Wednesday, July 21, 2010

Firefox 4 Beta 1.0 နဲ့  add-on အလန်းစားတွေ

Browser တို့ ရဲ့ ဘုရင် Mozilla Firefox ကြီးကတော့ Firefox 4 Beta 1.0 ဆိုတဲ့ Browser Version အသစ် ကို Relaese လုပ်ပြီး Browser လောက ကို ထပ်မံ နှိုးဆွလိုက်ပြန်ပါပြီ ။ အသစ်အသစ်သော Features ပေါင်းများစွာနဲ့  Firefox ရဲ အမာခံပရိသတ် တွေကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ ။ Function အသစ် ၊ Features အသစ်တွေနဲ့  ဘာတွေ ဘယ်လို ထပ်ပေါင်းထားလဲဆိုတာ တော့ ….





Firefox ရဲ့  Home Page မှာမှ သွားဆွဲချင်တဲ့ သူငယ်ချင်းတို့ အတွက် Mozilla Home Page
ကဲ .. ဘာတွေ ဘယ်လို ထူးခြားတဲ့ Features တွေပါလဲဆိုတာ သိချင်ရင်တော့ Firfox Beta Features ဆိုတဲ့နေရာမှာ ကိုယ်တိုင်ဝင်ရောက် ဖတ်ရှုနိုင်ပါတယ် ။

Open Source တစ်ခုဖြစ်တဲ့ Browser Firefox ဟာ သုံးစွဲသူ User တွေ လွယ်ကူ အဆင်ပြေချောမွေ့ စေရန်အတွက် အဖက်ဖက်မှ Feedback ပြန်ယူပြီး လိုအပ်သည်များကို ထပ်ပေါင်းထည့်ပေးတဲ့ add-on ဆိုတာတွေကို လည်း အများအပြား သုံးစွဲလို့ ရအောင် ပြုလုပ်ထားပါသေးတယ် ။ Firefox ရဲ့ add-on တော်တော်များများနဲ့ တော့ ရင်းနှီးပြီးသားဖြစ်မှာပါ ။ (စိတ်မကောင်းစရာ တစ်ခုက အခု စမ်းသပ်ထုတ်လွှတ်လိုက်တဲ့ Firefox 4 မှာ တစ်ချို့ add-on တွေ အကုန်လုံး Support မလုပ်သေးပါဘူး ။ အောက်မှာ မိတ်ဆက်ပေးမဲ့ add-on တွေလည်း ပါနေတာကြောင့် ဒီနှစ်ခုမှာ browser ကိုရွေးရင် add-on ကိုသုံးလို့ မရနိုင်သလို ၊ add-on တွေကို ရွေးမယ်ဆိုရင်လည်း Firefox 4 ကို သုံးလို့ရမှာမဟုတ်ပါဘူး )

ဒါပေမဲ့ သိပ်တော့လည်း စိတ်ဓာတ်ကျမသွားပါနဲ့ ဦး ။ add-on အများစုကို အသစ်ထွက် Firefox 4 မှာသုံးလို့ မရပေမဲ့ Mozilla ရဲ့ နောက်ဆုံးထွက် version ဖြစ်တဲ့ Firefox 3.6 မှာတော့ကောင်းကောင်းသုံးလို့ ရတဲ့အတွက် Firefox 3.6 မရှိတဲ့သူတွေအတွက်လည်း Firefox 3.6 ကို တစ်ခါတည်း တင်ပေးလိုက်ရပါတယ် ။



Firefox Browser တွေကို ဒေါင်းလုပ်ဆွဲပြီးသွားပြီးဆို
ရင်တော့ အချိုပေါ်သကာထပ်လောင်းပြီး Theme လေးတွေဆင်ပေးရအောင်ပါ ။Get Personas ဆိုတဲ့နေရာလေးမှာ မိမိစိတ်ကြိုက် Theme ပေါင်း မြောက်မြားစွာကို ရှာဖွေလို့ ရပါတယ် ။

အခု ပထမဆုံး ပြောပြမဲ့ add-on လေးက
Gmail ရဲ့ interface ကို ပြောင်းလဲပေးမဲ့ google-redesigned ဆိုတဲ့ add-on လေးပါ ။ ဘာတွေကွာလဲဆိုတာ ကြည့်ကြည့်လိုက်ပါဦးး ။ အလှအပကို ကြိုက်နှစ်သက်တဲ့ User တွေ အတွက်ပေါ့ .. ။ ဒီအတိုင်း ရိုးရိုးရှင်းရှင်းကြီး ၀င်နေရတာ ညီးငွေ့ လောက်ရောပေါ့ .. ။


ဒါကတော့ sing-in ၀င်တဲ့ interface ပဲ ရှိပါသေးတယ် ။ mail ထဲ ရောက်သွားတာနဲ့ အခြား interface ပေါင်းမျိုးစုံနဲ့  User တွေကို ဖမ်းစားထားဦးမှာပါ ။


ဒါလေးကိုတော့ Google Redesigned မှာသွားရောက် ရယူနိုင်ပါတယ် ။

နောက်ထပ် add-on လေးတစ်ခုကတော့ fox tab ဆိုတဲ့ firefox tab တွေကိုအမြင်အမျိုးမျိုးနဲ့လှပစွာကူးပြောင်းသွားဖို့ အတွက်ပါ ။



Firefox မှာ Tab အများကြီးဖွင့်ထားပြီး Ctrl+Tab ကို နှိပ်လိုက်တာနဲ့  အမြင်ဆန်းသစ်စွာနဲ့  ဘယ် Tab ကိုဖွင့်မှာလဲဆိုတာ … ကို စိတ်ကြိုက်ရွေးပေးထားလို့ ရပါတယ် ။ အဲ့ add-on လေးကိုတော့ FoxTab မှာရယူနိုင်ပါတယ် ။

အဲ့လောက်ဆိုရင်တော့ .. လိုအပ်ချက်တွေ တော်တော်များများ ပြည့်စုံသွားလောက်ပါပြီ ။ နေ့ စဉ်သုံးနေကျ Browser အလန်း ဆုံး တစ်ခုရယ် ... နေ့ စဉ် သုံးနေကျ Application အလန်းတွေရယ် ..... နဲ့  ..

No comments:

Post a Comment