Tuesday, June 22, 2010

အသုံးဝင်သော Photoshop Tutorial Links များ

ကျွန်တော် ကွန်ပြူတာနဲ့ရင်းနီးတာ တော်တော်ကြာပါပြီ။
ပွင့်ပွင့်လင်းလင်းဝန်ခံရရင် Photoshop ကိုဘယ်တုန်းကမှ
ကောင်းကောင်းမလေ့လာခဲ့ဖူးပါဘူး။ လိုအပ်တော့မှပဲ လွယ်လွယ်ကူကူ install
လုပ်ပြီး ကိုယ့်ဟာကို ဟိုလုပ်ဒီလုပ် လုပ်ရင်ရနိုင်မယ်လို့ ထင်ထားခဲ့ပါတယ်။
ဒီsoftware ကတော်တော် powerful ဖြစ်မှန်းတော့ အမြဲအသိအမှတ်ပြု့ခဲ့ပါတယ်။
ဓါတ်ပုံစရိုက်တော့မှပဲ Photoshop ကိုအနည်းနဲ့အများ သုံးတက် သင့်ကြောင်း
ကောင်းကောင်း သဘောပေါက်လာခဲ့ပါတယ်။ ထင်ထားသလောက်လဲ
ကိုယ်လုပ်ချင်သလို့လုပ်ဖို့ မလွယ်ကူမှန်းလဲ သိလာခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ internet ခောတ့်ကြီးမှာ လေ့လာစရာ resources များကို
ကျွန်တော်တို့ လွယ်ကူစွားနဲ့ ရှားဖွေနိုင်ပါတယ်။ ခုမှ အခြေခံကနေ
စတင်လေ့လာကြည့်တော့ Photoshop ဟာ တော်တော် အံ့အားသင့်ရလောက်အောင်
အသုံးဝင်ကောင်းမွန်ပြီး ဘာကြောင့် နာမည်ကြီးရသလဲဆိုတာကိုပါ
သဘောပေါက်လာပါတယ်။ အခြေခံ ကိုသိရင် အရမ်းကြီးလဲ သုံးရတာ မခက်ကြောင်း
နားလည်လာပါတယ်။

ဒီအောက်မှာ ကျွန်တော်လေ့လာခဲ့သော (တချို့လေ့လာနေဆဲ) လင့်ခ်များကို
စုစည်းပေးထားပါတယ်။ တခြား ကောင်းနိုးရာရာ လင်ခ့်များကိုလဲ
အကြံပြု့ပေးကြဖို့ ဖိတ်ခော်ပါတယ်။

- အခြေခံကစပြီး အသေးစိတ့် tools ကိုလေ့လာဖို့အတွက်
http://iit.bloomu.edu/vthc/photoshop/BASICS/interface.htm

- Selection tools များနဲ့ Layers များအကြောင်း လေ့လာမယ်ဆိုရင်တော့
http://www.photoshopessentials.com/basics

- အသုံးဝင် ၍ သိသင့် သော Photoshop shortcut keys များ
http://www.freetimefoto.com/photoshop_cs3_toolbox
http://www.webdesignerwall.com/tutorials/photoshop-secret-shortcuts/

- လက်တွေ့အသုံးချ Photoshop Effects များ
http://veerle-v2.duoh.com/blog/comments/photoshop_vintage_effect/
http://www.photoshopstar.com/
http://abduzeedo.com/tutorials
http://psd.tutsplus.com/
http://photoshoptutorials.ws/photoshop-tutorials/

- မျက်လုံးများ အား အထူးပြု့လုပ်ချက်များ အတွက့် (Credit to Harry for these links)
http://www.fanpop.com/spots/eyes/photos
http://10steps.sg/tutorials/photoshop/making-a-beautiful-pair-of-fa...

ကျွန်တော် တစ်ခုသတိပေးချင်တာက ဒီ Tutorials အများစုဟာ ဘယ်လိုလုပ်လို့
ရတယ်ဆိုတာကို သာ တင်ပြတာဖြစ်ပြီး ဘယ်လို့လုပ်ရမယ်လို့
သတ်မှတ်တာမဟုတ်ပါဘူး။ ဖန်တီးမှုမှာ ကန့်သတ်ချက် မရှိသလို ဘယ်သူက
မှပဲမှန်တယ်ဆိုတာလဲ မရှိဘူးလို့ထင်ပါတယ်။

နောက်တခု အကြံပြုလိုတာက ဖန်တီးမှု့ရှိသော ဓါတ်ပုံများကို ရှေ့ဦးစွာ
ဦးစားပေးရိုက်ပြီး Photoshop ကို အထောက့်အပံ ပြု့ software တခုအနေနဲ့သာ
အသုံးပြု့ဖို့ပါ။ နဂို မရှိပဲ နဂိုင်း ထွက်ဖို့ မလွယ်ပါဘူး။

No comments:

Post a Comment