Tuesday, June 22, 2010

သုံးရလွယ်ကူပြီး အစွမ်းထက်တဲ့ SWFText animation ဆော့ဖ်ဝ






သုံးရတာအရမ်းလွယ်ကူပြီး အစွမ်းထက်တဲ့ flash animation ဆော့ဖ်ဝဲလေးတစ်ခုပါ။ Animation နဲ့ ရင်းနှီးမှုမရှိတဲ့သူတွေတောင် အလွယ်တကူနဲ့ အသုံးပြုနိုင်မှာပါ။
ဝက်ဆိုက်တွေမှာ အသုံးပြုတဲ့ SWF ဖိုင်တွေအဖြစ် ထုတ်ပေးမှာဖြစ်ပြီး Movie
size, Backround, Backround Effect, Text, Text Effect, Interaction,
Sound တွေကို လိုသလို ဖန်းတီးယူနိုင်တယ်။ Movie size ဆိုတာ ထွက်လာမယ့် SWF
ဖိုင်ရဲ့ width နဲ့ height ကို ပြောတာပါ။ Backround မှာဆိုရင် Solid
color, Gradient Color (နှစ်ရောင်စပ်) နဲ့ Transparent တို့ ထားနိုင်တဲ့
အပြင် Image ဖိုင်တစ်ခုခုကိုလည်း backround image အဖြစ်
စိတ်ကြိုက်ထားနိုင်တယ်။ Text စာသားကို စိတ်ကြိုက်ရိုက်ထည့်ပြီးတဲ့အခါ Text
Effect တစ်ခုခုကို ရွေးချယ်နိုင်တယ်။ Interaction ကတော့ SWF ဖိုင်နဲ့
ဝက်ဆိုက်တစ်ခုခုကို link ချိတ်ဆက်သွယ်ပေးတဲ့ လုပ်ဆောင်ချက်ပါ။ ပြီးတော့
စိတ်ကြိုက် MP3 နဲ့ WAV သီချင်း ဒါမှမဟုတ် အသံဖိုင်တွေကို Backround Music
အဖြစ်ပေါင်းထည့်နိုင်ပါတယ်။ Backround Effect နဲ့ Text Effect တွေ
အတော်များများပါဝင်တဲ့အချက်ကြော
င့် ဒီဆော့ဖ်ဝဲလေးကို လက်မလွှတ်သင့်ဘူးလို့
ကျွန်တော်တော့ ပြောချင်တယ်။ နောက်တစ်ချက် က animation frame တွေကို
ဖန်တီးတာအရမ်းမြန်တယ်။ စမ်းသပ်ကြည့်ချင်တယ်ဆိုရင် Install လုပ်ဖို့မလိုပဲ
အရန်သင့် အသုံးပြုနိုင်ပါတယ်။ .


No comments:

Post a Comment