Tuesday, July 6, 2010

Proxy ဘယ်လိုထဲ့မလဲ

အခုဖော်ပြပေးတာလေးက ပြည်ပမှာ အင်တာနက် အသုံးပြုကြတဲ့ သူငယ်ချင်းတွေအတွက် သိပ်အသုံးဝင်မှာမဟုတ်ပေမဲ့ မြန်ပြည်တွင်းမှာသုံးနေတဲ့ သူငယ်ချင်းတွေအတွက်တော့ အသုံးဝင်မှာပါ ဘာလဲဆိုတော့ ပြည်တွင်းမှာသုံးနေတဲ့ သူငယ်ချင်းတွေထဲက အများစုဟာ အင်တာနက်ကဖေး တွေ မှာအသုံးများကြတာဖြစ်နေလို့ပါ ကိုယ်ပိုင်အိမ်မှာဝယ်မသုံးနိုင်
သေးခင် အပြင်ဆိုင်မှာသုံးရတာဖြစ်တဲ့အတွက် ကိုယ်သုံးတဲ့နေ့မှာ အကယ်လိုများ ချောကလက်မြို့တော် ning ဆိုဒ်ကို ၀င်မယ်ဆို ၀င်လို့မရရင် ဘယ်လိုလုပ်ရပါ့ ဖြစ်နေမှာစိုးလို့ ကျော်ခွဖို့ proxy နံပါတ်လေးနဲ့ ဘယ်နေရာမှာ proxy နံပါတ်လေးထည့်ရတယ်ဆိုတာကို ဖော်ပြပေးတာပါ ( မှတ်ချက် ။ ။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်နော် သိပြီးသားသူတွေအတွက်လဲ proxy အသစ်လေး များရှိခဲ့ရင် ထပ်လောင်းဖော်ပြပေးပါလို့ )


အဆင့် ( 1 ) ။ ။ ning ဆိုဒ်တွေဖွင့်တဲ့အခါ အောက်မှာဖော်ပြထားတဲ့ပုံလိုမျိုး Network Error များပြခဲ့ရင် အောက်မှာဆက်လက် ဖော်ပြပေးမယ့် ပုံလေးတွေထဲကအတိုင်း proxy ထည့်ပြီး ကျော်ခွဖွင့်ကြည့်ပါ ။





အဆင့် ( 2 ) ။ ။ Menu Bar မှာ ရှိတဲ့ Tools ဆိုတာလေးကို တစ်ချက် click နှိပ်ပြီး အောက်မှာကျလာတဲ့ box လေးရဲ့ အောက်ဆုံးက Options ဆိုတာလေးကို ရွေးချယ် click နှိပ်ပေးပါ ။



အဆင့် ( 3 ) ။ ။ ဒီ Box လေးကျလာပါလိမ့်မယ်





အဆင့် ( 4 ) ။ ။ ကျလာပြီဆိုရင် ပုံမှာပြထားတဲ့အတိုင်း Advanced ဆိုတာလေးကို click တစ်ချက်နှိပ်ဝင်လိုက်ပါ ။


အဆင့် ( 5 ) ။ ။ နောက်တစ်ဆင့်အနေနဲ့ Advanced ထဲကို ၀င်ပြီးပြီဆိုတော့ ပုံမှာပြထားတဲ့အတိုင်း Network ဆိုတာထဲက Settings ဆိုတာလေးကို click တစ်ချက်နှိပ်ပြီးဝင်လိုက်ပါ ။



အဆင့် ( ၆ ) ။ ။ ဒီလို box လေးတစ်ခု ထပ်မံပေါ်ထွက်လာပါလိမ့်မယ် ။ ဘာဆက်လုပ်ရမယ်ဆိုတာ အဆင့် ( ၇ ) မှာဆက်ကြည့်မယ်နော် ။




အဆင့် ( ၇ ) ။ ။ ဘာလုပ်မလဲဆိုတော့ အနီရောင် ဘောင်ခက်ထားတဲ့ Manual proxy configuration ဆိုတဲ့ စာတန်းလေးရဲ့ေ၇ှက အ၀ိုင်းလေးကို click တစ်ချက်နှိပ်ပါ. ထို့နောက် HTTP Proxy ဆိုတဲ့ စကားလုံးလေးနောက်က အပြာရောင် ဘောင်ခက်ထားတဲ့ နေရာထဲမှာ ( 212.116.220.164 ) ဆိုတဲ့ ဂဏန်းလေးတွေ ရိုက်ထဲ့ပါ အဲ့ဒါပြီးတဲ့နောက် Port ဆိုတဲ့ စကားလုံးလေးနောက်က အစိမ်းရောင် ဘောင်ခက်ထဲထားတဲ့နေရာထဲမှာ ( 443 ) ဆိုတဲ့ ဂဏန်းကိုရိုက်ထဲ့ပါ ပြီးရင် အောက်က အနက်ရောင် ဘောင်ခက်ထားတဲ့နေရာလေးကို အမှန်ခြစ်လေးပေါ်လာအောင် click တစ်ချက်နှိပ်ပေးပါ .. ( ပြည့်စုံသွားပါပြီ ) နောက်ဆုံး 0K Button လေးတွေကိုသာ အဆက်မပြတ်နှိပ်ပြီး ပြန်ထွက်လိုက်ပါ ပြီးရင်တော့ ကိုယ်ဝင်ချင်တဲ့ ning ဆိုဒ်လိပ်စာကိုရိုက်ထည့်ပြီး ပြန်ဝင်ကြည့်ပါ လွယ်ကူပါလိမ့်မယ် ( လိုအပ်တာများရှိရင် လဲ သည်းခံခွင့်လွှတ်ပေးစေချင်ပါတယ် )



No comments:

Post a Comment