Sunday, September 12, 2010

သီချင်းတွေမှာ စာသားထည့်ဖို့

nn htunnkyaw

to me, naywynnhtunn
show details Jul 28

ကိုယ့်စိတ်ကြိုက် သီချင်းတွေမှာ စာသားနဲ့ အဆိုတော်ပုံတွေ ထည့်ဖို့ Jet Audio ကို အသုံးပြုနိုင် ပါတယ်။ အတတ်နိုင်ဆုံး Jet Audio ရဲ့ နောက်ဆုံး version ကို ယူထား ဖို့တော့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် version အဟောင်းတွေမှာ ရ/မရ ဆိုတာကို ကျွန်တော် သေချာမသိလို့ပါ။ အခု ကျွန်တော့်စက်ထဲမှာ ထည့်ထားတာကတော့ JetAudio.v7.0.2.3010.Plus.VX ဖြစ်ပါတယ်။
ပထမဆုံး ကိုယ်ပြုပြင်ချင်တဲ့ သီချင်းဖိုင် ကို Right click နှိပ်ပြီး၊ ပေါ်လာတဲ့ menu ကနေ jet Audio - Edit Tag ကိုသွားပါ။
foto

"Edit Tag" window box လေး ပေါ်လာပါလိမ့်မယ်။ သေချာ ကြည့်လိုက်မယ် ဆိုရင် အဲဒီ box လေးမှာ Basic, Lyirc, Picture ဆိုပြီး Tab menu လေး သုံးခုပါတာကို တွေ့ပါလိမ့်မယ်။ 'Basic' tab မှာ ကျွန်တော်တို့ ပြုပြင်မယ့် သီချင်းရဲ့ Title,Artist,Album,Year,Gene စတာတွေကို ဖြည့်ပါ။
foto

'Lyric' tab ကို သွားပါမယ်၊ အဲဒီမှာ သီချင်းစာသားကို ရိုက်ထည့်ချင်ထည့် (ဒါမှ မဟုတ်) Copy-Paste လုပ်ပြီး ထည့်ချင်ထည့် . . . သင့်စိတ်ကြိုက် ထည့်ပါ။ သီချင်းစာသားတွေကိုတော့ www.azlyrics.com မှာ သွားရှာ နိုင်ပါတယ်။ www.google.com မှာပဲ Lyric of **** ဆိုပြီးလည်း ရှာနိုင်ပါတယ်။ (**** ဆိုတာရဲ့ နေရာမှာ သင်ရှာချင်တဲ့ သီချင်းနာမည်ကို ရိုက်ရမှာ ဖြစ်ပါတယ်။ သီချင်းအမည်ရော အဆိုတော်အမည်ပါ, ပါရင် ပိုကောင်းပါတယ်၊ ဥပမာ- Lyirc of Killers are quiet - Slipknot )
foto

foto

Lyrics အမျိုးအစား နှစ်ခု(Static Lyrics and Synchronized lyrics)
ဒီနေရာမှာ ကျန်နေမှာ စိုးလို့ ထည့်ရေးလိုက် တာပါ၊ Lyrics နှစ်မျိုး ရှိပါတယ်။

Static Lyrics - ဆိုတာကကျ အသေပါ၊ ဒီစာတွေကို ဒီအတိုင်း ပုံသေ ပြနေမှာ ဖြစ်ပါတယ်။
Synchronized Lyrics - ဆိုတာကကျ Time line တစ်ခုနဲ့ သွားပါတယ်၊ ဥပမာ ပြောရရင် ကျွန်တော်တို့ တွေ့နေကျ VCDတွေ မှာလိုပဲ စာသားတွေကို အရောင် တစ်မျိုးနဲ့ ထပ်ဖုံးသွားတာ၊ ပြောင်းသွားတာ မျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Synchronized Lyrics ကို MP3 Player တွေမှာ စာသားပေါ်စေချင်တဲ့ အခါ သုံးနိုင်ပါတယ်။
တစ်ဆက်တည်း ပြောရရင် အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်း စာသားပေါ်အောင် လုပ်လို့ ရနေပါပြီ။ ဒါပေမယ့် တစ်ခု သတိထားရမှာက Lyrics စာသားဖိုင် နဲ့ သီချင်းဖိုင်, ဖိုင်အမည်ခြင်း တူရပါ့မယ်။ MP3 Player ထဲကို အဲဒီ သီချင်းဖိုင် နဲ့ စာသားဖိုင် တွေကို ထည့်လိုက်ပါ။ ပြီးရင် သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကို သုံးစက္ကန့် လောက် နှိပ်ထားလိုက်ပါ, သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်။

အခု Jet Audio မှာလည်း အဲဒီ Synchronized Lyrics တွေကို ရေးသားဖို့ လုပ်ပေးထား ပါတယ်၊ 'Lyrics' tab မှာ Run Lyric Maker (for Synchronized Lyric) ဆိုတဲ့ စာသားလေးကို အောက်နားလေးမှာ တွေ့မယ် ထင်ပါတယ်။ အဲဒီကောင်လေးကို ကလစ်လုပ်ပြီး Synchronized Lyrics တွေကို သင့်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အဲဒါလေးက လုပ်ရတာ နည်းနည်း လက်ဝင် ပါတယ်၊ သီချင်းကို ဖွင့်လိုက်, Time line သတ်မှတ်လိုက် နဲ့ အချိန်လည်း ပေးရ ပါတယ်။ အသင့်ရေးပြီးသား Synchronized Lyrics ဖိုင်တွေကို ဒီဆိုဒ်မှာ သွားယူ နိုင်ပါတယ်။

နောက် 'Picture' tab ကို သွားပါမယ်၊ အဲဒီမှာ Browse ကနေ သင့်ထည့်ချင်တဲ့ ပုံရှိရာကို သွားဖွင့်ပါ။ မူလပုံ အတိုင်းပဲ ပေါ်စေချင်တယ် ဆိုရင် 'Resize image to fit' က အမှန်ခြစ်လေးကို ဖြုတ်ခဲ့ပါ။ ကျွန်တော်ကတော့ 200x200 အရွယ် ပုံသေးလေးပဲ ပေါ်စေချင်လို့ 'Resize image to fit - 200x200' ကိုရွေးပါတယ်။ ပြီးရင် Apply ၊ Ok လုပ်ပါ။
foto

foto

သင် ပြင်ထားတဲ့ သီချင်းဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ၊ သင်ထည့်ထားတဲ့ စာသားနဲ့အတူ ဓါတ်ပုံလေးပါ ပေါ်လာပါလိမ့်မယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါလိမ့်မယ်၊ ဒါကတော့ ကျွန်တော် လုပ်ထားတဲ့ Static Lyrics နဲ့ သီချင်းလေးပါ -
foto

စကားချပ် - Lyrics တွေကို Window Media Player နဲ့လည်း ထည့်လို့ ရတယ်လို့ သိရပါတယ်။ အသေးစိတ် ကိုတော့ IT Men ရဲ့ ဘလော့ မှာ ရေးထား ပါတယ်၊ သွားဖတ် ကြည့်စေချင်ပါတယ်။ [Click here to IT Men]

No comments:

Post a Comment