Sunday, September 12, 2010

Portable wxPyDict - Dictionary Lookup Program!! English to Myanmar ရော Myanmar to English ရော ရတဲ့wxPyDict ကို ကျွန်တော် Portable version လုပ်ပြီး sha

Portable wxPyDict - Dictionary Lookup Program created by catman

ဒီ wxPyDict ဆိုတဲ့ Dictionary Lookup program လေးကို ကျွန်တော် Portable version လုပ်ပြီး
share လိုက်ပါတယ်

Portable ရဲ့အားသာချက်ကတော့ စက်ကို ၀န် ထုပ်ဝန်ပိုးမဖြစ်တော့ဘူးပေါ့
လိုချင်..သုံးချင်တဲ့အချိန် Run ပြီးသုံးရုံပါပဲ..

ဒီ wxPyDict က..မြန်မာလိုရော..အင်္ဂလိပ်လိုရော vice versa ရတဲ့ အကောင်းဆုံး Dictionary Lookup Program လေးပါ


ဒီ Portable wxPyDict - Dictionary Lookup Program ကတော့ size 6.46 Mb ပဲရှိပါတယ်

***window 7 မှာလည်း အဆင်ပြေပါတယ် ***

Free Download From MediaFire
Hi Friends Download Here
click here to download


Hi Friends Download Here
MediaFire က Download မရရင် ဟောဒီ ifile.it ကဒေါင်းယူပါ

Windows 7 ကို လျင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ

Window 7 ကို လျင်မြန်စွာပြောင်းလဲအသုံးပြုခြင်း။

Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation တွေကို disable
လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါ
တယ်။
Disable လုပ်နည်းကတော့ Run Box ကနေ SystemPropertiesPerformance လို့ရိုက်ပြီး Visual Effects Tab တွင်
Animate windows when minimizing and maximizing ကို uncheck လုပ် ပြီး
OK ကိုနှိပ်ရမှာဖြစ်ပါတယ်။

Windows 7 boot time ကိုမြှင့်တင်ခြင်း။
Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့်
boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို
တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင် msconfig လို့ရိုက်ထည့်ပါ။ ထို့နောက် boot
tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of
processors တွင် မိမိ ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို
ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, 8
ထို့နောက် Apply လုပ်ပြီး OK ကိုနှိပ်ပါ။ (ပုံ-၁)
မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
Application တွေအတွက်လိုအပ်တဲ့ font တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font
တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို
မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
ဒါမှမဟုတ်ရင် Run Box မှတစ်ဆင့် control fonts ကိုရိုက်ပြီးသွားနိုင်သည်။

Windows 7 shutdown time ကိုမြှင့်တင်ခြင်း
Windows 7 ကို shutdown ပြုလုပ်ခြင်းဟာ Windows XP, Windows Vista
တို့ထက်ပိုမြန်ပါတယ်။ ဒါပေမဲ့ registry အတွင်းအနည်းငယ်
အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်။
ပြောင်းလဲပုံကတော့ Run Box တွင် regedit လို့ရိုက်နှိပ်ပြီး Enter လုပ်ပါ။ ထို့နောက် HKEY_ LOCAL_MACHINE မှ SYSTEM တွင် CurrentControlSetControl ကို right-click လုပ်ပြီး
Wait To Kill Service TimeOut ကိုရိုက်ထည့်ကာ value 12000 (12 seconds) ကို
default အဖြစ်ထားရမှာဖြစ်ပါတယ်။ ထို့နောက် OK လုပ်ပြီး PC ကို restart
လုပ်ပါ။

Search Indexing feature ကို disable လုပ်ပါ။
မိမိသိမ်းဆည်းထားတဲ့ဖိုင်များဟာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တယ်ဆိုရင်တော့ Search Indexing feature ကိုပိတ်ထားသင့်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် services.msc လို့ရိုက် ထည့်ပြီး Windows Search ကို
right-click လုပ်ကာ disable ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။

