Tuesday, July 6, 2010

Gmail password recovery

အီးမေးလ်ကိုမဖြစ်မနေ သုံးစွဲနေရသူတွေအတွက် မိမိတို့ရဲ့အီးမေးလ်လုံခြုံမှုရှိဖို့
အင်မတန်မှပဲလိုအပ်လှပါတယ်။ မိမိရဲ့ပတ်စ်ဝေါ့မေ့သွားလို့ပဲဖြစ်ဖြစ်၊ သူတပါးကအပိုင်သိမ်း
သွားလို့ပဲဖြစ်ဖြစ်၊ မည်သို့ပင်ဖြစ်စေပိုင်ရှင်အစစ် တစ်ယောက်အနေနဲ့မိမိရဲ့အီးမေးလ်အကောင့်ကို
ဂူဂယ်လ်ကသတ်မှတ်ထားတဲ့အတိုင်း လိုက်လုပ်ရုံနဲ့တင် ပြန်လည်ရယူပိုင်ဆိုင်နိုင်ပါတယ်
ပထမဦးဆုံးမိမိဝင်နေကျ ပတ်စ်ဝေါ့နဲ့ဝင်လို့မရတာသေချာသွားပြီဆိုရင်လော့အင်ဝင်တဲ့စာမျက်နှာ
မှာပဲ Cannot access your account? ဆိုတဲ့လင့်လေးကိုကလစ်လိုက်ပါ။
အောက်ပါစာမျက်နှာကိုရောက်သွားမှာပါ။ အဲဒီမှာပဲ I forgot my password ရှေ့ကရေဒီယိုဘောက်စ်
အ၀ိုင်းလေးမှာ Tip ပေးလိုက်ပြီး Password recovery page ဆိုတဲ့ Highlight ဖြစ်နေတဲ့လင့်လေး
ကိုကလစ်ပေးလိုက်ပါ။

အောက်ပါပုံအတိုင်းတည်ရှိနေသောစာမျက်နှာသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ထို့နောက်တွေ့ရသောကွက်လပ်ထဲတွင်ဂူဂယ်လ်ကညွှန်ကြားထားသည့်အတိုင်း
မိမိ၏ပတ်စ်ဝေါ့ပျောက်ဆုံးသွားသည့် အကောင့်၏သုံးစွဲသူအမည်
( ဥပမာ... lucid@gmail.com ဆိုလျှင် lucid သည်သုံးစွဲသူအမည်ဖြစ်ပါတယ်။ )
အားဖြည့်စွက်ပေးလိုက်ပြီး submit button လေးကိုကလစ်လုပ်ပေးလိုက်ပါ။

အထက်ပါပုံအတိုင်း လုပ်ဆောင်ပြီးလျှင် အောက်ပါပုံအတိုင်းမြင်ရမည့်
ဝဘ်စာမျက်နှာသို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ပုံထဲတွင်တွေ့ရ သည့်
အတိုင်းကွက်လပ်ထဲသို့ မိမိမြင်နေရမည့် စာလုံးတွေကိုဖြည့်စွက်၍
Submit ခလုတ်လေးကိုကလစ်ရမည်ဖြစ်သည်။

ထိုရောအခါမိမိအကောင့်စဖွင့် တုန်းက secondary email ထည့်ထားပါက
ထို secondary email သို့ဂူဂယ်လ်မှ အောက်ပါပုံအတိုင်း reset password
လင့်အားပို့ပေးလိုက်မည်ဖြစ်ပါသည်။၎င်းလင့်အားတိုက်ရိုက်ကလစ်၍သက်
ဆိုင်ရာဝဘ်စာမျက်နှာသို့သွားရောက်ပြီး

အောက်ပါပုံအတိုင်းမိမိ အလိုရှိသည့်ပတ်စ်ဝေါ့အသစ်ကို ဖြည့်စွက်ပါ။
ထို့နောက်ထိုပတ်စ်ဝေါ့အသစ်ကိုပင် ဒုတိယကွက်လပ်ထဲသို့ ထပ်မံဖြည့်
သွင်းပြီး Reset password ခလုတ်ကိုနှိပ်ပေးလိုက်ပါက မိမိလိုအပ်သည့်
ပတ်စ်ဝေါ့အသစ်နှင့် မူလအကောင့်အားပြန်လည်၍ အသုံးပြုလို့ရပြီဖြစ်
ပါသည်။

ဤနေရာတွင် မိမိ၏ပတ်စ်ဝေါ့ပျောက်ဆုံးသွားသည့် အကောင့်တွင် secondary email
မရှိသည့်သူများဖြစ်ပါကအထက်တွင်ဖော်ပြခဲ့သည့် နံပါတ် ၃ ပုံအတိုင်း
စာလုံးလေးများကိုကွက်လပ်တွင်းသို့ ထည့်သွင်းပြီး submit လုပ်လိုက်ပါက
အောက်ပုံပါအတိုင်းဝဘ်စာမျက်နှာ သို့ရောက်ရှိသွားမည်ဖြစ်ပြီး
Highlight ဖြစ်နေသော this form ဆိုသည့်လင့်လေးအားကလစ်
လုပ်ရမည်ဖြစ်ပြီး၎င်း၏ သက်ဆိုင်ရာလင့်သို့သွားရပါမည်။

