Monday, July 5, 2010

လွယ်ကူသော PDF ဖိုင်ပြောင်းနည်း

ဖိုင်တစ်ခုကို pdf ဖိုင်တစ်ခုအဖြစ်အရေးပေါ်ပြောင်း
ဖို့ လိုအပ်နေသူများအတွက် လျင်လျင်မြန်မြန်
အသုံးတည့်မယ့် free pdf file ပြောင်းတဲပ software ကိုရယူနိုင်ဖို့ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်
ဒီ software ကို free download လုပ်ယူလို့ရပါတယ်
ဒါ့အပြင် ကိုယ်ပို့လိုက်တဲ့ E-mail မှာပါတဲ့စာတွေရဲ့ font တွေမပေါ်လို့ ၊ဟိုတစ်ဖက်ကလူ ဖတ်မရဘူးလို့
အကြောင်းပြန်လာတဲ့အခါ ကိုယ့်ဖိုင်ကို pdf ပြောင်းပေးလိုက်တာဟာ အသုံးတည့်စေမယ့် နည်းတစ်ခုပါ
အဲဒါက ကိုယ်ကစာကို ဘာ font နဲ့ပဲဖြစ်ဖြစ်ရေးနိုင်ပြီး အားလုံးပြီးရင် pdf ဖိုင်ပြောင်းပစ်လိုက်ပြီးမှ pdf ဖိုင်ကို
Attach လုပ်ပြီးပို့တဲ့နည်းပါ ။ ဒါဆိုရင် ဖိုဖက်ကလူမှာ font မရှိမှာ စိတ်မပူရပဲပို့လို့ရပါပြီ
အဲဒီလို file ကို pdf ပြောင်းဖို့ကတော့ အောက်ပါအဆင့်လေးတွေအတိုင်းလုပ်ကြည့်လိုက်ပါ
1 ။ ဒါကတော့ကူးရမဲ့ download လင့်လေးပါ
http://www.dopdf.com/download.php

2။ ကိုယ်ကြိုက်တဲ့နေရာမှ save ပြီး file ကို run လိုက်ရင် ကိုယ့်စက်ထဲမှာ pdf software ရလာပါပြီ

3။ File တစ်ခုခုကို pdf ဖိုင်ပြောင်းမယ်ဆိုရင်တော့ file ကိုဖွင့်ပြီး Print ( Ctrl + P ) ပြီးရင် Printer name ထဲက
dopdf v 7 ကိုရွေးပြီး OK ပေးလိုက်ရင် အဆင်ပြေပါပြီ

အခု dopdf နဲ့ဖိုင်တွေကိုပြောင်းရတာ တချို့ pdf maker တွေနဲ့ပြောင်းရတာထက် ပိုပြီးအဆင်ပြေလွယ်ကူပါတယ်

No comments:

Post a Comment