Tuesday, July 6, 2010

စာစီ၊ ဒီဇိုင်းသမားတွေအတွက် character mapping ဆော့ဖ်ဝ

စာစီနဲ့ ဒီဇိုင်းသမားတွေ အားထားရမယ့် character mapping ဆော့ဖ်ဝဲဖြစ်ပါတယ်။ USB
drive ကနေသုံးလည်း ရပါတယ်။ Clipboard ထဲကနေ paste လုပ်နိုင်ဖို့ အက္ခရာ ၂၅၅
လုံးကို တစ်ခုချင်း ကူးယူနိုင်သလို font အမည်ကိုပါကူးပေးနိုင်ပါတယ်။
အက္ခရာတွေကို ပီပီပြင်ပြင်မြင်တွေ့ရဖို့ စိတ်ကြိုက် ချဲ့ပြီးကြည့်နိုင်တယ်။
ဒါ့အပြင် Bold နဲ့ Italic ပုံစံတွေနဲ့လည်း ပြပေးတယ်။ Text input field မှာ
ဝါကျတွေ၊ စာပိုဒ်တွေရိုက်ထည့်ပြီး အသုံးပြုမယ့်ပရိုဂရမ်ဆီ ကူးယူနိုင်တယ်။
အထူးသဖြင့် symbol တွေနဲ့ မြန်မာဖောင့် အသုံးပြုသူတွေအတွက်
အသုံးဝင်ပါလိမ့်မယ်။ System Registry ကို အသုံးမပြုဘဲ သီခြား
အလုပ်လုပ်ပေးတဲ့အတွက် ကွန်ပျူတာစနစ်ကို အနှောင့်အယှက်ပေးမှာလည်း မဟုတ်ဘူး။
အင်္ဂလိပ်ဖောင့်တွေက ဘယ်လိုပဲဒီဇိုင်းကွဲကွဲ၊ keyboard layout ကတော့
တစ်ညီတည်းဖြစ်တဲ့အတွက် စာစီစာရိုက်တဲ့အခါ အခက်အခဲသိပ်ရှိမှာမဟုတ်ဘူး။
မြန်မာဖောင့်တွေကျတော့ စနစ်တကျ စံသတ်မှတ်ချက်မရှိဘဲ ဖောင့်ရေးသားသူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့
keyboard layout တွေပြုလုပ်ကြတဲ့အတွက် ဖောင့်အမျိုးအမည်တွေများသလောက်
စာစီလုပ်ငန်းမှာ အသုံးပြုရတာ ရှုပ်ထွေးလွန်းတယ်။ မြန်မာဖောင့်တစ်ခုကနေ
တစ်ခြားဒီဇိုင်းဆန်းသစ်တဲ့ ဖောင့်တစ်ခုကို ပြောင်းချင်တဲ့အခါ layout
မတူတဲ့အတွက် အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ မြန်မာဖောင့်တွေကို
စံတစ်ခုမသတ်မှတ်ဘဲ ထုတ်လုပ်ရေးသားခွင့်ပြုနေသမျှတော့ အဲဒီဖောင့်တွေကို
အသုံးပြုဖို့အတွက် ရှိသမျှ ဆော့ဖ်ဝဲလေးတွေနဲ့ ကြံဖန်ဖြေရှင်းနေရဦးမှာပဲ။
မြန်မာဖောင့် layout မှန်သမျှကို လိုက်ပြီးလေ့ကျင့်ဖို့ဆိုတာ
သိပ်ပြီးအဓိပ္ပာယ်မရှိသလိုပဲ။ အဲဒီတော့ ကိုယ့်အတွက် အဆင်ပြေတဲ့ အကောင်းဆုံး
keyboard layout တစ်ခုကိုပဲ ရွေးချယ်အသုံးပြုသင့်တယ်လို့ထင်ပါတယ်။
ကျွန်တော်ကတော့ Win Myanmar layout နဲ့ သူနဲ့နီးစပ်တဲ့ Alpha Win32,
ပြီးတော့ Alpha Zawgyi Unicode (Zawgyi-One) font တွေကို
လက်ကိုင်ထားပါတယ်။ တစ်ခြားမြန်မာဖောင့်တွေကို အသုံးပြုတဲ့အခါမှာတော့ ဒီ
CharacterMap Professional ရဲ့ အကူအညီကို ယူရတာပေါ့ဗျာ။
သူငယ်ချင်းအားလုံးလည်း နည်းနည်းလေးပဲဖြစ်ဖြစ် ဒီဆော့ဖ်ဝဲလေးရဲ့အကူအညီနဲ့
ရှုပ်ထွေးတဲ့ဖောင့်စနစ်တွေကို အသုံးပြုနိုင်စေဖို့
ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်။ .

No comments:

Post a Comment