Taskbar thumbnail ရဲ့ဖော်ပြချိန်ကိုလျှော့ ချခြင်း။
Taskbar တွေကို thumbnail အဖြစ်ဖော်ပြခြင်း ဟာ Windows 7 ရဲ့အကောင်းဆုံး
feature ဖြစ် ပါတယ်။ ဒါပေမဲ့ System ကိုနှေးကွေးစေတာကြောင့် ၎င်းင်း
thumbnail တွေရဲ့ဖော်ပြချိန်ကို လျှော့ချပေး ခြင်းဖြင့် system
ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှာ regedit လို့ရိုက်ပြီး HKEY_ CURRENT_USER >Software>
Microsoft>Windows>Current Version>Explorer> Advanced တွင် right-click
လုပ်ပြီး New ကိုကလစ်ထောက်ပြီး DWORD (or) DWORD Value ကိုရွေးကာ ThumbnailLivePreview HoverTime
လို့ရိုက်ထည့်ရပါမယ်။ ထို့နောက် ရိုက် ထည့်လိုက်တဲ့စာသား ပေါ်တွင်
right-click လုပ်ပြီး modify လုပ်ရပါမယ်။ ထို့နောက် Decimal Base တွင်
200 (0.2 seconds) လို့ထည့်ရပါမယ်။ ထို့ နောက် OK လုပ်ပြီး ကွန်ပျူတာကို
restart လုပ်ရပါ မယ်။
System Sounds ကို မလို အပ်လျှင်ပိတ်ပစ်ပါ။
Windows 7 ရဲ့ system sound ကိုမလိုအပ် လျှင် ပိတ်ထားသင့်ပါတယ်။
ပိတ်ထားလိုသူများအနေဖြင့် Run Box တွင် mmsys.cpl လို့ရိုက်ထည့်ပြီး Sounds tab တွင် No Sounds ကိုရွေးကာပြုလုပ်နိုင်ပါတယ်။
မလိုအပ်တဲ့ Startup ပရိုဂရမ်တွေကိုပိတ်ပါ။
အချို့ပရိုဂရမ်များဟာ Windows စတင်အလုပ် လုပ်ချိန်မှာ အလိုအလျောက်အလုပ်လုပ်ပါတယ်။ အလိုအလျောက်
အလုပ်လုပ်တဲ့ ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java
စသည်တို့ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် system ကို
လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် msconfig လို့ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်တဲ့ပရိုဂရမ်များကို
uncheck လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါ တယ်။

Aero Theme ကို disable လုပ်ပါ။
Windows 7 ရဲ့ Aero Theme ဟာနှစ်သက် ဖွယ်ကောင်းပေမယ့် system
ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ Aero Theme ကို disable
လုပ်လိုသူတွေအတွက် desktop တွင် right-click လုပ်ပြီး Personalise ကို
ရွေးကာ Windows Color tab ကိုကလစ်လုပ်ပြီး Enable Transparency box ကို uncheck လုပ်ရပါမယ်။ ထို့နောက် Open classic appearance properties for
more color options တွင် standard (သို့) Basic theme ကို
ရွေးချယ်ကာပြုလုပ်နိုင်ပါတယ်။

Office 2010 နဲ့ ဓါတ်ပုံရဲ့နောက်ခံ back ground ကိုဖျက်ရအောင်

Office 2010 မှာ Remove Background ဆိုတဲ့ tool အသစ်လေးကိုသုံးပြီး back ground ကိုဖျက်ရအောင်

Format> Picture Tools မှာရှိပါတယ်

1. ပထမဦးဆုံး ဖိုင်အသစ်တခုဖွင့်လိုက်ပါ ပြီးရင် Insert > Picture ကနေတဆင့် မိမိမှာရှိတဲ့ဓါတ်ပုံလေးတပုံကို
ထည့်လိုက်ပါ။


2. အဲဒီအခါ Remove Background ဆိုတဲ့ကောင်လေးကိုတွေ့ရပါလိမ့်မယ်။


3. အဲဒီ မှာ click နှိပ်လိုက်တယ်ဆိုရင်ပဲ လေးထောင့်အကွက်လေးတက်လာပါလိမ့်မယ်။

ဒီနေရာမှာတခုသတိထားရမှာက ကိုယ်လိုချင်တဲ့နေရာကိုလေးထောင့်အကွက်လေးကိုရွေ့ပေးဖို့ပါပဲ။

ပြီးတော့မိမိစိတ်တိုင်းကျမရဘူးဆိုရင်တော့ Mark Areas to Keep နဲ့ Mark Areas to Remove နေရာမှာကြိုက်သလိုပြန်ချိန်ပေးလို့ရပါသေးတယ်။ စိတ်တိုင်းကျပီဆိုရင်တော့ Keep Changes ပေါ့။



ဒါဆိုရင်တော့ မိမိ လိုချင်တဲ့နေရာအစိတ်အပိုင်တွေကိုဓာတ်ပုံထဲက back ground ကိုဖျက်ပြီး စိတ်ကြိုက်ထည့်လို့ရပြီးပေါ့နော်...။

.................................................................................................................................................................................

