Wednesday, July 7, 2010

လွယ်လွယ်ကူကူ သုံးလို့ရတဲ့ Mail တစ်ခုယူမယ်..

သူငယ်ချင်းတို့..တစ်ခါတစ်လေ...
email တစ်ခုနဲ့ အဆက်အသွယ်လုပ်ချင်၊..Gmail ကလည်း ဝင်လို့မရ..အထူးသဖြင့် dial up နဲ့ သုံးတဲ့ လူတွေဆို ပိုသိပါတယ်။ proxy ကျော်နေရတာနဲ့ပဲ ကွန်နရှင်က ပြုတ်ကျဖြစ်ဘူးကျမှာပါ။ အခု မိတ်ဆက်ပေးမဲ့ မေး(လ) က တော်တော်ကို အဆင်ပြေပါတယ်။ မြန်မာလိုလည်း ရပါတယ်။ ဘယ်က ပေးတာလဲဆိုတာ ကမ္ဘာကျော်ဖုန်းကုမ္ပဏီဖြစ်တဲ့ Nokia က ပေးတာပါ။ Nokia phone တွေမှာတော့ ဖုန်းကနေ သုံးလို့ရပါတယ် (wifi အင်တာနက်တော့ အဓိကလိုတာပေါ့ဗျာ..packet internet က ဈေးကြီးလို့ wifi internet လို့ သုံးတာပါ)။ အခမဲ့လုပ်နိုင်သလို 1GB အထိ storage ပေးပါတယ်။ interface လိုခေါ်တဲ့ အသွင်အပြင်ကလည်း ရှင်းလွန်းပါတယ်။

နောက်ပြီးတော့ တစ်ချို့ရုံးတွေမှာ gmail ကို ပိတ်ထားတာမျိုးဆိုရင် ဒီဟာက တော်တော်အဆင်ပြေပါတယ်။ gmail ထဲဝင်သမျှကို ဒီ nokia mail ဘက်ကို forward လုပ်ခိုင်းတဲ့ filter တပ်ထားလိုက်ရင် gmail ထဲကို ဝင်သမျှ ဒီဘက်မှာလည်းကြည့်နိုင်ပြီပေါ့။

ကဲ..ပထမဦးဆုံး...www.mail.ovi.com ကိုဝင်လိုက်ပါ။ အောက်ပါပုံအတိုင်းတွေ့ရရင် register လုပ်ပါ။


အဆင့်က အရမ်းလွယ်ပါတယ်။ နောက်ဆုံးအားလုံးပြီးရင်တော့


အထက်ပါ ပုံအတိုင်း ပေါ်လာပါပြီ။ ဝင်ရတာကလည်းလွယ်၊ Proxy ခံစရာမလိုဘူး။ Dialup နဲ့တောင်ရပါတယ်။




Nokia Mail ထဲကို Forward လုပ်တာကတော့

ပုံမှာ မမြင်ရရင် Settings > Filter ကိုနှိပ်တာပါ။

Create filter ကိုနှိပ်တာပါ။

To မှာ ကိုယ့် Gmail လိပ်စာကိုထည့်ပါ (သဘောက ဒီ Gmail ကိုလာတဲ့ email တွေပေါ့)

(၁) Forward it to ကို အမှန်ခြစ်ခဲ့ပါ။

(၂) ကိုယ် Forward လုပ်စေချင်တဲ့ mail လိပ်စာပါ။ (ဒီမှာတော့ ကိုယ့်ရဲ့ Nokia mail ပေါ့)

(၃) Create filter ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ဒီ filter တပ်ပြီးနောက်ပိုင်း မေး(လ)မှန်သမျှ nokia mail ထဲကို ရောက်ပါပြီ။


ဒီလိုဆိုရင်တော့ သူငယ်ချင်းတို့ gmail တွေဝင်လို့မရမှာလည်း မပူရတော့ဘူးပေါ့။ နိုကီယာကနေ ထိုင်စောင့်နေရုံပဲ။ ဒါပေမယ့် အရေးမကြီးတဲ့ မေး(လ)တွေ ဖျက်ပစ်ဖို့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ နိုကီယာမေးက 1GB ပဲဆန့်လို့ပါ။ Gmail ထက် ၇ ပုံ ၁ ပုံပဲဆန့်ပါတယ်။

နောက်အရေးကြီးဆုံးတစ်ခုက MPT တို့၊ Info-tech တို့ ၊ရတနာပုံတယ်လီပို့ တို့က သိသွားလို့ www.mail.ovi.com ကို ပိတ်လိုက်လို့ Access has been denied! ဆိုရင်တော့ ထုံစံအတိုင်း ပရုပ်ဆီ (proxy) လိမ်းကြရတော့မှာပေါ့။

No comments:

Post a Comment