Tuesday, June 22, 2010

Cool smiley တွေနဲ့ Chat box နောက်ခံပုံ ထည့်သုံးနိုင်မယ့် Gtalk Theme



MyTheme ဆိုတာ Google Talk အသုံးပြုသူတွေအတွက် အထူးဖန်တီးပေးထားတဲ့ chat theme
တစ်ခုပါ။ Chat window မှာ နောက်ခံပုံတွေကို
စိတ်ကြိုက်ထည့်သွင်းနိုင်ဖို့နဲ
့ ထူးခြားဆန်းသစ်တဲ့ cool smiley တွေ
သုံးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတယ်။ နောက်ခံပုံအတွက် အဆင်ပြေတဲ့ အရွယ်အစားက
350 x 250 ဖြစ်ပြီး JPEG ပုံတွေပဲ သုံးလို့ရတယ်။ နောက်ခံပုံတွေကို
တစ်ပုံတည်းထည့်သွင်းနိုင်သလို ပုံအများကြီးလည်း ထည့်နိုင်တယ်။ Smiley
တွေကို အမြဲသုံးလေ့ရှိတယ်ဆိုရင် Start menu>All
Programs>DaSh>MyTheme>Help ကိုသွားပြီး အဲဒီက အညွှန်းအတိုင်း
Shortcut ဒါမှမဟုတ် Alternate word ကိုရိုက်ထည့်အသုံးပြုနိုင်တယ်။
Alternate word ကိုသုံးမယ်ဆိုရင် ရှေ့က ":" ခံပြီးရိုက်ရမယ်။ MyTheme ကို
install လုပ်ဖို့အတွက် ဒေါင်းလုတ်လုပ်ထားတဲ့ MyTheme.exe ဖိုင်ကို
ကလစ်နှစ်ချက်နှိပ်ပြီး Install button ကိုကလစ်လုပ်လိုက်ရုံပါပဲ။
Destination folder ကိုပြောင်းဖို့မလိုပါဘူး။ Theme ကိုသုံးမယ်ဆိုရင်
အရင်ဆုံး ဖွင့်ထားတဲ့ chat window အားလုံးကို ပိတ်လိုက်ပါ။ ပြီးရင် Gtalk
ရဲ့ Settings>Appearance>Chat Theme မှာ MyTheme ကို
ရွေးပေးရင်ရပါပြီ။ နောက်ခံပုံပြောင်းချင်တယ်ဆိုရင် Start menu>All
Programs>DaSh>MyTheme>Change Backround ကိုသွားပြီး
ပြောင်းလိုက်ရုံပဲ။ အဲ... ပုံပြောင်းပြီးတဲ့အခါမှာ လက်ရှိဖွင့်ထားတဲ့ chat
window တွေကို တစ်ခါပိတ်ပြီး ပြန်ဖွင့်ဖို့လိုလိမ့်မယ်။ နောက်ခံပုံကို
refresh လုပ်တဲ့သဘောပေါ့။ တစ်ခုသတိပြုရမှာက smiley တွေ သုံးတဲ့အခါ
အခြားတစ်ဖက်ကလည်း MyTheme ကိုသုံးမှ ဒီဖက်က ရိုက်ထည့်လိုက်တဲ့ smiley
တွေကို မြင်တွေ့ရမှာပါ။ MyTheme ကို လက်တွေ့သုံးကြည့်ပြီး
နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။



No comments:

Post a Comment