Microsoft Office 2010 Blue Edition.14
ဒါကတော့ Microsoft Office 2010 Blue Edition.14 လေးပါ ကျွန်တော့်ကို တောင်းထားတာကြာပါပြီး ကျွန်တော်မအားလို့ မတင်ဖြစ်တာ ကျွန်တော် Connected ကလည်း သိမ့်မကောင်းလို့ ကြာသွားတာပါ အခု ကျွန်တော် တင်ပေးလိုက်ပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ် Microsoft Office 2010 Blue Edition.1 4 ကို လိုချင်ရင် အောက်မှာ Download ယူလိုက်ပါ။ 789.58mb 16 ၊ ဖိုင်ခွဲထားပါတယ် အားလုံးဒေါင်းယူလိုက်ပါ။
part1 ကိုဖြေလိုက်တာနဲ့ အားလုံးဖြေသွားမှပါ ပြီးရင်သုံးလို့ရပါပြီ

( key: 7XD2X-JWJ94-BCHBW-W9WXP-J2WPT )
Download ifile.it | part1 ၊ part2 ၊ part3 ၊ part4 ၊ part5 ၊ part6 ၊ part7 ၊ part8 ၊ part9 ၊ part10 ၊ part11 ၊ part12 ၊ part13 ၊ part14 ၊ part15 ၊ part16


Download mediafire | part1 ၊ part2 ၊ part3 ၊ part4 ၊ part5 ၊ part6 ၊ part7 ၊ part8 ၊ part9 ၊ part10 ၊ part11 ၊ part12 ၊ part13 ၊ part14 ၊ part15 ၊ part16
ညီနေမင်း

သီချင်းတွေမှာ စာသားထည့်ဖို့

nn htunnkyaw

to me, naywynnhtunn
show details Jul 28

ကိုယ့်စိတ်ကြိုက် သီချင်းတွေမှာ စာသားနဲ့ အဆိုတော်ပုံတွေ ထည့်ဖို့ Jet Audio ကို အသုံးပြုနိုင် ပါတယ်။ အတတ်နိုင်ဆုံး Jet Audio ရဲ့ နောက်ဆုံး version ကို ယူထား ဖို့တော့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် version အဟောင်းတွေမှာ ရ/မရ ဆိုတာကို ကျွန်တော် သေချာမသိလို့ပါ။ အခု ကျွန်တော့်စက်ထဲမှာ ထည့်ထားတာကတော့ JetAudio.v7.0.2.3010.Plus.VX ဖြစ်ပါတယ်။
ပထမဆုံး ကိုယ်ပြုပြင်ချင်တဲ့ သီချင်းဖိုင် ကို Right click နှိပ်ပြီး၊ ပေါ်လာတဲ့ menu ကနေ jet Audio - Edit Tag ကိုသွားပါ။
foto

"Edit Tag" window box လေး ပေါ်လာပါလိမ့်မယ်။ သေချာ ကြည့်လိုက်မယ် ဆိုရင် အဲဒီ box လေးမှာ Basic, Lyirc, Picture ဆိုပြီး Tab menu လေး သုံးခုပါတာကို တွေ့ပါလိမ့်မယ်။ 'Basic' tab မှာ ကျွန်တော်တို့ ပြုပြင်မယ့် သီချင်းရဲ့ Title,Artist,Album,Year,Gene စတာတွေကို ဖြည့်ပါ။
foto

'Lyric' tab ကို သွားပါမယ်၊ အဲဒီမှာ သီချင်းစာသားကို ရိုက်ထည့်ချင်ထည့် (ဒါမှ မဟုတ်) Copy-Paste လုပ်ပြီး ထည့်ချင်ထည့် . . . သင့်စိတ်ကြိုက် ထည့်ပါ။ သီချင်းစာသားတွေကိုတော့ www.azlyrics.com မှာ သွားရှာ နိုင်ပါတယ်။ www.google.com မှာပဲ Lyric of **** ဆိုပြီးလည်း ရှာနိုင်ပါတယ်။ (**** ဆိုတာရဲ့ နေရာမှာ သင်ရှာချင်တဲ့ သီချင်းနာမည်ကို ရိုက်ရမှာ ဖြစ်ပါတယ်။ သီချင်းအမည်ရော အဆိုတော်အမည်ပါ, ပါရင် ပိုကောင်းပါတယ်၊ ဥပမာ- Lyirc of Killers are quiet - Slipknot )
foto

foto

Lyrics အမျိုးအစား နှစ်ခု(Static Lyrics and Synchronized lyrics)
ဒီနေရာမှာ ကျန်နေမှာ စိုးလို့ ထည့်ရေးလိုက် တာပါ၊ Lyrics နှစ်မျိုး ရှိပါတယ်။

