ထားပေးပါ။
www.facedouble. com
တဲ့။

၅. အချစ်ဝတ္ထုတစ်အုပ်ရဲ့ ကာဗာက သင်
အချစ်ဝတ္ထုများရဲ့ ပရိသတ်ဆိုရင် တော့ သင့်ပုံကို ၀တ္ထုစာအုပ်မျက်နှာဖုံးမှာ
တပ်ပေးမယ့်
ရိုမန်းတစ်ဆိုက်တစ်ခုပါပဲ။ နာမည်ကြီး အချစ်ဝတ္ထု ၆ အုပ်ရဲ့ ကာဗာ တွေကို
ရွေးချယ်ဖို့
ပေးထားပြီး သင့်ပုံကို Upload တင်ရုံပါပဲ။ တင်ပြီးရင် Drag တို့ Rotate
တို့ Zoom တို့နဲ့
သေချာ Edit လုပ်လို့ ရပါတယ်။ ဒါ့အပြင် ၀တ္ထုခေါင်းစဉ်အ သစ်ကို
သင့်စိတ်ကြိုက်ပေးလိုက်ပါဦး။
စာ ရေးဆရာနာမည်နဲ့ ကာဗာက အကောင်း ဆုံး ကောက်နုတ်စာသားအတွက်လည်း
အကြံထုတ်လိုက်ပါဦး
Register လုပ်စ ရာ မလိုပါ။ www.romancenovelyourself
.com ပါ။

၆. ဓာတ်ပုံမဂ္ဂဇင်း လုပ်မလား
ပြည်တွင်းထုတ် မဂ္ဂဇင်းကြီးတွေလို ပဲ ဓာတ်ပုံအသားပေးဖော်ပြမယ့် သင့်ကိုယ်
ပိုင် မဂ္ဂဇင်းကို
ဒီနေရာမှာ ရနိုင်ပါတယ်။ Youtellyou သင့် Holiday ဓာတ်ပုံ များကို
ပုံညွှန်းစာလေးများနှင့်
မဂ္ဂဇင်း တစ်အုပ်လို Layout လှလှနဲ့ ဖော်ပြေပေး မယ့် နေရာပါ။ Social Site
တွေမှာ
Share လို့ရပြီး Comment တွေပါ ခံစားရမှာ။ www.youtellyou.com


၇. စကားပြောတဲ့ပုံ
ဓာတ်ပုံတွေကိုချည်း ကြည့်ရတာ ပင် ပန်းလာပြီဆိုရင် ပုံကို စကားပြောခိုင်း
ကြည့်ပါလား။
အဆင့် ၃ ဆင့်လောက်နဲ့ ဓာတ်ပုံက စကားပြောလာလိမ့်မယ်။ သင့် Character
တစ်ခုကိုရွေးပြီး
သင့်ပုံကို Upload တင်ပါ။ သင့်ဓာတ်ပုံအတွက် လို အပ်တဲ့ Effect တွေထည့်ပါ။
ပြီးရင်
Voice Message ထည့်လိုက်ပါတော့။ သူလည်း Register မလိုပါတဲ့။
ကြိုက်တယ်ဆိုရင် တော့ http://www.pqdvd.com/flash
editor/edit.phpကို ၀င်ကြည့်ပါ။
သေသေချာချာစမ်းသပ်ကြည့်နော်..........

Mozilla Firefox သုံးရင် သတိထားရမယ့်အချက်

cyber နဲ့  သူများ pc ခဏယူသုံးသူးများ အထူးသတိပြုရမယ့် အချက်ကလေးပါ ။ ဘာကြောင့်လဲဆိုတော့ gmail သုံးရင်ပဲ ဖြစ်ဖြစ် တခြား website တွေကိုဝင်ရင်ပဲဖြစ်ဖြစ် password နဲ့  user name တော့ ရိုက်ရတာပဲ။ အဲဒီမှာ ပြသာနာက စတာပဲ။ password ရိုက်လိုက်တာနဲ့ အဲင်္ဒီ ID တစ်ခုလုံး password ကော ၊ username ကော firefox ထဲကို ရောက်သွားပါတယ်။

သိတဲ့ သူတွေဆိုရင် အဲဒီနေရာကိုဝင်ပြီး ကိုယ့် ID ကို သုံးသွားပါလိမ့်မယ်။ အဲဒါကြောင့် မိမိကအရင် ဖျက်ဖို့ လိုအပ်ပါတယ်..။
ဘယ်လို ၀င်ပြီး ဖျက်ရလည်း ဆိုတော့....ဒီလိုလေးပါပဲ...လွယ်
ပါတယ်

Firefox menu bar က Tools ကိုဝင်ပြီး Options ကို သွား click လိုက်ပါ။ ပြီးရင်..Security ကို သွားပါ..Save password ဆိုတာကို
click လိုက်ပါ။ အဲဒီမှာ save password box ကျလာပါလိုက်မယ်..အဲဒီမှာ ကိုယ်သုံးထားတဲ့ user name ကို တွေ့ရပါလိုက်မယ်.
password ကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။ password ကို ဖြောက်ထားလို့ပါ။

အောက်မှာ show password ဆိုတာကို တွေ့ရပါလိုက်မယ်။ အဲဒါကို click လိုက်ရင် ကိုယ့်password ကို တွေ့ရလိုက်မယ်။
ကိုယ့် User name ကို select လုပ်ပြီး အောက်က remove ကို click ပေးလိုက်ရင် ရပါပြီ။ ဒါဆိုရင်တော့ ok သွားပါပြီ ။
အားလုံးကို ဖျက်ချင်ရင်လည်း remove all ကို ပေးလိုက်ပါ ။

မသိသေးသူများနဲ့  cyber မှာသုံးသူတွေရော သူများ pc ခဏယူသုံသူးတွေပါ အခုကွန်တော်တင်ပြပေးတာလေးကို မမေ့ကြပါနဲ
့တချက်တော့ စစ်ဆေးပြီး စိတ်ချရပြီဆိုမှ ထွက်ခွါဖို့  စေတနာဖြင့်ဖော်ပြလိုက်ရပါတယ်နော