Sunday, August 29, 2010

ဘယ်ကျော်တွေတွက် မောက်ကိုဘယ်လက်နဲ့ လွယ်ကူစွာသုံးမယ်

ကွန်ပြူတာ အသုံးပြုသူတော်တော်များများကို တွေ့ဖူးကြပါလိမ့်မယ် မောက်ကိုကိုင်ရင် ညာဘက်လက်နဲ့ ကိုင်တာများပါတယ် အဲ့ဒါဟာလဲ သင်တန်းတွေ အင်တာနက်ဆိုင်တွေ ကွန်ပြူတာဆိုင်တွေမှာကိုက မောက်ကိုညာဘက်မှာ ချချထားတာ ဆိုင်တိုင်းလိုလိုပါပဲ ...................... ဒါပေမယ့် ..........
ကမ္ဘာကြီးကို ကိုင်လှုပ်ကြသူတွေထဲမှာ ဘယ်သန်တွေလဲပါတယ် လူတွေက မိမိတို့ အားသန်ရာ ကို ပဲ အသုံးပြုချင်ပါတယ်။ မွေးကတည်းက ဘယ်လက်ကိုပဲသုံးတတ်တဲ့သူဟာ ကွန်ပျူတာမောက်စ်ကို ညာနဲ့ကိုင်ရတယ်ဆိုရင် အတော်လေး ကသိကအောင့်နိုင်မယ်ထင်ပါတယ် ဒီတော့ ဒီလိုလေးလုပ်ကြည့်မယ်ဗျာ ဘယ်သန်တွေအတွက် မောက်ကို ညာဘက်လက်နဲ့မကိုင်ပဲ ဘယ်ဘက်လက်နဲ့ကိုင်ပီး ညာဘက်အတိုင်းသုံးမယ် ပြောရင်းပြောရင်းနဲ့ရှုပ်သွားပီလို့ထင်ပါတယ် မရှုပ်ပါနဲ့ တစ်ချို့လဲသိပီးသားဖြစ်မှာပါ တချို့လဲ အမှတ်တမဲ့ဖြစ်သွားတာဖြစ်နိုင်ပါတယ် ဒီ့တော့ မသိသေးတဲ့ဘယ်သန်တွေ အသုံးပြုရလွယ်အောင်နဲ့ လေ့လာချင်သူများအတွက် ဒီပိုစ့်လေးက အထောက်ကူပြုစေမှာပါ
အခုပြောပြမယ့် နည်းလမ်းလေးက မောက်စ် function တွေ landscape တွေပါ အားလုံးဘယ်ဘက် ကို ပြောင်းသွားမှာပါ ။ စမ်းကြည့်လိုက်ပါ

အဆင့် ၁။ Start Menu မှတစ်ဆင့် Control Panel ကိုသွားပါ



အဆင့် ၂။ Control Panel ထဲ မှ Mouse control ကိုသွားပါ ။



အဆင့် ၃။ Mouse Control ထဲမှ switch primary and secondary button ကို ကလစ်ပေးလိုက်ပါ ။



အဲဒါဆိုရင်တော့ ဘယ်ကျော်သမားအတွက် မောက်စ် ရဲ့ left click ဟာ လက်ညှိုးကို ရောက်သွားသလို right click ကလည်း ညာဘက်မှာကိုင်တဲ့ပုံစံအတိုင်း လက်ခလယ်ကိုရောက်သွားပါပြီ...အဲဒါဆိုရင်တော့ အားလုံးအဆင်ပြေသွားပါပြီ...။မောက်စ်ကို ဘယ်နဲ့ကိုင်လို့ရသလို ညာဘက်မှာကိုင်အသုံးပြုတဲ့အတိုင်း အားလုံးက ပုံစံတူသွားပါပြီ...။

No comments:

Post a Comment