Static Lyrics - ဆိုတာကကျ အသေပါ၊ ဒီစာတွေကို ဒီအတိုင်း ပုံသေ ပြနေမှာ ဖြစ်ပါတယ်။
Synchronized Lyrics - ဆိုတာကကျ Time line တစ်ခုနဲ့ သွားပါတယ်၊ ဥပမာ ပြောရရင် ကျွန်တော်တို့ တွေ့နေကျ VCDတွေ မှာလိုပဲ စာသားတွေကို အရောင် တစ်မျိုးနဲ့ ထပ်ဖုံးသွားတာ၊ ပြောင်းသွားတာ မျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Synchronized Lyrics ကို MP3 Player တွေမှာ စာသားပေါ်စေချင်တဲ့ အခါ သုံးနိုင်ပါတယ်။
တစ်ဆက်တည်း ပြောရရင် အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်း စာသားပေါ်အောင် လုပ်လို့ ရနေပါပြီ။ ဒါပေမယ့် တစ်ခု သတိထားရမှာက Lyrics စာသားဖိုင် နဲ့ သီချင်းဖိုင်, ဖိုင်အမည်ခြင်း တူရပါ့မယ်။ MP3 Player ထဲကို အဲဒီ သီချင်းဖိုင် နဲ့ စာသားဖိုင် တွေကို ထည့်လိုက်ပါ။ ပြီးရင် သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကို သုံးစက္ကန့် လောက် နှိပ်ထားလိုက်ပါ, သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်။

အခု Jet Audio မှာလည်း အဲဒီ Synchronized Lyrics တွေကို ရေးသားဖို့ လုပ်ပေးထား ပါတယ်၊ 'Lyrics' tab မှာ Run Lyric Maker (for Synchronized Lyric) ဆိုတဲ့ စာသားလေးကို အောက်နားလေးမှာ တွေ့မယ် ထင်ပါတယ်။ အဲဒီကောင်လေးကို ကလစ်လုပ်ပြီး Synchronized Lyrics တွေကို သင့်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အဲဒါလေးက လုပ်ရတာ နည်းနည်း လက်ဝင် ပါတယ်၊ သီချင်းကို ဖွင့်လိုက်, Time line သတ်မှတ်လိုက် နဲ့ အချိန်လည်း ပေးရ ပါတယ်။ အသင့်ရေးပြီးသား Synchronized Lyrics ဖိုင်တွေကို ဒီဆိုဒ်မှာ သွားယူ နိုင်ပါတယ်။

နောက် 'Picture' tab ကို သွားပါမယ်၊ အဲဒီမှာ Browse ကနေ သင့်ထည့်ချင်တဲ့ ပုံရှိရာကို သွားဖွင့်ပါ။ မူလပုံ အတိုင်းပဲ ပေါ်စေချင်တယ် ဆိုရင် 'Resize image to fit' က အမှန်ခြစ်လေးကို ဖြုတ်ခဲ့ပါ။ ကျွန်တော်ကတော့ 200x200 အရွယ် ပုံသေးလေးပဲ ပေါ်စေချင်လို့ 'Resize image to fit - 200x200' ကိုရွေးပါတယ်။ ပြီးရင် Apply ၊ Ok လုပ်ပါ။
foto

foto

သင် ပြင်ထားတဲ့ သီချင်းဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ၊ သင်ထည့်ထားတဲ့ စာသားနဲ့အတူ ဓါတ်ပုံလေးပါ ပေါ်လာပါလိမ့်မယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါလိမ့်မယ်၊ ဒါကတော့ ကျွန်တော် လုပ်ထားတဲ့ Static Lyrics နဲ့ သီချင်းလေးပါ -
foto

စကားချပ် - Lyrics တွေကို Window Media Player နဲ့လည်း ထည့်လို့ ရတယ်လို့ သိရပါတယ်။ အသေးစိတ် ကိုတော့ IT Men ရဲ့ ဘလော့ မှာ ရေးထား ပါတယ်၊ သွားဖတ် ကြည့်စေချင်ပါတယ်။ [Click here to IT Men]

