Tuesday, July 6, 2010

ဟာ့ဒ္ဒစ္ကို မွားၿပီး format ချမိပါတယ်......

အမေး
ကျွန်တော့် ဟာ့ဒ်ဒစ်ကို မှားပြီး format ချမိပါတယ်။ နောက်ဝင်းဒိုးစ် ပြန်တင်ပါတယ်။ Application အချို့ လည်း တင်ပြီးပြီ ထင်ပါတယ်။ သတိရတဲ့အခါ
အဲဒီဟာ့ဒ်ဒစ်မှာ အရေးကြီးတဲ့ ဖိုင်တွေ ရှိခဲ့ပါတယ်။ ဒါနဲ့ ဟာ့ဒ်ဒစ်ကို
ပြန်ဖြုတ်ပြီး recover software နဲ့ ရသမျှ data တွေကို ပြန်ထုတ်ယူပါတယ်။ ရလည်း
ရပါတယ်။ ပုံတွေ၊ Word, PageMaker file, Photoshop file စသည့် အတော်များများ
ပြန်ရပါတယ်။ ၎င်း icon တွေလည်း ပုံမှန်အတိုင်းပါ။ ဒါပေမယ့် ဖိုင်တွေကို
ဖွင့်လို့မရတော့ပါ။ ဘယ်လို ဖြစ်ရသည်ကို သိလိုပါတယ်။

အဖြေ
ဟာ့ဒ်ဒစ်မှာ recover လုပ်လို့ရတယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိပါတယ်။ ဟာ့ဒ္ဒစ္ကုိ format
ချမိပြီ ဆိုတာကို သိတာနဲ့ ဘာမှ ဆက်မလုပ်သင့်ပါ။ ၎င်း အခြေအနေမှာ recover လုပ်ခြင်းသည်
အပြည့်အဝ နီးပါး ပြန်ရနိုင်ပါတယ်။ ဒါပေမယ့် ဝင်းဒိုးစ် သို့မဟုတ် data များ
ပြန်တင်လိုက်ခြင်းသည် ဟာ့ဒ်ဒစ်ရဲ့ နေရာများကို replace လုပ်လိုက်ခြင်းသာ ဖြစ်ပါတယ်။
Replace သည် မူလ နေရာက data ဟောင်းများကို လုံးဝ ဖုံးအုပ်လိုက်ခြင်း သို့မဟုတ်
ဖျက်လိုက်ခြင်းဖြစ်လို့ recover လုပ်ရန် ခက်သွားပါပြီ။ နောက် ဖိုင်တစ်ဖိုင်ကို
ဟာ့ဒ်ဒစ်မှာ သိမ်းတယ်ဆိုတာ တစ်နေရာတည်းမှာတစ်ဖိုင်လုံးကို တစ်စုတစ်စည်းတည်း
သိမ်းခြင်းမဟုတ်ပါ။ Cluster တွေမှာ စိတ်ပိုင်းပြီး သိမ်းခြင်း ဖြစ်ပါတယ်။ သို့ဖြစ်၍
recover သည် cluster အကုန်လုံးကို ရယူနိုင်ခြင်း မရှိပဲ မပြည့်စုံတဲ့ ဖိုင်တွေ
ဖြစ်ကုန်ဟန် တူပါတယ်။ Icon နဲ့ ပြနေပေမယ့် ရာခိုင်နှုန်း မပြည့်တော့ပါ။ ဒါကြောင့်
ဖိုင်ကို ဖွင့်လို့မရတော့တဲ့ အနေအထားသို့
ရောက်သွားတာပါ။
ကြိုးစားကြည့်ချင်တယ်ဆိုရင် သက်ဆိုင်ရာ format တွေကို ထပ်ပြီး recover လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲမျိုးကို ရှာရပါလိမ့်မယ်။ ဥပမာအားဖြင့် .Jpeg
ဖိုင်တွေကို recover လုပ်ပေးမယ့် JPEG Recovery Pro ဆော့ဖ် ဝဲjavascript:void(0)၊
Word ဖိုင်များကို ကယ်ပေးမယ့် Stellar Phoenix Word Recovery ဆော့ဖ်ဝဲ၊ စသည်တို့နဲ့
တစ်မျိုးချင်း ခွဲခြားပြီး recovery လုပ်ကြည့်ပါ။
၎င်း ဆော့ဖ်ဝဲ များနဲ့ ဟာ့ဒ်ဒစ်ကို တစ်ခုချင်း recovery လုပ်ကြည့်သင့်ပါတယ်။ သို့မဟုတ် နာမည်ရထားသည့်
recovery software ကို သုံးသင့်ပါတယ်။ ၎င်း ဆော့ဖ်ဝဲ မျိုးကိုလည်း အမှန်ကျသင့် တန်ဖိုး
ပေးချေဝယ်သင့်ပါတယ်။ ဆိုလိုတာက အင်တာနက်ကနေ အခမဲ့ download ရယူထားတဲ့ ဆော့ဖ်ဝဲ
အများစုသည် လုပ်ဆောင်နိုင်ချက် အပြည့်အဝ ပေးမထားပါဘူး။
ကျွှန်တော်ထပ်ဆင့်ကမ်းတာပါ မသိသေးသူများအတွက်ပေါ့
မူရင်းဆိုဒ်ကတော့
http://www.komyatmm7.co.cc/2009/03/format.html

No comments:

Post a Comment