ယခုအခါမိမိအနေဖြင့် ဂူဂယ်လ်မှမိမိကဲ့သို့ ပြသနာကြုံတွေ့ရမည့်
သူများ၊ တနည်းအားဖြင့်ပတ်စ်ဝေါ့ပျောက်ဆုံး/မေ့လျော့၍
secondary email ပါမရှိသည့်သူများအတွက် မိမိတို့၏မူပိုင်အကောင့်
အားပြန်လည်ရယူနိုင်ရန်ဖန်တီး ဖြေရှင်းပေးထားသည့် Form လေး
အားဖြည့်စွက်၍ submit ခလုတ်ကိုနှိပ်လိုက်သည်နှင့် ဂူဂယ်လ်မှ
၎င်းဖောင်တွင်သင်ဖြည့်လိုက်သည့် (သင့်အားဂူဂယ်လ်မှ Reset password
လင့်အားဆက်သွယ်ပို့ပေးနိုင်ရန်) အီးမေးလ်လိပ်စာသို့သင့်အနေနှင့်
ပတ်စ်ဝေါ့အသစ်ပြုလုပ်ရန်လင့်အားပို့ပေးလိုက်မည်ဖြစ်ပါသည်။
အထူးသတိပြုရမည်မှာ အောက်ပါဖောင်ထဲသို့ သက်ဆိုင်သည့်
အချက်အလက်များကို ဖြည့်စွက်တော့မည်ဆိုလျှင် သင့်အနေနှင့်
သင်၏ပတ်စ်ဝေါ့ပျောက်ဆုံးသွားသည့် အကောင့်အားမကြာခဏ
အသုံးပြုသည့်ကွန်ပျုတာမှ ဖြစ်လျှင်အကောင်းဆုံးဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ဂူဂယ်လ်အနေနှင့်ဤဖောင်အား ဖြည့်စွက်
၍ဂူဂယ်လ်အားဆက်သွယ်လာသည့် သူသည်ပိုင်ရှင်အစစ်အမှန်
ဖြစ်နိုင်သည်ဟုရာခိုင်နုန်း များများပိုသေချာသွားစေ သောကြောင့်
ဖြစ်ပါသည်။ ထိုကဲ့သို့မဟုတ်ပါက၎င်းဖောင်ထဲတွင် ဖြည့်စွက်သမျှ
အစစအရာရာမှန်ကန်နေမှ သင့်အားပိုင်ရှင်အစစ်အမှန်အဖြစ်
ဂူဂယ်လ်မှယုံကြည်စိတ်ချ၍ reset password လင့်အားပေးလာမည်
ဖြစ်သည်။၎င်းတို့ ဂူဂယ်အနေဖြင့်သံသယရှိလျှင် ၎င်းအကောင့်အား
အပြီးအပိုင်ဖျက်သိမ်း ပစ်လိုက်ဖို့ရာနုနုးပိုများသောကြောင့်ဖြစ်သည်။
အကယ်၍ သုံးစွဲနေကြကွန်ပျူတာမှဆိုလျှင် ဖောင်ထဲတွင်မမှတ်မိသည့်
အရာများအားမဖြည့်စွက်ပဲ နေလျှင်တောင်မှမိမိအကောင့်အား
မိမိပြန်ရနိုင်ဖို့အခွှင့်အရေးများပါသည်။

အထက်ပါပို့စ်အား Firefox browser နှင့်ပြုလုပ်မှတသဝေမတိမ်း
တူညီစွာတွေ့ရမည်ဖြစ်ပါသည်။အကယ်၍သင်သည် Internet explorer
နှင့်ပြုလုပ်လျှင်တော့အနဲငယ်ကွဲပြားပါသည်။သို့ရာတွင်လုပ်ပုံလုပ်နည်းမှာ
ကွာခြားမည်မဟုတ်ပါ။




( အထက်ပါပုံအတိုင်း လုပ်ဆောင်ပြီးလျှင် အောက်ပါပုံအတိုင်းမြင်ရမည့်
ဝဘ်စာမျက်နှာသို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ပုံထဲတွင်တွေ့ရ သည့်
အတိုင်းကွက်လပ်ထဲသို့ မိမိမြင်နေရမည့် စာလုံးတွေကိုဖြည့်စွက်၍
Submit ခလုတ်လေးကိုကလစ်ရမည်ဖြစ်သည်။
after that what i have to do,

No comments:

Post a Comment