ဗီဒီယို ဖိုင်အမျိုးမျိုးကို ဒေါင်းလုတ် ချင်ရင်

သိပြီးသား လူတွေလည်းရှိမှာပါ... သူငယ်ချင်းတယောက် က poem ဗီဒီယို ကို ဒေါင်းချင်တယ် ဆိုလို့...
share လိုက်ပါတယ်.။

http://realplayer.en.softonic.com/

http://realplayer.en.softonic.com/universaldownloader-launch
အပေါ်က လင့်မှာ realplaer downloader ကို install လုပ်လိုက်ရု့ ပါပဲ။ youtube , freemyanmarvcd, အဲ့လိုနေရာမျိုးတွေကတောင်
ဗီဒီယိုတွေကို ဆွဲယူ လို့ ရပါတယ်။

Music MP3 Downloader 5.2.2.8 Portable ကို Download လုပ်ရန်

Music MP3 Downloader 5.2.2.8 Portable ကို Download လုပ်ရန်


MP3 သီချင်းများကို Full And Free ရှာဖွေ Download လုပ်ပေးနိုင်တဲ့ Music MP3 Downloader 5.2.2.8 (Latest Version) ဖြစ်ပါတယ်။ Search Box မှာ ရှာဖွေလိုသည့် Artist, Title, Album, Edition စသည်တို့ကို ထည့်သွင်းခါ လွယ်ကူစွာရှာဖွေနိုင်ပါတယ်။ နိုင်ငံတကာ သီချင်းများရော၊ မြန်မာ သီချင်းများကိုပါ ရှာဖွေနိုင်ပြီး၊ လတ်တလော Hot ဖြစ်နေသည့် သီချင်းများကို သီးသန့်ဖေါ်ပြပေးပါတယ်။ POP, Rock, Blue, Classic စသည်ဖြင့်လည်း Categories အလိုက်ရှာဖွေပေးနိုင်ပါတယ်။ နားဆင်လိုသည့် သီချင်းပေါ်တွင် Click နှိပ်ခါ လွယ်ကူစွာနားဆင်နိုင်သည့် အတွက် Downloader အဖြစ်သာမက၊ Online Streaming Player တစ်ခုအဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ Download လုပ်လိုပါက သီချင်းနာမည်၏ ဘေးတွင်ရှိ Download Link ကို Click နှိပ်ခါ Download လုပ်ပေးရုံပါပဲ။ Portable Modified Version ဖြစ်သည့်အတွက် USB ကဲ့သို့သော Flash Device များမှာ ထည့်သွင်းခါ Install လုပ်စရာမလိုပဲ လွယ်ကူစွာသယ်ဆောင်သွားနိုင်ပါတယ်။ Multiple Download လုပ်နိုင်ပြီး၊ Resume Download ပါလုပ်ပေးနိုင်ပါတယ်။ Always On Top Function, Start With Window Function များပါပါဝင်ပါတယ်။

Download လုပ်ရန်...........

http://hotfile.com/dl/57973627/0d35ea6/MUSPMDO_Portable.rar.html

laptop ဘက်ထရီကို ကြာရှည်ခံအောင်..

(၁) Defrageပုံမှန်ခြင်း(ဘက်ထရီနဲ့သုံးစဉ်အတွင်းမှာ မပြုလုပ်သင့်)

(၂) မျက်နှာပြင်Screen ရဲ့အလင်းကိုလျှော့ပါ

(၃) နောက်ခံပရိုဂရမ်တွေကိုပိတ်ပါ

(၄) External device တွေကိုဖြုတ်ပါ

(၅) CD/DVD အစား hard drive ကို သုံးပါ

(၆) ဘက်ထရီကြေးပြားကို သန့်ရှင်းအောင်လုပ်ပါ

(၇) ဘက်ထရီကို ဂရုစိုက်ပါ

(၈) Standby အစား Hibernate လုပ်ပါ

(၉) Memory အပေါ် ထိခိုက်မှုမရှိအောင် ကာကွယ်ပါ

(၁၀) လေ၀င်လေထွက်ကောင်းအောင်လုပ်ပါ)

လက်တော့ပ်ရဲ့စွမ်းဆောင်ရည်ဟာပူလာတာနဲ့အမျှကျဆင်းစေတရ် လေ၀င်လေထွက်အပေါက်တွေကို အ၀တ်(သို့)keyboard cleaner တို့နဲ့သန့်ရှင်းအောင်လုပ်ပေးပါ)(၁၁)Power option ကို ချိန်သုံးပါ(၁၂)Multitask မသုံးပါနှင့်ဒါမှသာ ဘက်ထရီကို အချိန်ကြာမြင့်စွာအသုံးပြုနိုင်မှာပါ။။။