Friday, July 9, 2010

Gmail Inbox ထဲက ကိုယ်လိုချင်တာလေးတွေကိုနောက်ထပ်Inboxလေးတွေခွဲထုတ်ပြီး ပွားကြည့်ကြရအောင်

အရင်ဦးဆုံး ကိုယ့်Gmail ကိုဖွင့်ပါ။ ပြီးရင် Setting ထဲက Labs
ဆိုတာကိုသွားပါ။ Labs ထဲမှာရှိနေတဲ့ Multiple Inbox ကို Enable ပေးပါ။
ပြီးရင် အောက်ဆုံးမှာရှိတဲ့ Save Changes ဆိုတာကို click ပါ။ အဲဒီမှာ
ကိုယ့်ရဲ့ Inbox ရှိနေတဲ့ page ကိုပြန်ရောက်သွားပါလိမ့်မယ်။ နောက်ထပ်
Setting ထဲကိုပဲ ပြန်ဝင်လိုက်ပါ။ Settingထဲကိုရောက်
သွားပြီဆိုရင် အပေါ်ဆုံးမှာရှိတဲ့ Multiple Inbox ထဲကိုဝင်ပါ။ အဲဒီထဲက
Search query ရဲ့အောက်က box လေးတွေထဲမှာ ကိုခွဲထားချင်တဲ့ဟာကို
ရိုက်ထည့်ပေးပါ။
ဥပမာ: ကိုယ်က မဖတ်ရသေးတဲ့စာတွေကို သက်သက်Inbox တစ်ခုနဲ့ထားချင်ရင်တော့
is:unread လို့ရိုက်ထည့် ပေးလိုက်ပေါ့။
မပို့ဖြစ်ပဲသိမ်းထားတဲ့စာတွေကို
ပါခွဲထုတ်မယ်ဆိုရင်တော့ is:Draftsပေါ့။
ကျန်တဲ့ starred,trashs,
chat, sent mail, spam စတာတွေကိုလည်းခွဲထုတ်လို့ရပါသေးတယ်။ အများဆုံး 5 ခုအထိခွဲထုတ်လို့ရပါတယ်။
ပြီးရင်တော့ ကိုယ်ခွဲထားတဲ့ inbox လေးတွေတစ်ခုဆီကို စာကြောင်းလေဘယ်လောက်လောက်ပေါ်စေချင်လည်း
ဆိုတာကိုတော့ Maximun Page Size မှာ ရိုက်ထည့်ပါ။ ပြီးရင်
သူ့အောက်တစ်ကြောင်းကပဲ Extra Panels Positioning မှာတော့ အဲဒီ
inboxလေးတွေထားမယ့်နေရာကိုရွေးပေးပါ။ Above the inbox နဲ့ Below the inbox
ပဲသုံးတာကောင်းပါတယ်။ ကျန်တဲ့ Right side of the inbox ကတော့ကြည့်ရတာ
နည်းနည်းရှုပ်လို့ပါ။
အားလုံးပြီးရင်တော့ အောက်က Save Changes ဆိုတာကိုနှိပ်လိုက်ရင် ရပါပြီ။

No comments:

Post a Comment