Friday, July 9, 2010

Gmail မှာ Signature လှလှလေးနဲ့ ပြည့်ပြည့်စုံစုံလေးကို Auto လုပ်ကြမယ်

ဒီတစ်ခါတော့ Gmail မှာ Mail တစ်စောင်ပို့တိုင်းပို့တိုင်း သူငယ်ချင်းတို့ရဲ့လိပ်စာ၊ နာမည်၊ ဖုန်းနံပါတ်၊ ဓာတ်ပုံ၊ နောက်ပီးတော့ Social Media Site တွေဖြစ်တဲ့ Facebook, Twitter, Gtalk စတဲ့ Icon လေးတွေကို Gmail ရဲ့အောက်ဆုံးမှာ Signature တစ်ခုအနေနဲ့ Auto ထည့်ပေးမယ့် Site ကလေးတစ်ခုကို ပြန်လည်ဝေမျှလိုက်ပါတယ်။
ဒီနည်းလေးကို အသုံးပြုလိုတဲ့ သူငယ်ချင်းများအနေနဲ့ Firefox browser ကို အသုံးပြုရမှာဖြစ်ပီးတော့၊ Gmail မှာသာမက၊ အခြား Yahoo Mail ,AOL, Hotmail Mail တွေမှာပါ အသုံးပြုနိုင်ပါတယ်။
အရင်ဆုံး Wise stamp လို့ခေါ်တဲ့ Site မှာ ဒေါင်းလုပ်လုပ်ရပါမယ်။ ပီးရင် ကိုယ့်ရဲ့ Signature တွေကို ကိုကိုယ်တိုင် စိတ်ကြိုက်ဖန်တီးထားပေးရပါမယ်။ Download လုပ်ပီးလို့ install လုပ်ပီးတာနဲ့ firefox browser ရဲ့ အောက်ဆုံးနားက ညာဘက်ထောင့်မှာ wise stamp icon လေးပေါ်မှာ right click တင်ပီးတော့ Edit signature ကိုသွားပီးတော့ သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင် Signature လေးတွေကို ကိုယ်တိုင်စတင် ဖန်တီးနိုင်ပါပြီ။ Gmail တစ်စောင်ပို့တိုင်း အဲဒီ Signature လေးတွေက အဆင်သင့်ဖြစ်နေတာကို တွေ့နေရပါလိမ့်မယ်။ အဆင်ပြေကြပါစေ။
အသေးစိတ်သိချင်ရင်တော့ ဒီနေရာမှာ သွားကြည့်လိုက်ကြပါ။
http://stamedia.blogspot.com မှကူးယူတင်ပြပါသည်။

No comments:

Post a Comment